Apple ဟာ ဒီနှစ် Worldwide Developers Conference ကို ဇွန်လ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း ကျင်းပမယ်လို့ ကြေညာထားပြီး အွန်လိုင်းက ပြသမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ပွဲကို လူတက်ရောက်ခွင့်ပေးမှာ ဖြစ်ပြီး တက်ရောက်နိုင်မယ့် လူ အရေအတွက်ကို ကန့်သတ်ထားမယ်လို့ သိရပါတယ်။

Opening Keynote ကို ကြိုတင် ဗီဒီယို ရိုက်ကူးထားမှာ ဖြစ်ပေမယ့် Cupertino ရှိ 1 Infinite Loop မှ Apple Park မှာ Developer အကန့်အသတ်နဲ့ ပွဲတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

New Apple product in 2022: Everything to expect - 9to5Mac

ကံထူးတဲ့ Developer တွေဟာ Apple ရဲ့ အင်ဂျင်နီယာ၊ ဒီဇိုင်နာတွေနဲ့အတူ Keynote ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီပွဲကို တက်ရောက်ကြည့်ရှုချင်တဲ့ သူတွေဟာ ဒီ ၁ ပတ် အစောပိုင်းနေ့ရက်တွေမှာ အွန်လိုင်းကနေ ဖောင်တင်ကြရမှာ ဖြစ်ပြီး ကုမ္ပဏီဟာ အခုဆိုရင် ဖိတ်စာတွေကို ပေးပို့နေပါပြီ။

ပွဲတက်ရောက်သူ အားလုံးဟာ Apple ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေး စည်းမျဉ်းတွေကို လိုက်နာရမှာ ဖြစ်ပြီး Covid-19 စမ်းသပ်ရာမှာ Negative ထွက်ထားတဲ့ အဖြေကို ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Mask ကို မဖြစ်မနေ ဝတ်ဆင်စရာ မလိုပါဘူး။ ပွဲတက်ရောက်သူတွေဟာ Apple Park မှ Developer Center အသစ်ကို လည်ပတ်ခွင့်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena