Apple Watch ဟာ လူ့အသက်တွေကို ကယ်တင်ခဲ့တဲ့ သတင်းတွေ အရင်က ကြားခဲ့ရပြီးပါပြီ။ အခုလည်း အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ရဲ့ ကင်ဆာရောဂါကို Apple Watch ကြောင့် စောစောစီးစီး တွေ့ရှိကာ အသက် ကယ်တင်ပေးလိုက်ပြန်ပါတယ်။ (Apple Watch ဟာ ကင်ဆာရောဂါ ရှိ၊ မရှိကို တိုက်ရိုက်ပေမယ့် နှလုံးခုန်နှုန်း မူမမှန်တာကိုတော့ တိုက်ရိုက် သိနိုင်ပါတယ်။)

Teen's Apple Watch may have saved her life - CBS News

အသက် ၁၂ နှစ်အရွယ် Imani Miles နဲ့ မိခင် Jessica Kitchen တို့ဟာ Apple Watch ရဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့ စွမ်းရည်ဟာ အလွန် စွမ်းရည်မြင့်မားတယ်ဆိုတာ တွေ့ရှိသွားကြပါတယ်။ Kitchen က “ Imani ရဲ့ Apple Watch ဟာ နှလုံးခုန်နှုန်း မြင့်မားနေတာကို သတိပေးလာပါတယ်။ အရင်က ဒါမျိုး မဖြစ်ဖူးတဲ့အတွက် ထူးဆန်းနေပါတယ်။ “ လို့ ပြောပါတယ်။

Apple Watch Saves Man's Life After A Near-Fatal Fall In The Bathroom

Apple Watch က ဆက်တိုက် သတိပေးနေတဲ့အတွက် Kitchen ဟာ သမီးကို ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။ ဆရာဝန်တွေက စစ်ဆေးမှု ပြုလုပ်ပြီးနောက် အူအတက်ကို ခွဲစိပ်ပေးခဲ့ကြပါတယ်။ ဆရာဝန်တွေက အူအတက်မှာ အကြိတ်ရှိနေတာကို တွေ့ခဲ့ပြီး ကလေးငယ်တွေမှာ ဒီလို အကြိတ်ရှိတာ ရှားပါးပါတယ်။ နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါ ကင်ဆာဟာ Imani ရဲ့ တခြား ကိုယ်ခန္တာ အစိတ်အပိုင်းတွေကို ပျံ့နှံ့နေတာ တွေ့ခဲ့ရပါတယ်။ အဲဒီအတွက် ဆရာဝန်တွေက နောက်ထပ် ခွဲစိပ်မှု ပြုလုပ်ကာ ကင်ဆာကို ဖယ်ရှားခဲ့ပြီး အခုတော့ Imani မှာ ကင်ဆာ ပျောက်ကင်းသွားပါပြီ။

ဒစ်ဂျစ်တယ် ကျန်းမာရေး ပညာရှင် Joao Bocas က ဒါဟာ Wearable တွေက လူသားတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ရာမှာ အဓိက ကျတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာကို သက်သေပြနေတာလို့ ပြောပါတယ်။

Ref : gizchina