Apple ရဲ့ တနှစ်တုန်းက iPhone 7 နဲ့ iPhone 7 Plus စမတ်ဖုန်းတွေကို အနီရောင်အနေနဲ့ (PRODUCT) Red Version တွေထုတ်ခဲ့ဖူးတာကို မှတ်မိကြဦးမှာပါ။ အခုအချိန်မှာတော့ iPhone 8 နဲ့ 8 Plus ဖုန်းတွေကိုပါ အနီရောင်နဲ့ ရောင်းချတော့မယ့်ပုံပါပဲ။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Apple ကနေ (PRODUCT) Red iPhone 8 နဲ့ iPhone 8 Plus ဖုန်းတွေကို မနက်ဖြန် ဧပြီရယ်လ ၁၀ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ပြီး မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အခု သတင်းဟာ သေချာသလောက်ကိုဖြစ်နေပြီးတော့ ဧပြီလကုန်ပိုင်းလောက်မှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မတ်လတုန်းကလည်း iPhone 7 နဲ့ iPhone 7 Plus ကို (PRODUCT) Red အနီရောင်နဲ့ ထုတ်ပေးခဲ့တာဖြစ်ပြီးတော့ အဆိုပါ (PRODUCT) Red Apple Product တွေဟာ AIDS ရောဂါကို တိုက်ဖျက်တဲ့နေရာမှာ ငွေကြေးအသုံးပြုဖို့ ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး iPhone 8 နဲ့ iPhone 8 Plus ဖုန်းတွေကို အနီရောင်အနေနဲ့ ထုတ်လုပ်မယ်လို့ သတင်းတွေထွက်နေပေမယ့် iPhone X နဲ့ ပတ်သတ်ပြီးတော့ ဘာသတင်းမှမရရှိသေးဘူးပဲဖြစ်ပါတယ်။