ပြီးခဲ့တဲ့ စက်တင်ဘာအစောပိုင်းတုန်းက California Streaming event အတွင်းမှာ Apple Watch Series 7 ကို မိတ်ဆက်ပေးခဲ့ပေမဲ့လည်း Pre-orders တွေလည်း လုပ်လို့မရသေးသလို ဘယ်အချိန်စတင်ရောင်းချမယ်ဆိုတာကိုလည်း မသိခဲ့ကြရပါဘူး။ ဒီပွဲမကျင်းပခင်တုန်းကလည်း Bloomberg ရဲ့ Mark Gurman က ဖြန့်ချိမှုပိုင်းမှာ ကြန့်ကြာနိုင်သလို၊ ရောင်းချမှုပိုင်းမှာလည်း အကန့်အသတ်နဲ့သာ ဖြစ်နိုင်တယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့ဖူးပါတယ်။

ဒီလိုမျိုးကြန့်ကြာနေရတဲ့အကြောင်းရင်းဟာ Apple Watch Series 7 ရဲ့ ကြိုတင်ပေါက်ကြားခဲ့တဲ့ Flat-edge ဒီဇိုင်းနဲ့ဆက်စပ်မှုရှိနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ Flat-edge ဒီဇိုင်းက လာမဲ့နှစ် Apple Watch Series 8 တွေမှာ တွေ့မြင်ရမယ်လို့လည်း သတင်းထွက်ထားတာပါ။ တစ်ဖက်မှာတော့ Apple Watch သစ်ဟာ ကောလာဟလဖြစ်နေတဲ့ Flat-edge ဒီဇိုင်း မပါဝင်တဲ့အပြင် Health-related feature သစ်တွေလည်း ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

နာမည်ကျော် Tipster Joh Prosser ကတော့ Apple Watch Series 7 ကို အောက်တိုဘာလလယ်မှာ ဖြန့်ချိမယ်လို့ ဆိုပါတယ်။ Prosser ကတော့ ဒီသတင်းဟာတိကျခိုင်မာတဲ့ ရင်းမြစ်တွေဆီကနေ ရရှိတာဖြစ်ပြီး လာမဲ့ရက်သတ္တပတ်ထဲမှာ Pre-order တွေ စတင်လက်ခံတော့မယ်လို့လည်း အခိုင်အမာပြောပါတယ်။ California Streaming event မှာ Apple ပြောခဲ့တာကလည်း Watch Series 7 ကို ဒီဆောင်းဦးရာသီမှာ ဖြန့်ချိမှာဖြစ်တဲ့အတွက် အချိန်ကာလအားဖြင့် အောက်တိုဘာ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်ကြားဖြစ်ပါတယ်။

Apple ရဲ့ လုပ်ငန်းမိတ်ဆက် Hermes ကလည်း Prosser ရဲ့ ရင်းမြစ်တစ်ခုနဲ့ သဘောတူညီမှုရခဲ့တဲ့နောက် Apple Watch ကို အောက်တိုဘာလ ၈ ရက်နေ့ကစတင်ပြီး ကြိုတင်မှာယူမှုပြုလုပ်နိုင်မယ်လို့ ဝယ်ယူသူတစ်ဦးကို ပြောခဲ့ပါတယ်။ ဒီတော့ Prosser နဲ့ သူ့ရဲ့သတင်းရင်းမြစ်တွေသာ မှန်ကန်ခဲ့မယ်ဆိုရင် Apple Watch Series 7 ကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဖြန့်ချိရောင်းချမှာ ဖြစ်ပါတယ်။

Ref: Phone Arena