Apple က နာမည်ကြီးနေတဲ့ Watch Ultra ကိုကြေညာလိုက်ပြီး တခြား Apple Watch တွေနဲ့ ဒီဇိုင်း ကွဲပြားနေပါတယ်။ ကြီးမားတဲ့ ၄၉ မီလီမီတာ ကိုယ်ထည် တပ်ဆင်ထားပြီး Apple Watch အားလုံးထဲမှာ အကြီးဆုံးနဲ့ အတောက်ပဆုံး မျက်နှာပြင် ပါပါတယ်။

Apple Watch Ultra has 49mm display for $799, Watch Series 8 and new SE also official

ကိုယ်ထည်ကို တိုက်တေနီယမ်နဲ့ တည်ဆောက်ထားပြီး မျက်နှာပြင်ကို ပြားချပ်တဲ့ Sapphire Crystal Cover နဲ့ ဖုံးအုပ်ထားပါတယ်။ Apple က 2,000 nits Brightness အထိ ထောက်ပံ့တယ်လို့ ပြောထားပါတယ်။ Apple က အရွယ်ပိုကြီးတဲ့ မျက်နှာပြင်အတွက် အထူး  Watchface အသစ် ၁ မျိူး ဖန်တီးပေးထားပါတယ်။

Apple Watch Ultra has 49mm display for $799, Watch Series 8 and new SE also official

နာရီရဲ့ ဘယ်ဘက်မှာ စပီကာ အပို ၁ လုံး တပ်ဆင်ထားပြီး အရေးပေါ် အခြေအနေမှာ 86-decibel အသံကို ထုတ်ပေးနိုင်ပါတယ်။ လိမ္မော်ရောင် Action ခလုတ် အသစ် ၁ ခု တပ်ဆင်ထားပြီး Workouts, Compass Wayponts နဲ့ Backtrack တွေကို လျှင်မြန်စွာ သုံးဖို့ Customize လုပ်နိုင်ပါတယ်။

Apple Watch Ultra has 49mm display for $799, Watch Series 8 and new SE also official

ညာဘက်မှာ Home နဲ့ Digital Crown တွေကို ထုံးစံအတိုင်း တပ်ဆင်ထားပြီး Crown ရဲ့ အချင်းက ပိုကြီးလာပါတယ်။ မိုက်ကရိုဖုန်း ၃ လုံး တပ်ဆင်ထားပြီး Apple က လေအရမ်းတိုက်တဲ့ အခြေအနေမှာတောင် သင့် အသံကို ကြားရတယ်လို့ ပြောပါတယ်။

Watch Ultra ဟာ ဘက်ထရီ သက်တမ်း ကောင်းမွန်ပြီး Always-on Display ၊ Automatic Workout နဲ့ Heart Rate ဖွင့်ထားကာ  သာမာန် သုံးရင် ၃၆ နာရီနဲ့ Ultra Low Power Mode ကို သုံးရင် ၆၀ နာရီ အသုံးခံပါတယ်။

မာကျောမှုအပိုင်းမှာ အနှုတ် ၂၀ ဒီဂရီ စင်တီဂရိတ်နဲ့ အမြင့်ဆုံး ၅၅ ဒီဂရီ စင်တီဂရိတ်အတွင်း သုံးနိုင်ပြီး  MIL-STD-810H စံနှုန်း ထောက်ပံ့ထားပါတယ်။ ရေအောက်ထဲမှာ သုံးနိုင်ပြီး တုန်ခါမှုနဲ့ ထိခိုက်မှုတွေကို ခံနိုင်ပါတယ်။ ဒိုင်ဗင်ထိုးတဲ့ သူတွေလည်း ဝတ်ဆင်နိုင်ပါတယ်။

Trail Loop, Alpine Loop နဲ့  Ocean Band လက်ပတ်ကြိုးတွေ ထုတ်လုပ်ထားပြီး GPS နဲ့ ဆယ်လူလာ ဆက်သွယ်မှုတွေ ပါပါတယ်။ ၇၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မှာယူနိုင်ပြီ ဖြစ်ကာ စက်တင်ဘာလ ၂၃ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena