Apple ကနေ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက AirPods တွေကို Vietnam နိုင်ငံမှာ စတင်စမ်းသပ်ထုတ်လုပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ Apple ဟာ တရုတ်နိုင်ငံကို မှီခိုမှုလျော့ချဖို့အတွက် Vietnam နိုင်ငံမှာ AirPods တွေကို ပြောင်းလဲထုတ်လုပ်သွားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

လက်ရှိသိရှိထားရတဲ့သတင်းတွေအရတော့ Apple ဟာ လက်ရှိထုတ်လုပ်နေတဲ့ AirPods တွေရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိကို Vietnam ကို ရွေ့ပြောင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုရွေ့ပြောင်းမှုဟာ ရာခိုင်နှုန်းအရကြည့်ရင်တော့ သိပ်ပြီးမများပေမယ့် AirPods ရောင်းအားက Wireless Earbuds တွေထဲမှာ အမြင့်ဆုံးဖြစ်နေတဲ့အတွက် အရေအတွက်အရတော့ တော်တော်လေးကို များပြားမှာဖြစ်ပါတယ်။

Apple ကနေ ထုတ်လုပ်တဲ့ Product တွေဟာ Apple ကိုယ်တိုင် Design ပြုလုပ်တာဖြစ်ပေမယ့် တပ်ဆင်မှုကိုတော့ တရုတ်နိုင်ငံတွင်းမှာရှိတဲ့ Foxconn စက်ရုံတွေမှာပဲပြုလုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် Apple အနေနဲ့ အခုလိုမျိုး Vietnam ဘက်ကို ပြောင်းလဲချင်တာက လက်ရှိ တရုတ်နဲ့ US အကြားဖြစ်ပွားနေတဲ့ Trade War ကြောင့် အခွန်တွေကို တိုးပြီးပေးဆောင်ရမှာကို ရှောင်လွှဲဖို့ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple AirPods တွေဟာ အခုဆိုရင် AirPods ၊ AirPods 2 နဲ့ AirPods Pro ဆိုပြီး ၃ မျိုးထွက်ရှိထားပြီးဖြစ်သလို မနှစ်တုန်းကလည်း အရေအတွက် ၆၅ သန်းနဲ့ စျေးကွက်ရှယ်ယာ ၅၀ ရာခိုင်နှုန်းခန့်ကို အပိုင်သိမ်းထားပြီးဖြစ်ပါတယ်။ ယခုနှစ်မှာလည်း AirPods Studio Headphone တွေကို မိတ်ဆက်ဦးမယ့်အပြင် AirPods စုစုပေါင်း အရေအတွက် သန်း ၁၀၀ ခန့်ရောင်းချရဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

Ref – Phone Arena