[Zawgyi]

ဂ်ပန္ စီးပြားေရးေန႔စဥ္ သတင္းဌာန Nikkei ကေနထြက္ေပၚလာတဲ့ သတင္းအရ Apple ဟာ လာမယ့္ ၂၀၂၀ ထုတ္ iPhone ေတြမွာသုံးဖို႔ OLED မ်က္ႏွာျပင္ေတြကို BOE ဆီကေန ဝယ္ဖို႔အတြက္ ညႇိႏႈိင္းမႈဟာ ေနာက္ဆုံးအဆင့္ဆီ ေရာက္ေနၿပီလို႔ ဆိုပါတယ္။

BOE ဟာ လက္ရွိအခ်ိန္မွာ Flexible display ေတြကို အျပင္းအထန္စမ္းသပ္ေနတယ္လို႔ သိရပါတယ္။ အကယ္၍ ဒီအေရာင္းအဝယ္သာ အထေျမာက္ခဲ့မယ္ဆိုရင္ Apple ကလည္း iPhone အတြက္မ်က္ႏွာျပင္ကို တ႐ုတ္ကေန ပထမဆုံးမွာယူတာ ျဖစ္လာပါလိမ့္မယ္။

၂၀၂၀ ထုတ္ iPhone ေတြအတြက္ OLED panel ေထာက္ပံ့တဲ့ကုမၸဏီအျဖစ္ BOE ကိုေ႐ြးခ်ယ္မႈျပဳမယ္၊ မျပဳဘူးဆိုတဲ့ ဆုံးျဖတ္ခ်က္ကို ကုမၸဏီအေနနဲ႔ ဒီႏွစ္ကုန္ဆုံးကာနီးအခ်ိန္မွာ ဆုံးျဖတ္မယ္လို႔လည္း Nikkei က ေဖာ္ျပခဲ့ပါေသးတယ္။ BOE နဲ႔ လက္တြဲျဖစ္သြားမယ္ဆိုရင္ေတာ့ Apple ဟာ Samsung တစ္ခုတည္းကိုပဲ မွီခိုေနရမႈကို ေလွ်ာ့ခ်သြားႏိုင္မွာလည္း ျဖစ္ပါတယ္။

Apple နဲ႔ BOE တို႔ရဲ႕ ေဆြးေႏြးမႈေတြနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြကို သိရွိထားတဲ့ သတင္းရင္းျမစ္ကေတာ့ BOE ရဲ႕ Panel ေတြဟာ Samsung ထက္ ၂၀ ရာခိုင္ႏႈန္းအထိ ေဈးသက္သာဖြယ္ရွိတယ္လို႔လည္း ေျပာဆိုခဲ့ပါေသးတယ္။ Apple ကေတာ့ iPhone ေတြအတြက္ OLED panel ေတြဝယ္ယူရာမွာ ေထာက္ပံ့တဲ့ကုမၸဏီကို တစ္ခုထက္ပိုခ်င္ေနတာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Samsung က Apple ရဲ႕လိုအပ္ခ်က္အတြက္ အဓိက ေထာက္ပံ့ေပးေနေပမယ့္ ဒီကုမၸဏီႏွစ္ခုဟာ စမတ္ဖုန္းနယ္ပယ္မွာ ၿပိဳင္ဘက္ေတြျဖစ္ေနတာပါ။ အကယ္၍သာ Samsung ဟာ Apple ရဲ႕ iPhone နဲ႔တိုက္႐ိုက္ၿပိဳင္ဆိုင္ လာမယ္ဆိုရင္ OLED Panel ေထာက္ပံ့မႈနဲ႔ပတ္သက္ၿပီး ျပႆနာ တစ္စုံတစ္ရာျဖစ္ေပၚလာမွာကို အေမရိကန္ကုမၸဏီႀကီးက စိုးရိမ္ေနတာလည္း ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က ကိုရီးယားအေပၚ ဂ်ပန္ရဲ႕ ပို႔ကုန္ကန႔္သတ္မႈေၾကာင့္ အေျမာက္အမ်ား ထုတ္လုပ္မႈပိုင္းမွာ ကန႔္သတ္ခ်က္ေတြ ျဖစ္ေပၚလာႏိုင္တာကိုလည္း Apple က စိုးရိမ္မကင္း ျဖစ္ေနခဲ့ပါတယ္။

