[Unicode]

Apple ရဲ့ Pencil ဟာ iPad နဲ့အတူ လူကြိုက်များရေပန်းစားတဲ့ အသုံးအဆောင်တစ်ခုလို့ ဆိုရမှာပါ။ Pencil ဟာ Double-tap လို အခြေခံ Gesture အပါအဝင် iPad အတွက် အသုံးတည့်တဲ့ထောက်ပံ့မှုတွေလည်း ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Apple ရဲ့ Pencil ဟာ အသစ်ထွက်လာချိန်မှာ ပိုပြီးတော့ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာဖွယ်ရှိနေပါတယ်။

အမေရိကန် မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ရုံးကတစ်ဆင့် ထွက်ပေါ်လာတဲ့သတင်းအရ  လာမယ့်မျိုးဆက်သစ် Apple Pencil မှာ ပိုပြီးအဆင့်မြင့်တဲ့ လုပ်ဆောင်ချက်တွေပါလာမယ်လို့ သိရပါတယ်။ Pencil သစ်ဟာ ပိုပြီးတော့ လိုက်လျောညီထွေရှိတဲ့ ပုံစံလည်း ဖြစ်လာပါလိမ့်မယ်။

Pencil ရဲ့ ထိတွေ့အာရုံခံမှုဧရိယာဟာ အသုံးပြုသူရဲ့ လက်ချောင်းတွေ နေရာချမှုပေါ်မူတည်ပြီး Gestures အမျိုးမျိုးကို အသိအမှတ်ပြု တုံ့ပြန်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ဒီ Gesture တွေထဲမှာ Swiping Gesture လည်း တစ်ခုအဖြစ် ပါဝင်ပါတယ်။

ဒါ့အပြင် Pencil ကိုလက်တစ်ဘက်က ကိုင်ထားပြီးအသုံးပြုနေချိန်မှာ အခြားတစ်ဘက်က iPad ရဲ့ မျက်နှာပြင်ကို ထိတွေ့ကိုင်တွယ်တဲ့အခါ ပြန်ပြီးတုံ့ပြန်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ Swipe နဲ့ Touch gesture တွေက Pen မှာပဲ သက်ရောက်နိုင်တာကြောင့် မျက်နှာပြင်တစ်ခုလုံးကို Pen နဲ့ပဲ ထိန်းချုပ်သွားနိုင်မယ်လို့လည်း ဖော်ပြထားပါတယ်။

နောက်ထပ်အဆင့်မြင့်နည်းပညာအဖြစ် Pencil မှာကင်မရာပါဝင်လာမှာဖြစ်သလို စက္ကူပေါ်မှာ ပုံဆွဲရတဲ့ခံစားချက်ကို တုပနိုင်တဲ့ အဆင့်မြင့် Haptic engine ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီဇိုင်းပိုင်းနဲ့ နည်းပညာပိုင်းမှာ အမြဲလိုဆန်းသစ်တဲ့ Apple ရဲ့ မျိုးဆက်သစ် Pencil ဟာ ဘယ်လိုပုံစံမျိုးနဲ့ထွက်လာမလဲဆိုတာက စိတ်ဝင်စားစရာကောင်းနေပါတော့တယ်။

Ref: GSM Arena

[Zawgyi]

Touch Gesture ေတြနဲ႔ ပိုအဆင့္ျမင့္လာမယ့္ Apple Pencil ကို မူပိုင္ခြင့္တင္ထားေၾကာင္းေတြ႕ရ

Apple ရဲ႕ Pencil ဟာ iPad နဲ႔အတူ လူႀကိဳက္မ်ားေရပန္းစားတဲ့ အသုံးအေဆာင္တစ္ခုလို႔ ဆိုရမွာပါ။ Pencil ဟာ Double-tap လို အေျခခံ Gesture အပါအဝင္ iPad အတြက္ အသုံးတည့္တဲ့ေထာက္ပံ့မႈေတြလည္း ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ Apple ရဲ႕ Pencil ဟာ အသစ္ထြက္လာခ်ိန္မွာ ပိုၿပီးေတာ့ေကာင္းမြန္တဲ့ လုပ္ေဆာင္ခ်က္ေတြ ပါဝင္လာဖြယ္ရွိေနပါတယ္။

အေမရိကန္ မူပိုင္ခြင့္နဲ႔ မွတ္ပုံတင္႐ုံးကတစ္ဆင့္ ထြက္ေပၚလာတဲ့သတင္းအရ လာမယ့္မ်ိဳးဆက္သစ္ Apple Pencil မွာ ပိုၿပီးအဆင့္ျမင့္တဲ့ လုပ္ေဆာင္ခ်က္ေတြပါလာမယ္လို႔ သိရပါတယ္။ Pencil သစ္ဟာ ပိုၿပီးေတာ့ လိုက္ေလ်ာညီေထြရွိတဲ့ ပုံစံလည္း ျဖစ္လာပါလိမ့္မယ္။

Pencil ရဲ႕ ထိေတြ႕အာ႐ုံခံမႈဧရိယာဟာ အသုံးျပဳသူရဲ႕ လက္ေခ်ာင္းေတြ ေနရာခ်မႈေပၚမူတည္ၿပီး Gestures အမ်ိဳးမ်ိဳးကို အသိအမွတ္ျပဳ တုံ႔ျပန္ႏိုင္စြမ္းရွိတယ္လို႔ သိရပါတယ္။ ဒီ Gesture ေတြထဲမွာ Swiping Gesture လည္း တစ္ခုအျဖစ္ ပါဝင္ပါတယ္။

ဒါ့အျပင္ Pencil ကိုလက္တစ္ဘက္က ကိုင္ထားၿပီးအသုံးျပဳေနခ်ိန္မွာ အျခားတစ္ဘက္က iPad ရဲ႕ မ်က္ႏွာျပင္ကို ထိေတြ႕ကိုင္တြယ္တဲ့အခါ ျပန္ၿပီးတုံ႔ျပန္မွာမဟုတ္ဘူးလို႔ ဆိုပါတယ္။ Swipe နဲ႔ Touch gesture ေတြက Pen မွာပဲ သက္ေရာက္ႏိုင္တာေၾကာင့္ မ်က္ႏွာျပင္တစ္ခုလုံးကို Pen နဲ႔ပဲ ထိန္းခ်ဳပ္သြားႏိုင္မယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ေနာက္ထပ္အဆင့္ျမင့္နည္းပညာအျဖစ္ Pencil မွာကင္မရာပါဝင္လာမွာျဖစ္သလို စကၠဴေပၚမွာ ပုံဆြဲရတဲ့ခံစားခ်က္ကို တုပႏိုင္တဲ့ အဆင့္ျမင့္ Haptic engine ပါဝင္လာမယ္လို႔ သိရပါတယ္။ ဒီဇိုင္းပိုင္းနဲ႔ နည္းပညာပိုင္းမွာ အၿမဲလိုဆန္းသစ္တဲ့ Apple ရဲ႕ မ်ိဳးဆက္သစ္ Pencil ဟာ ဘယ္လိုပုံစံမ်ိဳးနဲ႔ထြက္လာမလဲဆိုတာက စိတ္ဝင္စားစရာေကာင္းေနပါေတာ့တယ္။

Ref: GSM Arena