[Zawgyi]

Apple က ဒီလ ၁၀ ရက္ေန႔မွာ iPhone 11 Event ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Apple က iPhone အသစ္ မိတ္ဆက္ပြဲေတြကို သူ႔ရဲ႕၀က္ဘ္ဆိုက္နဲ႔ ပလက္ေဖာင္းေတြမွာသာ တိုက္ရုိက္ ထုတ္လႊင့္ေလ့ရွိၿပီး ဒီႏွစ္မွာေတာ့ Google ရဲ႕ YouTube ပလက္ေဖာင္းမွာ ပထမဆံုးအႀကိမ္ တိုက္ရိုက္ ထုတ္လႊင့္မွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကလည္း Apple ဟာ iPhone မိတ္ဆက္ပြဲကို Twitter မွာ တိုက္ရိုက္ ထုတ္လႊင့္ခဲ့ပါတယ္။

Windows 10 Users ေတြဟာ Microsoft Edge Browser ကေန iPhone မိတ္ဆက္ပြဲကို ၂၀၁၅ ခုႏွစ္က စတင္ ၾကည့္ရႈႏိုင္ခဲ့ပါတယ္။ Apple ဟာ ဒတ္စေတာ့မွာ Safari နဲ႔ Edge မွာသာ ထုတ္ကုန္မိတ္ဆက္ပြဲေတြကို ျပသေလ့ရွိခဲ့ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ႏွစ္မွာေတာ့ WWDC ကို Chrome နဲ႔ Firefox မွာလည္း ျပသေပးခဲ့ပါတယ္။

ဒီႏွစ္မွာ iPhone 11 Model ၃ မ်ိဳးထြက္လာႏုိင္ပါတယ္။  iPhone 11 မွာ စိတ္၀င္စားစရာေကာင္းတဲ့ စြမ္းရည္ အသစ္တစ္ခု ပါလာႏုိင္ပါတယ္။ Citi Research ရဲ႕ ေလ့လာဆန္းစစ္သူေတြက ေနာက္မ်ိဳးဆက္ iPhone ေတြမွာ Apple Pencil သံုးႏိုင္မယ္လို႔ ေျပာထားပါတယ္။ Apple Pencil ကို စတင္ ထုတ္လုပ္တဲ့ အခ်ိန္ကတည္းက iPads ေတြမွာသာ သံုးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ iPhones ေတြမွာပါ သံုးႏိုင္ေတာ့မယ္လုိ႔ ထင္ပါတယ္။

Citi Research က Apple ဟာ ဒီႏွစ္မွာ ေရာင္းေစ်း ပံုစံကို ေျပာင္းမွာ မဟုတ္ဘူးလို႔ ေျပာထားပါတယ္။ iPhone XS ရဲ႕ မ်ိဳးဆက္ကို ၉၉၉ ေဒၚလာ၊ iPhone XS Max ရဲ႕ မ်ိဳးဆက္ကို ေဒၚလာ ၁၀၉၉ နဲ႔အထက္ သတ္မွတ္ထားႏုိင္ပါတယ္။ XR ရဲ႕ မ်ိဳးဆက္ကေတာ့ ၇၄၉ ေဒၚလာ က်သင့္ႏုိင္ပါတယ္။ ျမန္မာေငြအားျဖင့္ ၁၅ သိန္း၊ ၁၆ သိန္းနဲ႔ ၁၁ သိန္းေက်ာ္ေလာက္ အသီးသီး တန္ေၾကးရွိႏုိင္ပါတယ္။

Ref : theverge

[Unicode]

Apple က YouTube မှာ iPhone 11 Event ကို ပထမဆုံး အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်မည်

Apple က ဒီလ ၁၀ ရက်နေ့မှာ iPhone 11 Event ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Apple က iPhone အသစ် မိတ်ဆက်ပွဲတွေကို သူ့ရဲ့ဝက်ဘ်ဆိုက်နဲ့ ပလက်ဖောင်းတွေမှာသာ တိုက်ရိုက် ထုတ်လွှင့်လေ့ရှိပြီး ဒီနှစ်မှာတော့ Google ရဲ့ YouTube ပလက်ဖောင်းမှာ ပထမဆုံးအကြိမ် တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း Apple ဟာ iPhone မိတ်ဆက်ပွဲကို Twitter မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။

Windows 10 Users တွေဟာ Microsoft Edge Browser ကနေ iPhone မိတ်ဆက်ပွဲကို ၂၀၁၅ ခုနှစ်က စတင် ကြည့်ရှုနိုင်ခဲ့ပါတယ်။ Apple ဟာ ဒတ်စတော့မှာ Safari နဲ့ Edge မှာသာ ထုတ်ကုန်မိတ်ဆက်ပွဲတွေကို ပြသလေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်မှာတော့ WWDC ကို Chrome နဲ့ Firefox မှာလည်း ပြသပေးခဲ့ပါတယ်။

ဒီနှစ်မှာ iPhone 11 Model ၃ မျိုးထွက်လာနိုင်ပါတယ်။ iPhone 11 မှာ စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည် အသစ်တစ်ခု ပါလာနိုင်ပါတယ်။ Citi Research ရဲ့ လေ့လာဆန်းစစ်သူတွေက နောက်မျိုးဆက် iPhone တွေမှာ Apple Pencil သုံးနိုင်မယ်လို့ ပြောထားပါတယ်။ Apple Pencil ကို စတင် ထုတ်လုပ်တဲ့ အချိန်ကတည်းက iPads တွေမှာသာ သုံးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ iPhones တွေမှာပါ သုံးနိုင်တော့မယ်လို့ ထင်ပါတယ်။

Citi Research က Apple ဟာ ဒီနှစ်မှာ ရောင်းဈေး ပုံစံကို ပြောင်းမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ iPhone XS ရဲ့ မျိုးဆက်ကို ၉၉၉ ဒေါ်လာ၊ iPhone XS Max ရဲ့ မျိုးဆက်ကို ဒေါ်လာ ၁၀၉၉ နဲ့အထက် သတ်မှတ်ထားနိုင်ပါတယ်။ XR ရဲ့ မျိုးဆက်ကတော့ ၇၄၉ ဒေါ်လာ ကျသင့်နိုင်ပါတယ်။ မြန်မာငွေအားဖြင့် ၁၅ သိန်း၊ ၁၆ သိန်းနဲ့ ၁၁ သိန်းကျော်လောက် အသီးသီး တန်ကြေးရှိနိုင်ပါတယ်။

Ref : theverge