[Zawgyi]

Apple နဲ႔ ပတ္သက္တဲ့သတင္းေတြကို အစဥ္တစိုက္ စုေဆာင္းေနၿပီး ေဖာ္ျပေပးေလ့ရွိတဲ့ Ming-Chi Kuo ကေတာ့ Apple Fan ေတြဝမ္းသာရမယ့္ သတင္းတစ္ခုကို ယူေဆာင္လာခဲ့ပါတယ္။ အဲဒါကေတာ့ Apple အေနနဲ႔ ထရမ့္ရဲ႕ အခြန္ႏႈန္းေျပာင္းလဲမႈေၾကာင့္ Apple ထုတ္ကုန္ေတြ ေဈးႏႈန္းျမင့္တက္လာမွာမဟုတ္ဘူး ဆိုတာပါပဲ။

Kuo ရဲ႕ ေဖာ္ျပခ်က္မွာ Apple ဟာ အပိုထပ္ေဆာင္းကုန္က်မႈေတြကို ေျဖရွင္းႏိုင္ဖို႔ ျပင္ဆင္ထားတဲ့အတြက္ အခုလိုမ်ိဳး အခြန္ႏႈန္းေျပာင္းလဲမႈရဲ႕ သက္ေရာက္မႈေၾကာင့္ ထုတ္ကုန္ေတြ ေဈးတက္ရျခင္းကို ေရရွည္မဟုတ္ေပမယ့္ ကာလတိုကေန၊ သင့္တင္တဲ့ အခ်ိန္ကာလတစ္ခုအထိ တားဆီးေရွာင္လႊဲထားႏိုင္မယ္လို႔ သိရပါတယ္။

ဒါ့အျပင္ Apple အေနနဲ႔ တ႐ုတ္မွာထုတ္လုပ္တာေတြကို ေရွာင္ဖို႔ႀကိဳးစားလာျခင္းက အခြန္ကိုေရွာင္ႏိုင္မွာျဖစ္သလို ေဈးကြက္ဝယ္လိုအားနဲ႔လည္း ကိုက္ညီလာမွာ ျဖစ္တယ္လို႔ Kuo က ဆိုထားပါေသးတယ္။ သိပ္မၾကာခင္ကမွ ထြက္ေပၚလာတဲ့ “Mac Pro အစိတ္အပိုင္းေတြကို တ႐ုတ္မွာျပဳလုပ္တာထက္ အေမရိကန္မွာပဲ လုပ္ေစခ်င္တယ္” ဆိုတဲ့ ထရမ့္ရဲ႕ တြစ္တာေပၚက စကားကလည္းရွိေနပါေသးတယ္။

Apple ဟာ တကၠဆက္ကစက္႐ုံကို ျပန္လည္ပတ္ဖို႔ ဦးတည္လာႏိုင္သလို အိႏၵိယနဲ႔ ဗီယက္နမ္တို႔မွာပဲ ပိုၿပီးအေျခခ်သြားတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒီႏွစ္အေစာပိုင္းကတည္းက ထုတ္လုပ္မႈအေတာ္မ်ားမ်ားကို အိႏၵိယမွာ စတင္ခဲ့တာျဖစ္ၿပီး iPhone X နဲ႔ XS ေတြကိုပါ ထုတ္လုပ္သြားဖို႔ အဆင္သင့္ျဖစ္ေနတာေၾကာင့္ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Apple ကတော့ အခွန်နှုန်းမြင့်မားလာပေမယ့် ဈေးတက်မှာမဟုတ်ဘူးလို့ သတင်းထွက်ပေါ်လာ

Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို အစဉ်တစိုက် စုဆောင်းနေပြီး ဖော်ပြပေးလေ့ရှိတဲ့ Ming-Chi Kuo ကတော့ Apple Fan တွေဝမ်းသာရမယ့် သတင်းတစ်ခုကို ယူဆောင်လာခဲ့ပါတယ်။ အဲဒါကတော့ Apple အနေနဲ့ ထရမ့်ရဲ့ အခွန်နှုန်းပြောင်းလဲမှုကြောင့် Apple ထုတ်ကုန်တွေ ဈေးနှုန်းမြင့်တက်လာမှာမဟုတ်ဘူး ဆိုတာပါပဲ။

Kuo ရဲ့ ဖော်ပြချက်မှာ Apple ဟာ အပိုထပ်ဆောင်းကုန်ကျမှုတွေကို ဖြေရှင်းနိုင်ဖို့ ပြင်ဆင်ထားတဲ့အတွက် အခုလိုမျိုး အခွန်နှုန်းပြောင်းလဲမှုရဲ့ သက်ရောက်မှုကြောင့် ထုတ်ကုန်တွေ ဈေးတက်ရခြင်းကို ရေရှည်မဟုတ်ပေမယ့် ကာလတိုကနေ၊ သင့်တင်တဲ့ အချိန်ကာလတစ်ခုအထိ တားဆီးရှောင်လွှဲထားနိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် Apple အနေနဲ့ တရုတ်မှာထုတ်လုပ်တာတွေကို ရှောင်ဖို့ကြိုးစားလာခြင်းက အခွန်ကိုရှောင်နိုင်မှာဖြစ်သလို ဈေးကွက်ဝယ်လိုအားနဲ့လည်း ကိုက်ညီလာမှာ ဖြစ်တယ်လို့ Kuo က ဆိုထားပါသေးတယ်။ သိပ်မကြာခင်ကမှ ထွက်ပေါ်လာတဲ့ “Mac Pro အစိတ်အပိုင်းတွေကို တရုတ်မှာပြုလုပ်တာထက် အမေရိကန်မှာပဲ လုပ်စေချင်တယ်” ဆိုတဲ့ ထရမ့်ရဲ့ တွစ်တာပေါ်က စကားကလည်းရှိနေပါသေးတယ်။

Apple ဟာ တက္ကဆက်ကစက်ရုံကို ပြန်လည်ပတ်ဖို့ ဦးတည်လာနိုင်သလို အိန္ဒိယနဲ့ ဗီယက်နမ်တို့မှာပဲ ပိုပြီးအခြေချသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီနှစ်အစောပိုင်းကတည်းက ထုတ်လုပ်မှုအတော်များများကို အိန္ဒိယမှာ စတင်ခဲ့တာဖြစ်ပြီး iPhone X နဲ့ XS တွေကိုပါ ထုတ်လုပ်သွားဖို့ အဆင်သင့်ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

Ref: GSM Arena