Apple ကနေ လာမယ့်ဇွန်လအစောပိုင်းမှာ WWDC Event ကို ပြုလုပ်သွားဖို့ရှိနေပါတယ်။ အဆိုပါ Event မှာ Apple iDevice တွေအတွက် iOS 14 ကိုပါ မိတ်ဆက်သွားဖို့ရှိနေပြီးတော့ အခုလည်း iOS 14 မှာပါဝင်လာနိုင်တဲ့ Feature တစ်ခုရဲ့ သတင်းပေါက်ကြားခဲ့ပြန်ပါတယ်။

ဒါကတော့ Apple ကနေ iOS App Store မှာရှိတဲ့ App တွေကို Install ပြုလုပ်စရာမလိုအပ်ပဲ စမ်းသပ်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။ အခုသတင်းကို 9to5Mac ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ အသုံးပြုသူတွေအနေနဲ့ App ရဲ့ Feature နဲ့ Function တွေကို QR Code Scan ဖတ်တာ ဒါမှမဟုတ် Link ကနေတစ်ဆင့် စမ်းသပ်ကြည့်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး စမ်းသပ်လို့ရနိုင်ဖို့အတွက် App ရဲ့ အစိတ်အပိုင်းအနည်းငယ်ကိုတော့ iOS 14 ကနေ Download ရယူမှာဖြစ်ပြီး File Size အကုန်လုံးကို Download ပြုလုပ်စရာမလိုအပ်ဘဲ စမ်းသပ်အသုံးပြုနိုင်မှာပါ။ ဒါကိုတော့ Clips လို့ နာမည်ပေးထားတဲ့ API တစ်ခုကနေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Google ကနေ Play Store မှာလည်း Download ပြုလုပ်စရာမလိုအပ်ဘဲ စမ်းသပ်အသုံးပြုနိုင်တဲ့ Instant App Feature ကို ထုတ်ပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် Apple ရဲ့ iOS 14 မှာ ပါဝင်လာမယ့် Feature ကတော့ Google နဲ့မတူညီဘဲ အလုပ်လုပ်တဲ့ပုံစံကွာခြားလာဖို့များနေပါတယ်။

Ref – Giz China