[Zawgyi]

၂၀၁၉ ရဲ႕ တတိယသုံးလပတ္ဆိုင္ရာ ဘ႑ာေရးအစီရင္ခံစာေတြထြက္လာေတာ့ Apple ဟာ စမတ္ဖုန္း တင္ပို႔ေရာင္းခ်မႈမွာ တိုးတက္မႈမရွိခဲ့ဘဲ အနည္းငယ္ဆုတ္ယုတ္တဲ့လကၡဏာကို ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း အေမရိကန္အေျခစိုက္ ကုမၸဏီႀကီးဟာ စမတ္နာရီ ေဈးကြက္မွာေတာ့ ၿပိဳင္ဘက္ေတြကို ျပတ္ျပတ္သားသား အႏိုင္ယူထားႏိုင္တာပဲ ျဖစ္ပါတယ္။

Strategy Analytics ရဲ႕ အခ်က္အလက္သစ္ေတြအရ Apple ရဲ႕ ၂၀၁၉ တတိယသုံးလပတ္ စမတ္နာရီတင္ပို႔ေရာင္းခ်မႈဟာ ၄၂ ရာခိုင္ႏႈန္း တိုးတက္မ်ားျပားလာတာကို ေတြ႕ရပါတယ္။ ထုတ္လုပ္မႈနယ္အားလုံးကို ၿခဳံၾကည့္မယ္ဆိုရင္ ဒီပမာဏဟာ ၿပီးခဲ့တဲ့ႏွစ္ ကာလတူတုန္းက ရာခိုင္ႏႈန္းနဲ႔ အတူတူပဲ ျဖစ္ပါတယ္။

Apple ရဲ႕ စမတ္နာရီေတြဟာ တတိယသုံးလပတ္ကာလအတြင္းမွာ အလုံးေရ ၆.၈ သန္း ေရာင္းခ်ခဲ့ရရၿပီး ၂၀၁၈ ခုႏွစ္တတိယကာလပတ္အတြင္းမွာေတာ့ အလုံးေရ ၄.၅ သန္းသာ ေရာင္းခ်ခဲ့ရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တင္ပို႔ေရာင္းခ်မႈတိုးတက္ႏႈန္း အတူတူပဲဆိုေပမယ့္ ေရာင္းခ်ရတဲ့ အလုံးေရကေတာ့ သိသိသာသာ တိုးတက္လာခဲ့တာပါ။

ႏွစ္စဥ္တိုးတက္မႈႏႈန္းအျဖစ္ ၾကည့္မယ္ဆိုရင္ Apple ရဲ႕ တိုးတက္မႈႏႈန္းဟာ ထုတ္လုပ္မႈနယ္ပယ္အတြင္း ပ်မ္းမွ်အားျဖင့္ ၅၁ ရာခိုင္ႏႈန္း တိုးတက္သြားတာလည္း ျဖစ္ပါတယ္။ အျခားတစ္ဘက္က ၾကည့္မယ္ဆိုရင္ေတာ့ Apple ရဲ႕ စမတ္နာရီေဈးကြက္ေဝစုဟာ ၿပီးခဲ့တဲ့ႏွစ္က ၄၅ ရာခိုင္ႏႈန္းရွိေနခဲ့ရာကေန ဒီႏွစ္မွာ ၄၇.၉ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာတာပဲ ျဖစ္ပါတယ္။

Apple စမတ္နာရီအတြက္ အနီးကပ္ဆုံး ၿပိဳင္ဘက္ျဖစ္တဲ့ Samsung ကေတာ့ ၂၀၁၉ တတိယသုံးလပတ္အတြင္း အလုံးေရေပါင္း ၁.၉ သန္းတင္ပို႔ေရာင္းခ်ခဲ့ရပါတယ္။ ဒီပမာဏကလည္း ၿပီးခဲ့တဲ့ႏွစ္က တင္ပို႔ေရာင္းခ်ခဲ့တဲ့ ၁.၁ သန္းဆိုတဲ့ ပမာဏရဲ႕ ႏွစ္ဆနီပါး ျဖစ္ခဲ့တာပါ။ ဒါေၾကာင့္ ကမာၻ႔ စမတ္နာရီေဈးကြက္ဟာ ဒီႏွစ္မွာလည္း အရွိန္အဟုန္ျပင္းျပင္းနဲ႔ က်ယ္ျပန႔္လာတယ္လို႔ ဆိုႏိုင္ပါတယ္။

