Zawgyi

Apple ကေန လက္ရွိ iPhone ေတြအကုန္လံုးနီးပါးကို ထုတ္လုပ္ေပးေနတဲ့ Foxconn Production Line ကို လက္ရွိ တရုတ္ႏုိင္ငံနဲ႔ ပတ္သတ္တဲ့ တားဆီးမႈေတြေၾကာင့္ အိႏၵိယလုိမ်ိဳး ႏုိင္ငံေတြမွာ ေရြ႕ေျပာင္းထုတ္လုပ္ဖုိ႔ စီစဥ္ေနတာျဖစ္ပါတယ္။ အခုအခ်ိန္မွာဆုိရင္လည္း Foxconn က India မွာ အခြဲအေနနဲ႔ ေျပာင္းလဲထုတ္လုပ္ေနတာအခ်ိန္တစ္ခုရွိေနျပီျဖစ္ျပီးေနာက္ပိုင္းမွာလည္း India-made iPhone ေတြက ပုိမ်ားျပားလာေတာ့မယ့္ပံုစံပါပဲ။

ဘာေၾကာင့္လဲဆုိရင္ ယခင္တုန္းက India မွာရွိတဲ့ Foxconn Production က ေစ်းသက္သာတဲ့ iPhone ေတြျဖစ္တဲ့ iPhone SE ၊ 6S နဲ႔ iPhone 7 ေတြကိုပဲထုတ္လုပ္ေနခဲ့တာျဖစ္ျပီး အခုအခ်ိန္မွာေတာ့ High-end iPhone ေတြကိုပါ ထုတ္လုပ္ေတာ့မွာေၾကာင့္ျဖစ္ပါတယ္။

Bureau of Indian Standards (BIS) ကေန အခုအခ်ိန္မွာ Foxconn ကို iPhone XR ကို ထုတ္လုပ္ဖုိ႔ကို ခြင့္ျပဳခ်က္ေပးလုိက္ျပီျဖစ္ျပီး ယခု India ႏိုင္ငံ Banglore ျပည္နယ္မွာရွိတဲ့ Foxconn Production Line ကလည္း iPhone XR ရဲ႕ Model နံပါတ္ျဖစ္တဲ့ A2105 ကို ထုတ္လုပ္ေနတယ္ဆုိတာ အတည္ျပဳေပးခဲ့တာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ India-made iPhone XR က လာမယ့္လပုိင္းမွာတင္ တရားဝင္ေရာင္းခ်လာႏုိင္ပါတယ္။

Apple ဟာ ျပီးခဲ့တဲ့ ဧျပီလတုန္းက စတင္ျပီးေတာ့ iPhone 7 ဖုန္းေတြကို India မွာ စတင္ထုတ္လုပ္ခဲ့တာျဖစ္ျပီးေတာ့ ေမလတုန္းကလည္း India မွာထုတ္လုပ္တဲ့ iPhone 6S ကို Made in India Campaign အေနနဲ႔ Marketing ေတြဆက္တုိက္လုပ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ထြက္ရွိတာၾကာျပီျဖစ္တဲ့ iPhone ေတြပဲ ထုတ္လုပ္ေနခဲ့တာျဖစ္ျပီး အခုၾကမွ iPhone XR ကို ထုတ္လုပ္ႏုိင္တာပါ။

India ႏုိင္ငံက စမတ္ဖုန္းေစ်းကြက္အရ ေတာ္ေတာ္ေလးကိုၾကီးမားတယ္ဆိုေပမယ့္ China နဲ႔ ယွဥ္ရင္ အခြန္ေတြနဲ႔ အလုပ္သမားခေစ်းၾကီးေနေသးတာေၾကာင့္ တကယ္လုိ႔သာ Apple အေနနဲ႔ iPhone XS နဲ႔ XS Max လိုမ်ိဳး ေစ်းအျမင့္ဆံုး iPhone ေတြကို India မွာ ေျပာင္းလဲထုတ္လုပ္ေတာ့မယ္ဆိုရင္ ေစ်းက အခုထက္ေတာင္ ပိုျပီးၾကီးျမင့္လာႏုိင္ပါတယ္။

Ref – GSM Arena

Unicode

Apple ကနေ လက်ရှိ iPhone တွေအကုန်လုံးနီးပါးကို ထုတ်လုပ်ပေးနေတဲ့ Foxconn Production Line ကို လက်ရှိ တရုတ်နိုင်ငံနဲ့ ပတ်သတ်တဲ့ တားဆီးမှုတွေကြောင့် အိန္ဒိယလိုမျိုး နိုင်ငံတွေမှာ ရွေ့ပြောင်းထုတ်လုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင်လည်း Foxconn က India မှာ အခွဲအနေနဲ့ ပြောင်းလဲထုတ်လုပ်နေတာအချိန်တစ်ခုရှိနေပြီဖြစ်ပြီးနောက်ပိုင်းမှာလည်း India-made iPhone တွေက ပိုများပြားလာတော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် ယခင်တုန်းက India မှာရှိတဲ့ Foxconn Production က ဈေးသက်သာတဲ့ iPhone တွေဖြစ်တဲ့ iPhone SE ၊ 6S နဲ့ iPhone 7 တွေကိုပဲထုတ်လုပ်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ High-end iPhone တွေကိုပါ ထုတ်လုပ်တော့မှာကြောင့်ဖြစ်ပါတယ်။

Bureau of Indian Standards (BIS) ကနေ အခုအချိန်မှာ Foxconn ကို iPhone XR ကို ထုတ်လုပ်ဖို့ကို ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ပြီး ယခု India နိုင်ငံ Banglore ပြည်နယ်မှာရှိတဲ့ Foxconn Production Line ကလည်း iPhone XR ရဲ့ Model နံပါတ်ဖြစ်တဲ့ A2105 ကို ထုတ်လုပ်နေတယ်ဆိုတာ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် India-made iPhone XR က လာမယ့်လပိုင်းမှာတင် တရားဝင်ရောင်းချလာနိုင်ပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက စတင်ပြီးတော့ iPhone 7 ဖုန်းတွေကို India မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ မေလတုန်းကလည်း India မှာထုတ်လုပ်တဲ့ iPhone 6S ကို Made in India Campaign အနေနဲ့ Marketing တွေဆက်တိုက်လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ထွက်ရှိတာကြာပြီဖြစ်တဲ့ iPhone တွေပဲ ထုတ်လုပ်နေခဲ့တာဖြစ်ပြီး အခုကြမှ iPhone XR ကို ထုတ်လုပ်နိုင်တာပါ။

India နိုင်ငံက စမတ်ဖုန်းဈေးကွက်အရ တော်တော်လေးကိုကြီးမားတယ်ဆိုပေမယ့် China နဲ့ ယှဉ်ရင် အခွန်တွေနဲ့ အလုပ်သမားခဈေးကြီးနေသေးတာကြောင့် တကယ်လို့သာ Apple အနေနဲ့ iPhone XS နဲ့ XS Max လိုမျိုး ဈေးအမြင့်ဆုံး iPhone တွေကို India မှာ ပြောင်းလဲထုတ်လုပ်တော့မယ်ဆိုရင် ဈေးက အခုထက်တောင် ပိုပြီးကြီးမြင့်လာနိုင်ပါတယ်။

Ref – GSM Arena