[Zawgyi]

Apple ဟာ လာမယ့္ မတ္လ ၂၅ ရက္ေန႔မွာ သူတို႔ရဲ႕ Subscription အေျခခံ Apple သတင္းဝန္ေဆာင္မႈသစ္ကို မိတ္ဆက္ေပးဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ ဒီပြဲမွာ AirPods 2 အေၾကာင္းလည္း သိရဖို႔ ေမွ်ာ္လင့္ထားရသလို ခုနစ္ဆက္ေျမာက္မ်ိဳးဆက္ျဖစ္တဲ့ Apple iPad သစ္နဲ႔ iPad mini 5 ေတြအေၾကာင္းကိုလည္း ေတြ႕ျမင္ရဖို႔ ေမွ်ာ္လင့္ရပါတယ္။

ထြက္ေပၚထားတဲ့ ေကာလာဟလေတြအရဆိုရင္ေတာ့ iPad mini 5 ကိုလည္း Chipset သစ္ကို ထည့္သြင္းလာမယ္လို႔ သိရပါတယ္။ ဒီ Chipset ဟာ Apple ရဲ႕ A8 SoC ျဖစ္ႏိုင္ၿပီး 2014 Apple iPhone 6 နဲ႔ iPhone 6Plus ေတြမွာ ထည့္သြင္းအသုံးျပဳခဲ့ဖူးတာပါ။

မ်ိဳးဆက္ ခုနစ္ဆက္ေျမာက္ iPad သစ္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကလည္း စိတ္ဝင္စားဖို႔ေတာ့ ေကာင္းေနပါတယ္။ Tech Radar နဲ႔ Macotakara တို႔ကေန ထြက္လာတဲ့ သတင္းေတြအရ မ်က္ႏွာျပင္ဟာ 10-inch ျဖစ္လာမယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အခ်ိဳ႕မီဒီယာေတြမွာေတာ့ အရင္မ်ိဳးဆက္အတိုင္း 9.7-inch နဲ႔ပဲ ထြက္လာမယ္လို႔ ဆိုထားတာေၾကာင့္ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

ဒါ့အျပင္ မ်ိဳးဆက္သစ္ iPad  ေတြဟာ Touch ID ေတြေနရာမွာ Face ID ေတြအစားထိုးလာမယ္ဆိုတဲ့ သတင္းကလည္း အေတာ္ေလးကို ျဖစ္ႏိုင္ဖြယ္ရွိပါတယ္။ Supplier ေတြက Macotakara ကို ေျပာတဲ့သတင္းမွာေတာ့ 10-inch မ်က္ႏွာျပင္ေတြနဲ႔ Tablet ေတြဟာ Touch ID fingerprint scanner ေတြနဲ႔ထြက္ေပၚလာမယ္လို႔ ေဖာ္ျပထားတဲ့အတြက္ ပိုၿပီးေတာ့ စိတ္ဝင္စားစရာေကာင္းေနပါေတာ့တယ္။

Ref: Phone Arena

[Unicode]

မတ်လနောက်ဆုံးပတ်မှာ iPad 7 အပါအဝင် Apple ရဲ့ နောက်ဆုံးထုတ်ကုန်တွေအကြောင်း ကြေညာလာဖွယ်ရှိ

Apple ဟာ လာမယ့် မတ်လ ၂၅ ရက်နေ့မှာ သူတို့ရဲ့ Subscription အခြေခံ Apple သတင်းဝန်ဆောင်မှုသစ်ကို မိတ်ဆက်ပေးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီပွဲမှာ AirPods 2 အကြောင်းလည်း သိရဖို့ မျှော်လင့်ထားရသလို ခုနစ်ဆက်မြောက်မျိုးဆက်ဖြစ်တဲ့ Apple iPad သစ်နဲ့ iPad mini 5 တွေအကြောင်းကိုလည်း တွေ့မြင်ရဖို့ မျှော်လင့်ရပါတယ်။

ထွက်ပေါ်ထားတဲ့ ကောလာဟလတွေအရဆိုရင်တော့ iPad mini 5 ကိုလည်း Chipset သစ်ကို ထည့်သွင်းလာမယ်လို့ သိရပါတယ်။ ဒီ Chipset ဟာ Apple ရဲ့ A8 SoC ဖြစ်နိုင်ပြီး 2014 Apple iPhone 6 နဲ့ iPhone 6Plus တွေမှာ ထည့်သွင်းအသုံးပြုခဲ့ဖူးတာပါ။

မျိုးဆက် ခုနစ်ဆက်မြောက် iPad သစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကလည်း စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။ Tech Radar နဲ့ Macotakara တို့ကနေ ထွက်လာတဲ့ သတင်းတွေအရ မျက်နှာပြင်ဟာ 10-inch ဖြစ်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့် အချို့မီဒီယာတွေမှာတော့ အရင်မျိုးဆက်အတိုင်း 9.7-inch နဲ့ပဲ ထွက်လာမယ်လို့ ဆိုထားတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

ဒါ့အပြင် မျိုးဆက်သစ် iPad  တွေဟာ Touch ID တွေနေရာမှာ Face ID တွေအစားထိုးလာမယ်ဆိုတဲ့ သတင်းကလည်း အတော်လေးကို ဖြစ်နိုင်ဖွယ်ရှိပါတယ်။ Supplier တွေက Macotakara ကို ပြောတဲ့သတင်းမှာတော့ 10-inch မျက်နှာပြင်တွေနဲ့ Tablet တွေဟာ Touch ID fingerprint scanner တွေနဲ့ထွက်ပေါ်လာမယ်လို့ ဖော်ပြထားတဲ့အတွက် ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းနေပါတော့တယ်။

Ref: Phone Arena