Apple ကနေ လာမယ့် စက်တင်လာလ ၁၂ ရက်နေ့မှာ လူတိုင်းမျှော်လင့်နေကြတဲ့ iPhone အသစ်တွေကို မိတ်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ iPhone အသစ်တွေနဲ့အတူ မိတ်ဆက်သွားဦးမယ့် Apple Watch Series 4 အကြောင်း သတင်းတွေနဲ့ ပုံရိပ်တွေထွက်ပေါ်လာပြီဖြစ်ပါတယ်။

အခု Apple Watch Series 4 ရဲ့ ဓါတ်ပုံကိုတော့ 9to5Mac ကနေ ဖော်ပြခဲ့တာဖြစ်ပြီး အခု ဓါတ်ပုံအရ Apple ဟာ Series 4 မှာလည်း ဒီဇိုင်းပိုင်းကို အဓိကပြောင်းလဲသွားတာမျိုးလုပ်မှာမဟုတ်ဘဲ ကိုယ်ထည်အရွယ်အစားကလည်း တူတူပဲဖြစ်မယ်ဆိုတာကို မြင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Apple Watch Series 4 မှာ အကြီးမားဆုံး အပြောင်းအလဲတစ်ခုရှိနေပါသေးတယ်။

Source : 9to5Mac

အဲ့ဒီပြောင်းလဲမှုကတော့ Display ပိုင်းပဲဖြစ်ပြီးတော့ Apple ဟာ လာမယ့် Apple Watch Series 4 မှာ Display ကို နာရီရဲ့ ဘေးဘောင်အပြည့်နေရာယူလာမယ့်အတွက် ကိုယ်ထည်တူတူပဲဖြစ်ပေမယ့် Display က ပိုကြီးလာမှာပါ။ အခု Display ဟာ ယခင်ကထက် ၁၅ ရာခိုင်နှုန်းအထက်ကို ပိုကြီးလာမယ်လို့ လည်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Apple Watch Series 4 ဟာ ပြောင်းလဲမှုအကြီးအမားရှိလာမှာဖြစ်တဲ့အတွက် လောလောဆယ်မှာတော့ Apple Watch ကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် စောင့်ဆိုင်းသင့်မှာပါ။ ကိုယ်ထည်တူတူပဲကို Display Size ပိုကြီးသွားမယ့် Apple Watch Series 4