Samsung နဲ့ Google တို့ကို 2020 Olympics sponsors, partners, suppliers စတဲ့ ခေါင်းစဉ်တွေအောက်မှာတွေ့ရပေမဲ့ Apple ကိုတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ Cupertino အခြေစိုက် နည်းပညာကုမ္ပဏီကြီးက ဒီလိုမျိုးအားကစားပွဲတွေနဲ့ လုံးဝမပတ်သက်တာတော့မဟုတ်ပါဘူး။

Apple ဟာ နိုင်ငံပေါင်း ၂၂ နိုင်ငံကို ကိုယ်စားပြုတဲ့ Apple Watch Sport Loop Bands တွေကို ထုတ်လုပ်ရောင်းချပြီလို့ ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ ဒီ “International Collection” Loop Bands တွေဟာ 40mm နဲ့ 44mm အရွယ်အစားတွေဖြစ်ကြပြီး $49.99 (၈သောင်းဝန်းကျင်) နဲ့ စတင်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

၃၂ ကြိမ်မြောက် နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၀၀ ထက်မနည်း ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိပေမဲ့ Apple ကတော့ သူ့ရဲ့ Loop Bands တွေကို ၂၂ နိုင်ငံအတွက်ပဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Loop Bands ကို “limited-edition” လို့ နာမည်တပ်ရမလို ဖြစ်နေပါတယ်။ Loop Bands ဝယ်ယူထားသူတွေကတော့ လိုက်ဖက်ညီမဲ့ Watch face တွေကို Download ရယူနိုင်တယ်လို့လည်း သိရပါတယ်။

Loop Bands အဖြစ်ထုတ်လုပ်ရောင်းချထားတဲ့ ကိုယ်စားပြုနိုင်ငံတွေကတော့ Australia, Belgium, Brazil, Canada, China, Denmark, France, Germany, Great Britain, Greece, Italy, Jamaica, Japan, Mexico, the Netherlands, New Zealand, Russia, South Africa, South Korea, Spain, Sweden နဲ့ United States တို့ပဲ ဖြစ်ပါတယ်။

Ref: Macrumors