Ref: GSM Arena

[Unicode]

Apple အနေနဲ့ ၂၀၂၀ iPhone တွေအတွက် BOE OLED panel တွေကို ဝယ်ယူဖွယ်ရှိ

ဂျပန် စီးပွားရေးနေ့စဉ် သတင်းဌာန Nikkei ကနေထွက်ပေါ်လာတဲ့ သတင်းအရ Apple ဟာ လာမယ့် ၂၀၂၀ ထုတ် iPhone တွေမှာသုံးဖို့ OLED မျက်နှာပြင်တွေကို BOE ဆီကနေ ဝယ်ဖို့အတွက် ညှိနှိုင်းမှုဟာ နောက်ဆုံးအဆင့်ဆီ ရောက်နေပြီလို့ ဆိုပါတယ်။

BOE ဟာ လက်ရှိအချိန်မှာ Flexible display တွေကို အပြင်းအထန်စမ်းသပ်နေတယ်လို့ သိရပါတယ်။ အကယ်၍ ဒီအရောင်းအဝယ်သာ အထမြောက်ခဲ့မယ်ဆိုရင် Apple ကလည်း iPhone အတွက်မျက်နှာပြင်ကို တရုတ်ကနေ ပထမဆုံးမှာယူတာ ဖြစ်လာပါလိမ့်မယ်။

၂၀၂၀ ထုတ် iPhone တွေအတွက် OLED panel ထောက်ပံ့တဲ့ကုမ္ပဏီအဖြစ် BOE ကိုရွေးချယ်မှုပြုမယ်၊ မပြုဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုမ္ပဏီအနေနဲ့ ဒီနှစ်ကုန်ဆုံးကာနီးအချိန်မှာ ဆုံးဖြတ်မယ်လို့လည်း Nikkei က ဖော်ပြခဲ့ပါသေးတယ်။ BOE နဲ့ လက်တွဲဖြစ်သွားမယ်ဆိုရင်တော့ Apple ဟာ Samsung တစ်ခုတည်းကိုပဲ မှီခိုနေရမှုကို လျှော့ချသွားနိုင်မှာလည်း ဖြစ်ပါတယ်။

Apple နဲ့ BOE တို့ရဲ့ ဆွေးနွေးမှုတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သိရှိထားတဲ့ သတင်းရင်းမြစ်ကတော့ BOE ရဲ့ Panel တွေဟာ Samsung ထက် ၂၀ ရာခိုင်နှုန်းအထိ ဈေးသက်သာဖွယ်ရှိတယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။ Apple ကတော့ iPhone တွေအတွက် OLED panel တွေဝယ်ယူရာမှာ ထောက်ပံ့တဲ့ကုမ္ပဏီကို တစ်ခုထက်ပိုချင်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Samsung က Apple ရဲ့လိုအပ်ချက်အတွက် အဓိက ထောက်ပံ့ပေးနေပေမယ့် ဒီကုမ္ပဏီနှစ်ခုဟာ စမတ်ဖုန်းနယ်ပယ်မှာ ပြိုင်ဘက်တွေဖြစ်နေတာပါ။ အကယ်၍သာ Samsung ဟာ Apple ရဲ့ iPhone နဲ့တိုက်ရိုက်ပြိုင်ဆိုင် လာမယ်ဆိုရင် OLED Panel ထောက်ပံ့မှုနဲ့ပတ်သက်ပြီး ပြဿနာ တစ်စုံတစ်ရာဖြစ်ပေါ်လာမှာကို အမေရိကန်ကုမ္ပဏီကြီးက စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုရီးယားအပေါ် ဂျပန်ရဲ့ ပို့ကုန်ကန့်သတ်မှုကြောင့် အမြောက်အများ ထုတ်လုပ်မှုပိုင်းမှာ ကန့်သတ်ချက်တွေ ဖြစ်ပေါ်လာနိုင်တာကိုလည်း Apple က စိုးရိမ်မကင်း ဖြစ်နေခဲ့ပါတယ်။

Ref: GSM Arena