Ref: 9To5Mac

[Unicode]

စမတ်ဖုန်းတင်ပို့ရောင်းချမှုမှာ တတိယနေရာဖြစ်ပေမယ့် စမတ်နာရီဈေးကွက်မှာတော့ ပြတ်ပြတ်သားသားဦးဆောင်နေတဲ့ Apple

၂၀၁၉ ရဲ့ တတိယသုံးလပတ်ဆိုင်ရာ ဘဏ္ဍာရေးအစီရင်ခံစာတွေထွက်လာတော့ Apple ဟာ စမတ်ဖုန်း တင်ပို့ရောင်းချမှုမှာ တိုးတက်မှုမရှိခဲ့ဘဲ အနည်းငယ်ဆုတ်ယုတ်တဲ့လက္ခဏာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးဟာ စမတ်နာရီ ဈေးကွက်မှာတော့ ပြိုင်ဘက်တွေကို ပြတ်ပြတ်သားသား အနိုင်ယူထားနိုင်တာပဲ ဖြစ်ပါတယ်။

Strategy Analytics ရဲ့ အချက်အလက်သစ်တွေအရ Apple ရဲ့ ၂၀၁၉ တတိယသုံးလပတ် စမတ်နာရီတင်ပို့ရောင်းချမှုဟာ ၄၂ ရာခိုင်နှုန်း တိုးတက်များပြားလာတာကို တွေ့ရပါတယ်။ ထုတ်လုပ်မှုနယ်အားလုံးကို ခြုံကြည့်မယ်ဆိုရင် ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ် ကာလတူတုန်းက ရာခိုင်နှုန်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Apple ရဲ့ စမတ်နာရီတွေဟာ တတိယသုံးလပတ်ကာလအတွင်းမှာ အလုံးရေ ၆.၈ သန်း ရောင်းချခဲ့ရရပြီး ၂၀၁၈ ခုနှစ်တတိယကာလပတ်အတွင်းမှာတော့ အလုံးရေ ၄.၅ သန်းသာ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် တင်ပို့ရောင်းချမှုတိုးတက်နှုန်း အတူတူပဲဆိုပေမယ့် ရောင်းချရတဲ့ အလုံးရေကတော့ သိသိသာသာ တိုးတက်လာခဲ့တာပါ။

နှစ်စဉ်တိုးတက်မှုနှုန်းအဖြစ် ကြည့်မယ်ဆိုရင် Apple ရဲ့ တိုးတက်မှုနှုန်းဟာ ထုတ်လုပ်မှုနယ်ပယ်အတွင်း ပျမ်းမျှအားဖြင့် ၅၁ ရာခိုင်နှုန်း တိုးတက်သွားတာလည်း ဖြစ်ပါတယ်။ အခြားတစ်ဘက်က ကြည့်မယ်ဆိုရင်တော့ Apple ရဲ့ စမတ်နာရီဈေးကွက်ဝေစုဟာ ပြီးခဲ့တဲ့နှစ်က ၄၅ ရာခိုင်နှုန်းရှိနေခဲ့ရာကနေ ဒီနှစ်မှာ ၄၇.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာတာပဲ ဖြစ်ပါတယ်။

Apple စမတ်နာရီအတွက် အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ Samsung ကတော့ ၂၀၁၉ တတိယသုံးလပတ်အတွင်း အလုံးရေပေါင်း ၁.၉ သန်းတင်ပို့ရောင်းချခဲ့ရပါတယ်။ ဒီပမာဏကလည်း ပြီးခဲ့တဲ့နှစ်က တင်ပို့ရောင်းချခဲ့တဲ့ ၁.၁ သန်းဆိုတဲ့ ပမာဏရဲ့ နှစ်ဆနီပါး ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကမ္ဘာ့ စမတ်နာရီဈေးကွက်ဟာ ဒီနှစ်မှာလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျယ်ပြန့်လာတယ်လို့ ဆိုနိုင်ပါတယ်။

Ref: 9To5Mac