Apple Watch ဟာ လူ့ အသက်တွေကို ကယ်တင်နေတဲ့ သတင်းများစွာ ကြားသိခဲ့ရပြီးပါပြီ။ Apple Watch မှာ အမြင့်က ပြုတ်ကျတာ၊ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာပေးနိုင်တာအပြင် အခြား ကျန်းမာရေး စောင့်ရှောက်တဲ့လုပ်ဆောင်ချက်များစွာ ထည့်သွင်းထားပါတယ်။ အခုတော့ Reddit User ၁ ယောက်က သူ့ရဲ့ Apple Watch Series 7 ရဲ့ နှလုံးခုန်နှုန်း တိုင်းတာတဲ့ လုပ်ဆောင်ချက်ဟာ သူ့အသက်ကို ကယ်တင်လိုက်တဲ့ အကြောင်းပြောပြလာပါတယ်။

Apple Watch

သူက နေ့လည်ဖက် တစ်ရေးအိပ်နေတဲ့အချိန်မှာ Apple Watch က မူမမှန်တဲ့ ဖြစ်စဉ်တွေကို သိရှိခဲ့ပြီး သွေးခုန်နှုန်း ပုံမှန် မဟုတ်တဲ့ အကြောင်း Notification များစွာ ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ Apple Watch နဲ့ iPhone ကို Do Not Disturb လုပ်ထားတဲ့အတွက် မသိခဲ့ပါဘူး။

Apple reveals Apple Watch Series 7, featuring the largest, most advanced display - Apple

ဒါပေမယ့် သူဟာ အိပ်ရာနိုးခဲ့ပြီးနောက်မှာ Notification တွေကို တွေ့ခဲ့ပြီး Video Call ကနေ ဆရာဝန် ၁ ယောက်နဲ့ ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက်မှာ သူဟာ အရေးပေါ် ဆေးရုံတင်ကားကို ခေါ်ခဲ့ပြီး ဆေးရုံရောက်တဲ့အခါမှာ ခန္တာကိုယ်တွင်း သွေးထွက်နေတာကို သိခဲ့ရပါတယ်။

လက်ရှိ စမတ် Wearable တွေဟာ ခန္တာကိုယ်တွင်း သွေးထွက်တာကို တိုက်ရိုက် မသိနိုင်ပေမယ့် ခန္တာကိုယ်တွင်းမှာ မူမမှန်တဲ့ ဖြစ်စဉ်တွေကို သိနိုင်ပါတယ်။ အခု ဖြစ်ရပ်မှာတော့ သွေးခုန်နှုန်း ရုတ်တရက် မြင့်လာတာကို သိရှိခဲ့တာပါ။

Ref : gizmochina