Zawgyi
အခုလောလောဆယ်မှာ Samsung Tablet အချို့နဲ့ Highend Ultrabook အချို့ပဲ OLED Display ကို အသုံးပြုနေသေးတာဖြစ်ပြီး Display ပိုင်းမှာ နာမည်ရနေတဲ့ Apple ရဲ့ iPad နဲ့ MacBook တွေသာ OLED Display ကိုပြောင်းသုံးလာမယ်ဆိုရင် တကယ်ကို အောင်မြင်လာနိုင်ပြီးတော့ ဈေးကွက်ကိုလည်း ယခုထက်ပိုပြီး ရရှိလာနိုင်မှာဖြစ်ပါတယ်။
ဖြစ်နိုင်ခြေရှိတာက Apple ကနေ လာမယ့် ၂၀၂၀ နဲ့ ၂၀၂၁ ဝန်းကျင်မှာ MacBook Pro တွေကို လုံးဝဒီဇိုင်းပြောင်းလဲပြီး မိတ်ဆက်လာဖို့ရှိနေတဲ့အတွက် အဲ့ဒီအချိန်မှ OLED Display ကို ပြောင်းသုံးလာနိုင်ပြီး iPad တွေကတော့ Apple သတင်းတွေကို မှန်ကန်စွာပြောကြားနိုင်တဲ့ Analyst တစ်ယောက်ဖြစ်တဲ့ Ming-Chi Kuo ရဲ့ ပြောကြားချက်အရ Mini-LED Display ကို အသုံးပြုလာမှာဖြစ်ပါတယ်။
Ref – The Verge
Unicode
Apple က အခုအချိန်မှာ iPhone တွေမှာ စတင်ပြီးတော့ OLED Display သုံးစွဲလာတယ်ဆိုပေမယ့် ဈေးအကြီးဆုံး iPhone တွေမှာပဲထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်တုန်းက မိတ်ဆက်ခဲ့တဲ့ iPhone X မှာ OLED Display ပါဝင်ခဲ့ပေမယ့် ကျန်တဲ့အတူထွက်ရှိခဲ့တဲ့ iPhone 8 နဲ့ iPhone 8 Plus မှာတော့ LCD Display ကိုပဲ အသုံးပြုထားခဲ့တာပါ။ အဲ့ဒီလိုပဲ iPhone XS ၊ XS Max ကိုပဲ OLED Display ထည့်သွင်းခဲ့ပြီး iPhone XR ကိုတော့ LCD Display ပဲ အသုံးပြုနေတာဖြစ်ပါတယ်။
အဲ့ဒီအတွက် Apple အနေနဲ့ OLED Display ကို ကူးပြောင်းမှုမှာ ကျန်တဲ့ Android ဖုန်းပြိုင်ဘက်တွေနဲ့ယှဉ်ရင် နှေးကွေးတယ်လို့ ပြောလို့ရပြီးတော့ အခုသိထားရတဲ့သတင်းတွေအရဆိုရင်လည်း လာမယ့် ၂၀၂၀ ခုနှစ်ကြမှ iPhone တွေအကုန်လုံး OLED Display ဖြစ်သွားမှာပါ။
ဒါပေမယ့်လက်ရှိထွက်ပေါ်လာတဲ့သတင်းအရတော့ Apple ကနေ OLED Display ကို iPhone တွေတင်မဟုတ်ဘဲ Device အသစ်တွေမှာပါ အသုံးပြုမှုစတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ဒါက Apple အတွက် OLED Supplier တစ်ဦးဖြစ်တဲ့ Samsung ကနေ Apple အတွက် Notebook နဲ့ Tablet တွေအတွက် OLED Display တွေ စတင်ထုတ်လုပ်နေပြီဆိုတဲ့ သတင်းထွက်လာတာကြောင့်ပဲဖြစ်ပါတယ်။
အခုလောလောဆယ်မှာ Samsung Tablet အချို့နဲ့ Highend Ultrabook အချို့ပဲ OLED Display ကို အသုံးပြုနေသေးတာဖြစ်ပြီး ဒီလိုမျိုး အခုထဲက Display ပိုင်းမှာ နာမည်ရနေတဲ့ Apple ရဲ့ iPad နဲ့ MacBook တွေသာ OLED Display ကိုပြောင်းသုံးလာမယ်ဆိုရင် တကယ်ကို အောင်မြင်လာနိုင်ပြီးတော့ ဈေးကွက်ကိုလည်း ယခုထက်ပိုပြီး ရရှိလာနိုင်မှာဖြစ်ပါတယ်။
ဖြစ်နိုင်ခြေရှိတာက Apple ကနေ လာမယ့် ၂၀၂၀ နဲ့ ၂၀၂၁ ဝန်းကျင်မှာ MacBook Pro တွေကို လုံးဝဒီဇိုင်းပြောင်းလဲပြီး မိတ်ဆက်လာဖို့ရှိနေတဲ့အတွက် အဲ့ဒီအချိန်မှ OLED Display ကို ပြောင်းသုံးလာနိုင်ပြီးတော့ iPad တွေကတော့ ယခင်တုန်းက Apple သတင်းတွေကို မှန်ကန်စွာပြောကြားနိုင်တဲ့ Analyst တစ်ယောက်ဖြစ်တဲ့ Ming-Chi Kuo ရဲ့ ပြောကြားချက်အရ Mini-LED Display ကို အသုံးပြုလာမှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ၂၀၂၀ ခုနှစ်မှာ Apple အနေနဲ့ 5G iPhone တွေကိုပါ ထုတ်လုပ်လာမယ့်အတွက် Apple အတွက်ကတော့ ၂၀၂၀ ခုနှစ်က ကြီးမားတဲ့အပြောင်းအလဲတွေနဲ့နှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ်။
Ref – The Verge