Apple Watch ဟာ လူ့အသက်တွေကို ကယ်တင်လိုက်တဲ့ သတင်းများစွာ ကြားခဲ့ဖူးပြီးပါပြီ။ အခုလည်း နောက်ထပ် အသက် ၁ ချောင်းကို ကယ်တင်လိုက်ပြန်ပြီ ဖြစ်ပြီး ဒီ ၁ ခါမှာတော့ အိန္ဒိယက သွား ဆရာဝန် ၁ ယောက် ဖြစ်ပါတယ်။

Apple Watch Series 5

Apple Watch ရဲ့ ECG လုပ်ဆောင်ချက်က သွား ဆရာဝန်ရဲ့ အသက်ကို ကယ်တင်လိုက်တာပါ။ ဖြစ်ပုံက ဒီလိုပါ။ အိန္ဒိယနိုင်ငံ ဟာရာနာက Nitesh Chopra အမည်ရ သွား ဆရာဝန်ဟာ ရင်ဘတ်မှာ မသက်မသာ ဖြစ်နေတဲ့အတွက် Apple Watch Series 6 ရဲ့ ECG လုပ်ဆောင်ချက်နဲ့ စမ်းသပ်ခဲ့ပါတယ်။ ECG Scan ရလဒ်က ဆရာဝန် ၁ ယောက်ထံ သွားပြဖို့ လမ်းညွှန်ခဲ့ပါတယ်။

Apple Watch SE: The ultimate combination of design, function, and value - Apple

အဲဒီနောက် သူဟာ ဆေးခန်းသွားပြီး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တဲ့အခါ သွေးကြောပိတ်နေတာကို သိခဲ့ရပါတယ်။ ဒါဟာ အသက်သေစေနိုင်တဲ့ အခြေအနေ ဖြစ်ပြီး ကုသမှုတွေ ချက်ချင်း လုပ်ဆောင်ခဲ့လို့ အသက်ချမ်းသာခဲ့ပါတယ်။ ဆေးခန်းက ECG ရလဒ်ဟာ Apple Watch ရဲ့ ရလဒ်နဲ့ လုံးဝ တူညီနေတာ တွေ့ခဲ့ရပါတယ်။

ဒီလို အသက် အန္တရာယ်ရှိတဲ့ အခြေအနေကို စောစောစီးစီး သိရှိခဲ့တာဟာ တော်တော် အရေးကြီးပါတယ်။ Nitesh က အဲဒီအတွက် Apple Watch ကိုဖန်တီးပေးထားတဲ့ Apple ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ သူဟာ Apple Watch ကို ဖက်ရှင် အနေနဲ့ ဝတ်ဆင်နေတာ ဖြစ်ပြီး တနေ့ သူ့အသက်ကို ကယ်တင်လိမ့်မယ်ဆိုတာ ထင်တောင် မထင်ထားခဲ့ဘူးလို့ ပြောပါတယ်။

Nitesh ရဲ့ အမျိုးသမီးက ခင်ပွန်းရဲ့ အသက်ကို ကယ်တင်ပေးလိုက်တဲ့အတွက် Apple CEO Tim Cook ထံ ကျေးဇူးတင်ကြောင်း အီးမေး ပို့ခဲ့ပါတယ်။ Cook က ဝမ်းသာကျေနပ်မိတယ်လို့ တုန့်ပြန်ခဲ့ပြီး ဒီ ဖြစ်ရပ်ကို Apple နဲ့ မျှဝေတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

Ref : gizmochina