Cupertino အခြေစိုက်ကုမ္ပဏီကြီးဟာ SE အသစ်နဲ့ အကြမ်းခံတဲ့မော်ဒယ်အပါအဝင် Apple Watch မော်ဒယ်သုံးမျိုးကို ပထမဆုံးအကြိမ်အဖြစ် ဒီဆောင်းဦးရာသီ (စက်တင်ဘာ−နိုဝင်ဘာ) အတွင်း ပွဲထုတ်လာမယ်လို့ ကောလာဟလ ထွက်ပေါ်လာပါတယ်။

ဒီနှစ်ဟာ Apple Watch တွေအတွက် အကြီးကြီးမျှော်လင့်လို့ရနိုင်တဲ့ နှစ်တစ်နှစ်ဖြစ်တယ်ဆိုတဲ့ ကောလာဟလလည်း ရှိနေတာကြောင့် ဒီသတင်းနဲ့အတူ အခုထွက်ပေါ်လာတဲ့ Concept render တွေကလည်း Apple Watch Series 8 အတွက် ပိုပြီးတော့ ရင်ခုန်ချင်စရာ ဖြစ်နေပါတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် Official render မဟုတ်ဘဲ Concept render ဆိုတာကိုတော့ မမေ့သင့်ပါဘူး။

ဒီဇိုင်နာ @ld_vova ဟာ Squared-off screen နဲ့ ခေတ်မီပုံစံနဲ့ Apple Watch S8 ပုံစံတွေကို မျှဝေထားပါတယ်။ လက်ပေါ်မှာပတ်ထားရင် သက်သောင့်သက်သာအံဝင်ခွင်ကျဖြစ်စေနိုင်မဲ့ ရှိပြီးသားကြိုးတွေနဲ့အတူ လိုက်ဖက်ပြည့်စုံတဲ့ ဒီဇိုင်းအမြင်ကို ဖန်တီးထားတာလည်း တွေ့မြင်ရပါတယ်။

လက်ရှိရောင်းချနေတဲ့ Apple Watch Series 7 နဲ့နှိုင်းယှဉ်ရင် အကြီးမားဆုံးကွာခြားချက်လို့ဆိုရမှာက Concept render ဟာ မျက်နှာပြင်ဖန်သားဟာ Curved ကနေ လုံးဝကို Flat ဖြစ်သွားတဲ့ ပုံစံမျိုးဖြစ်နေတာပါပဲ။ တကယ်ပဲ ပြောင်းလဲသွားမလားဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပါ။

မျက်နှာပြင်ဘောင်တွေဟာ ပိုပြီးပါးသွားပုံရတယ်လို့ ထင်ရအောင် သရုပ်ဖော်ထားပါတယ်။ Render အတိုင်းအမှန်တကယ်ဖြစ်လာရင်တော့ Apple Watch S8 ဟာ အကောင်းဆုံး Screen-to-body အချိုးရှိတဲ့ နာရီတွေထဲက တစ်ခုဖြစ်လာပါလိမ့်မယ်။ ကနဦးထွက်ထားတဲ့ Concept render တွေနဲ့မတူတဲ့ အောက်ခြေဒီဇိုင်းကိုလည်း တွေ့မြင်ရပါတယ်။

ဒီ Concept render မှာတော့ နာရီရဲ့အောက်ခြေဟာ လုံးဝန်းပြေပြစ်တဲ့ပုံစံဖြစ်ပုံရပြီး ဝတ်ဆင်ရာမှာ သက်သောင့်သက်သာဖြစ်စေမယ်လို့ ယုံကြည်ရပါတယ်။ ဘယ်ဘက်က Loudspeaker ကတော့ သိသိသာသာ ကြီးတဲ့အပေါက်တွေနဲ့ဖြစ်လာတာကို တွေ့ရပါတယ်။ ညာဘက်ခြမ်းမှာတော့ မြင်နေကြအတိုင်း Digital crown နဲ့ Button ကို တွေ့မြင်ရပါတယ်။

Sensor ပိုင်းမှာတော့ Apple Watch Series 8 မှာ အများကြီးပြောင်းလဲသွားမယ်လို့ မမျှော်လင့်ထားသင့်ပါဘူး။ Heart rate နဲ့ Blood oxygen အနေအထားကို တိုင်းတာနိုင်မှာဖြစ်ပေမဲ့ ကောလာဟလထွက်ထားတဲ့ Temperature, blood sugar နဲ့ Blood pressure တိုင်းတာမှုတွေကို ပြုလုပ်နိုင်ခြင်း ရှိမရှိပြောဖို့ရာ ခိုင်မာတဲ့ အထောက်အထား မတွေ့ရသေးပါဘူး။

Ref: Phone Arena