Apple ဟာ မကြာခင်ကပဲ Watch Series 7 ကို ကြေညာခဲ့ပြီး အခုတော့ Bloomberg က သတင်းအရ Apple ဟာ နောက်နှစ်မှာ Watch SE 2 ကို ကြေညာမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ အားကစားသမားတွေအတွက် ရည်ရွယ်ထားတဲ့ အကြမ်းခံတဲ့ မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။

apple-watch-series-7-featured

Apple ဟာ အဲဒီ စမတ်နာရီတွေအပြင် ပုံမှန်အတိုင်း Apple Watch Series 8 ကိုပါ နောက်နှစ်မှာ ကြေညာမှာ ဖြစ်ပြီး အဲဒီ စမတ်နာရီတွေမှာတော့ စွမ်းရည်မြင့် လုပ်ဆောင်ချက်တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Apple ဟာ တန်ဖိုးနည်း စမတ်နာရီ လိုချင်သူတွေအတွက် Watch SE ကို ၂၀၂၀ ခုနှစ်မှာ ထုတ်လုပ်ရောင်းချခဲ့ပြီး Watch SE 2 ကိုတော့ နောက်နှစ်မှာ ကြေညာမှာပါ။ Watch SE  ရဲ့ ဒီဇိုင်းဟာ သာမာန် Apple Watch မော်ဒယ်တွေနဲ့ တူညီပေမယ့် Always-on Display , Blood Oxygen Sensor နဲ့ ECG Function တို့လို အဆင့်မြင့် လုပ်ဆောင်ချက်တွေ မပါပါဘူး။

Apple Watch SE: Should You Buy One? Everything You Need to Know

Watch SE 2 မှာ ပါလာမယ့် လုပ်ဆောင်ချက်တွေကို မသိရသေးပါဘူး။ ဒီဇိုင်းကို အနည်းငယ် ပြောင်းလဲထားနိုင်ပြီး ကျန်းမာရေးနဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက် အသစ် တချို့ ပါလာနိုင်ပါတယ်။

Apple ဟာ Watch SE 2 ရဲ့ အကြမ်းခံတဲ့ မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေပြီး အားကစားသမားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အကြမ်းခံတဲ့ ဒီဇိုင်း ဖန်တီးထားနိုင်ပြီး ခြစ်ရာနဲ့ အမြင့်က ပြုတ်ကျတာ ခံနိုင်တဲ့ Case တပ်ဆင်ထားနိုင်ပါတယ်။

Ref : gizmochina