အခုအချိန်မှာတော့ Bloomberg Media က Mark Gurman ကနေ ခန့်မှန်းချက်တစ်ခုကို ပြောကြားခဲ့ပါတယ်။

ဒါကတော့ Apple ရဲ့ Smartwatch အသစ်ဖြစ်လာမယ့် Apple Watch Series 7 အကြောင်းပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Apple ဟာ Watch Series 7 ထုတ်လုပ်တဲ့နေရာမှာ အခက်အခဲရှိနေတာကြောင့် iPhone 13 Series နဲ့အတူ မိတ်ဆက်နိုင်မှာမဟုတ်တော့ဘဲ Delayed ဖြစ်သွားမယ်လို့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Mark Gurman ကနေ Apple ဟာ iPhone 13 Series နဲ့အတူ Apple Watch Series 7 ကို ကျိန်းသေမိတ်ဆက်မှာဖြစ်တယ်ဆိုပြီး ပြန်လည်ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထုတ်လုပ်မှုမှာ အခက်အခဲရှိနေတာ မှန်ကန်တာကြောင့် ရောင်းချတဲ့အချိန်က နှောင့်နှေးတာ သို့မဟုတ် အရေအတွက်အနည်းငယ်ပဲ ရောင်းချနိုင်ဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Apple Watch Series 7 ဟာ iPhone တွေလိုမျိုးပဲ Flat Design ကို ပြောင်းလဲထားမှာဖြစ်ပြီး Size အနေနဲ့ကတော့ 41mm နဲ့ 45mm ဆိုပြီး ၂ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။ Feature ပိုင်းအနေနဲ့ကတော့ အသစ်အဆန်းပါဝင်လာဦးမှာမဟုတ်ဘဲ Design နဲ့ Display ကိုပဲ အာရုံစိုက်ထားမှာဖြစ်ပါတယ်။

Ref – 9to5Mac