Apple ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ Watch Series 7 ကို ကြေညာခဲ့ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ ကြိုတင်မှာယူခွင့်ပေးခဲ့ပါတယ်။ အခုတော့ Apple က ထုတ်လုပ်မှု အခက်အခဲတွေကြောင့် ပို့ဆောင်ပေးမယ့် နေ့ကို ဒီဇင်ဘာလအတွင်း  နောက်ဆုတ်လိုက်ပြီး တချို့ တန်ဖိုးမြင့် မော်ဒယ်တွေကို လက်ရှိမှာ မရောင်းပေးသေးဘူးလို့ ကြေညာထားပါတယ်။

apple-watch-series-7-featured

၈၉၉ ဒေါ်လာတန် မော်ဒယ်တွေကို လက်ရှိမှာ မရသေးဘူးလို့ သိရပါတယ်။ အဲဒီ မော်ဒယ်တွေမှာ Silver Titanium နဲ့ တည်ဆောက်ထားပြီး သားရေ လက်ပတ်ကြိုးပါပါတယ်။ နောက် မော်ဒယ် ၁ ခုမှာ Black Titanium နဲ့ တည်ဆောက်ထားပြီး ဆီလီကွန် လက်ပတ်ကြိုး တပ်ဆင်ထားပါတယ်။

Comment: Here's why the Apple Watch Series 7 is still a notable upgrade for  many users - 9to5Mac

Apple ဟာ iPhone 13 Series အတွက်လည်း ပို့ဆောင်မှု ပြဿနာတွေ ရင်ဆိုင်နေရပြီး တချို့မော်ဒယ်တွေကို နိုဝင်ဘာလသို့ နောက်ဆုတ်ခဲ့ပါတယ်။ မကြာခင် ကျရောက်တော့မယ့် အားလပ်ရက် ရာသီ အမှီ Apple က ပို့ဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

လေ့လာဆန်းစစ်သူတွေက Apple ဟာ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း ဝင်ငွေ ဒေါ်လာ ၁၂၀ ဘီလီယမ် ရရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအတိုင်းသာ ဖြစ်လာမယ်ဆိုရင် အရင်နှစ်ကထက် ၇ ရာခိုင်နှုန်း တိုးတက်လာမှာပါ။

Apple Watch Series 7 ရဲ့ Sensor နဲ့ Processor တွေက အရင်မျိုးဆက်နဲ့တူပေမယ့် နောက်ဆုံးထုတ် watchOS 8 ထည့်သွင်းထားပါတယ်။ အရမ်းကောင်းတဲ့ လုပ်ဆောင်ချက်များစွာ ပါလာပြီး Algorithm ပိုကောင်းလာပါတယ်။ Black, Blue, Gold, Red နဲ့ Dark Grey အရောင် ၅ မျိုး ထုတ်လုပ်ထားပါတယ်။

Watch Face အသစ်များစွာ ပါလာပြီး IP6X ရေစိုခံ စံနှုန်း ထည့်သွင်းထားပါတယ်။ သာမာန် သုံးရင် ၁၈ နာရီအထိ အသုံးခံတယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။ USB-C Port ကနေ အားသွင်းရမှာ ဖြစ်ပြီး ၈ မိနစ် အားသွင်းရင် ၈ နာရီ အသုံးခံတယ်လို့ Apple က ပြောပါတယ်။

Ref : gizmochina