Apple Watch Series 8 ကို နောက်နှစ် စက်တင်ဘာလ မတိုင်ခင် ကြေညာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ စမတ်နာရီရဲ့ သတင်းတွေ အခုကတည်းက အင်တာနက်မှာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ Watch Series 8 ကို အရွယ်အစား ၃ မျိုး ထုတ်လုပ်ပေးထားမယ်လို့ ပြီးခဲ့တဲ့ လက သတင်းထွက်လာခဲ့ပြီး အခုတော့ Watch Series 8 ရဲ့ ဓါတ်ပုံ ပေါက်ကြားလာတဲ့အတွက် ဒီဇိုင်းကို  လေ့လာလို့ရလာပါတယ်။

Apple Watch Series 8's leaked render shows it won't come with a design overhaul

အဲဒီ ဓါတ်ပုံဟာ ပေါက်ကြားလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံကာ ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပြီး ဓါတ်ပုံအရ Watch Series 8 ရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်ထက် များစွာ ထူးခြားဆန်းသစ်ထားတာ မရှိပါဘူး။

သိသာထင်ရှားတဲ့ ပြောင်းလဲမှု ၁ ခုက Watch Series 8 မှာ စပီကာ အပေါက် ၁ ခုအစား ၂ ခု ထည့်သွင်းထားပါတယ်။ ဓါတ်ပုံက အရောင်ကတော့ ကြံရာကျပန်း ရေးဆွဲထားတာ ဖြစ်ပြီး တကယ်ထွက်လာချင်မှ ထွက်လာမှာပါ။ iPad Air မှာလို Light Green အရောင်ကို Watch Series 8 အတွက် ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Apple Watch Series 8 News: Everything We Think We Know So Far

ဓါတ်ပုံအရ Apple ဟာ နောက်မျိုးဆက် စမတ်နာရီအတွက် ဒီဇိုင်း  အဟောင်းကို ပြန်လည် အသုံးပြုထားပြီး လုပ်ဆောင်ချက် အသစ်တွေ ပါလာမယ်လို့သတင်း ပေါက်ကြားနေပါတယ်။

Watch Series 8 ကို ကြေညာဖို့ အချိန်အများကြီးလိုသေးတဲ့အတွက် အခု သတင်းဟာ ရာနှုန်းပြည့် မှန်ကန်မယ်လို့ မပြောနိုင်သေးပါဘူး။ Apple က မိတ်ဆက်ပွဲမှာ ဒီဇိုင်းအသစ်နဲ့ အံ့အားသင့်အောင် ပြုလုပ်ကောင်းပြုလုပ်နိုင်ပါတယ်။ Watch Series 7 တုန်းကလည်း အရင်မော်ဒယ်တွေရဲ့ လုံးဝန်းတဲ့ ထောင့်စွန်းတွေအစား ပြားချပ်တဲ့ ထောင့်စွန်းတွေနဲ့ ထွက်လာမယ်ဆိုပြီး သတင်းတွ ထွက်ခဲ့ပါသေးတယ်။

Ref : gsmarena