ပြီးခဲ့တဲ့ ရက်သတ္တပါတ်တုန်းက Apple ဟာ ကုမ္ပဏီရဲ့ Product အများအပြားမှာ လက်ရှိအသုံးပြုနေတဲ့ Battery နည်းပညာကို ပြောင်းလဲမှု ပြုလုပ်သွားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒါကတော့ လာမယ့် ၂၀၂၅ ခုနှစ်မတိုင်ခင် အချိန်ကာလ ၂ နှစ်အတွင်းမှာ လက်ရှိအသုံးပြုနေတဲ့ Battery တွေကို ပြန်လည်အသုံးပြု Recycle ပြုလုပ်နိုင်မယ့် Cobalt Battery တွေနဲ့ အစားထိုးသွားမှာပဲဖြစ်ပါတယ်။

Apple ဟာ အခုလိုမျိုး Reycle ပြုလုပ်နိုင်မယ့် Cobalt Battery တွေကိုပဲ လုံးဝ Product အကုန်လုံးနီးပါးမှာ အစားထိုးသွားမှာဖြစ်ပြီး ဒါက လာမယ့် ၂၀၃၀ မတိုင်ခင် ဆယ်စုနှစ်တစ်ခုအတွင်းမှာ ထုတ်လုပ်သမျှ Product အားလုံးကို ကာဗွန်ထုတ်လွှတ်မှုကင်းဝေးတဲ့ Carbon Neutral အဆင့်ရောက်အောင် ဆောင်ရွက်နေတဲ့ အစီအစဥ်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Apple ကနေ Device အမျိုးအစားပေါင်းစုံမှာ အသုံးပြုနေတဲ့ သံလိုက်နည်းပညာကိုလည်း Recycled Rare Earth Element တွေနဲ့ အစားထိုးသွားမှာဖြစ်ပြီး ကိုယ်ပိုင် Circuit Board ဒီဇိုင်းတွေကိုပါ Recycled Tin Soldering နဲ့ Gold Plating တွေကို ပြောင်းလဲ အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် Apple ဟာ လာမယ့်နှစ်ပိုင်းအတွင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေကို အထူးဦးစားပေးသွားမယ့် ပုံစံပါပဲ။

Cobalt Material ဟာ လက်ရှိ Electronic Product တွေမှာအသုံးပြုထားတဲ့ Battery တွေမှာ အနည်းနဲ့အများပါဝင်တဲ့ ကုန်ကြမ်းပစ္စည်းတစ်ခုဖြစ်ပါတယ်။ Apple ဟာ ယခင်ထဲက Battery တွေထဲမှာ Cobalt ကို ထည့်သွင်းခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ၁၃ ရာခိုင်နှုန်းကနေ ၂၀၂၂ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Cobalt ကို လုံးဝအသုံးပြုလာမယ်ဆိုရင် Apple Product တွေမှာပါဝင်တဲ့ Battery ကို 100% ပြန်လည် Recycle ပြုလုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China