Apple ဟာ စမတ်နာရီတွေအတွက် လုပ်ဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးဖို့ စီစဉ်နေပါတယ်။ ကုမ္ပဏီက Apple Watch အတွက် ဂြိုလ်တု ဆက်သွယ်မှု လုပ်ဆောင်ချက်နဲ့အတူ Emergency Texting နဲ့ SOS Response ကို ထည့်သွင်းပေးမှာပါ။

Apple Watch International Sport Loop Collection featured

Bloomberg ရဲ့ သတင်းအရ Apple ဟာ Emergency လုပ်ဆောင်ချက်တွေကို Apple Watch မှာ ရအောင် ကြိုးစားနေပါတယ်။ ဂြိုလ်တု ဆက်သွယ်မှုကို iPhone 13 Series မှာ ထည့်သွင်းပေးမယ်လို့ သတင်းထွက်ခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး။ အခုတော့ iPhone 14 Series မှာ ပါလာမယ်လို့သတင်းထွက်နေတဲ့အတွက် Carrier Network မလိုဘဲ ဂြိုလ်တု Network ကနေ စာတိုတွေ ပေးပို့နိုင်မှာပါ။

Buy Apple Watch Series 7 - Apple

Apple က အရေးပေါ် အခြေအနေတွေမှာ ဆက်သွယ်လို့ရမယ့် နည်းလမ်း ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနေတာပါ။ Apple ရဲ့ အစီအစဉ်မှာ အစိတ်အပိုင်း ၂ ခု ပါပြီး ပထမ ၁ ခုက “Emergency Message via Contacts” ဖြစ်ပါတယ်။ ဒီ လုပ်ဆောင်ချက်က ဆယ်လ်လူလာ ဆက်သွယ်မှု မရတဲ့ တည်နေရာတွေမှာ စာတိုတွေ ပေးပို့နိုင်မှာပါ။ အဲဒီ စနစ် အသစ်ဟာ Messages App ထဲမှာ အညိုရောင် Bubbles အနေနဲ့ ပေါ်နေမှာပါ။

ဒုတိယ အစိတ်အပိုင်းက မတော်တဆ ဖြစ်ရပ်တွေကို သတင်းပို့နိုင်မှာဖြစ်ပြီး ကား၊ မော်တော်ဘုတ်၊ လေယာဉ် စတာတွေ ပါဝင်ပါတယ်။ ဒီလုပ်ဆောင်ချက်မှာ လူ ၁ ယောက် အမြင့်ကနေ ပြုတ်ကျတာ၊ သင်္ဘောနစ်တာ စတဲ့ သတင်းအချက်အလက် အသေးစိတ်ကို ထည့်သွင်းသတင်းပို့နိုင်မှာပါ။ Apple က ဒီလုပ်ဆောင်ချက်တွေကို အတည်မပြုသေးတဲ့အတွက် ဆက်လက် စောင့်ကြည့်ရမှာပါ။

Ref : gizmochina