[Zawgyi]

Apple အေၾကာင္းကို အထူးျပဳေစာင့္ၾကည့္သူ Ming-Chi Kuo က လာမယ့္ ၂၀၁၉ iPhone ေတြမွာ Face ID ကင္မရာစနစ္ပိုင္းကို အဆင့္ျမႇင့္တင္လာလိမ့္မယ္လို႔ ခန႔္မွန္းရေၾကာင္း ေျပာပါတယ္။ Kuo ရဲ႕ သုံးသပ္ခ်က္ကို MacRumors ကလည္း ေထာက္ခံၿပီး The Verge ကလည္း လက္ခံသေဘာတူခဲ့ပါတယ္။

Apple အေနနဲ႔ Sensor သစ္ကို အေကာင္းဆုံး အသုံးျပဳသြားဖြယ္ ရွိေနပါတယ္။ ဒီ Sensor သစ္ဟာ အသုံးျပဳသူရဲ႕ မ်က္ႏွာကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ေစႏိုင္ပါတယ္။ ရွိေနတဲ့ ပတ္ဝန္းက်င္ အလင္းေရာင္ မွိန္ေနရင္ေတာင္ ေကာင္းေကာင္းသိမွတ္ႏိုင္ၿပီး အသုံးျပဳသူအေနနဲ႔ ပိုေကာင္းတဲ့ Face ID user experience ကို ရရွိႏိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

Apple အေနနဲ႔ Time of Flight 3D camera နဲ႔အတူ အကြာအေဝး အာ႐ုံခံႏိုင္မႈ စနစ္သစ္ တစ္ခုကို ၂၀၁၉ ဒါမွမဟုတ္ ၂၀၂၀ ထုတ္ iPads ေတြမွာ မိတ္ဆက္ေပးသြားမယ္လို႔ ခန႔္မွန္းထားပါတယ္။ (ျဖစ္ႏိုင္ေခ်ကေတာ့ ၂၀၂၀ iPhones ေတြမွာပါ။ ဒီ Sensor က အခ်ိန္တစ္ခုအတြင္း ကင္မရာနဲ႔ အရာဝတၳဳၾကား အလင္းစက္ေလးေတြသြားလာမႈ ႏႈန္းကို တိုင္းတာမွာျဖစ္ၿပီး 3D ပုံရိပ္ေတြကိုလည္း ဖမ္းယူေကာင္း ဖမ္းယူႏိုင္မွာျဖစ္ပါတယ္။)

ဒီစနစ္ဟာ တကယ့္အေတြ႕အႀကဳံေကာင္းေတြ ပိုမိုတိုးပြားလာေအာင္ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ ဒါမွမဟုတ္လည္း 3D ပုံရိပ္၊ ႐ိုး႐ိုးပုံရိပ္ေတြရဲ႕ အရည္အေသြးကို ပိုၿပီးေကာင္းလာေအာင္ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ Kuo ကေတာ့ ဒီလိုလုပ္ျခင္းေၾကာင့္ iPad ေပၚမွာ Apple pencil နဲ႔ေတာင္ တည္းျဖတ္လို႔ရသြားႏိုင္တယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းက iPhone X ရဲ႕ Face ID ဟာ Infrared dots ေပါင္း 30,000 ေက်ာ္အထိ အသုံးျပဳၿပီး မ်က္ႏွာကို ဖတ္ရႈေၾကာင္း မိတ္ဆက္ခဲ့ဖူးပါေသးတယ္။ ဒီကတည္းက အဲဒီစနစ္ဟာ အေမွာင္ထဲမွာလည္း ေကာင္းေကာင္း အလုပ္လုပ္ႏိုင္တယ္ ဆိုတာကို သတိျပဳခဲ့မိပါေသးတယ္။ ေရာေထြးေနတဲ့ အေရာင္ေတြ၊ ဒါမွမဟုတ္ ေတာက္ပလြန္းတဲ့ အေျခအေနေတြမွာလည္း အေတာ္ေလးကို လိုက္ေလ်ာညီေထြျဖစ္ေနေစပါတယ္။

Ref: Theverge

 

[Unicode]

Apple အကြောင်းကို အထူးပြုစောင့်ကြည့်သူ Ming-Chi Kuo က လာမယ့် ၂၀၁၉ iPhone တွေမှာ Face ID ကင်မရာစနစ်ပိုင်းကို အဆင့်မြှင့်တင်လာလိမ့်မယ်လို့ ခန့်မှန်းရကြောင်း ပြောပါတယ်။ Kuo ရဲ့ သုံးသပ်ချက်ကို MacRumors ကလည်း ထောက်ခံပြီး The Verge ကလည်း လက်ခံသဘောတူခဲ့ပါတယ်။

Apple အနေနဲ့ Sensor သစ်ကို အကောင်းဆုံး အသုံးပြုသွားဖွယ် ရှိနေပါတယ်။ ဒီ Sensor သစ်ဟာ အသုံးပြုသူရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်တွေ့စေနိုင်ပါတယ်။ ရှိနေတဲ့ ပတ်ဝန်းကျင် အလင်းရောင် မှိန်နေရင်တောင် ကောင်းကောင်းသိမှတ်နိုင်ပြီး အသုံးပြုသူအနေနဲ့ ပိုကောင်းတဲ့ Face ID user experience ကို ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Apple အနေနဲ့ Time of Flight 3D camera နဲ့အတူ အကွာအဝေး အာရုံခံနိုင်မှု စနစ်သစ် တစ်ခုကို ၂၀၁၉ ဒါမှမဟုတ် ၂၀၂၀ ထုတ် iPads တွေမှာ မိတ်ဆက်ပေးသွားမယ်လို့ ခန့်မှန်းထားပါတယ်။ (ဖြစ်နိုင်ချေကတော့ ၂၀၂၀ iPhones တွေမှာပါ။ ဒီ Sensor က အချိန်တစ်ခုအတွင်း ကင်မရာနဲ့ အရာဝတ္ထုကြား အလင်းစက်လေးတွေသွားလာမှု နှုန်းကို တိုင်းတာမှာဖြစ်ပြီး 3D ပုံရိပ်တွေကိုလည်း ဖမ်းယူကောင်း ဖမ်းယူနိုင်မှာဖြစ်ပါတယ်။)

ဒီစနစ်ဟာ တကယ့်အတွေ့အကြုံကောင်းတွေ ပိုမိုတိုးပွားလာအောင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း 3D ပုံရိပ်၊ ရိုးရိုးပုံရိပ်တွေရဲ့ အရည်အသွေးကို ပိုပြီးကောင်းလာအောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Kuo ကတော့ ဒီလိုလုပ်ခြင်းကြောင့် iPad ပေါ်မှာ Apple pencil နဲ့တောင် တည်းဖြတ်လို့ရသွားနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက iPhone X ရဲ့ Face ID ဟာ Infrared dots ပေါင်း 30,000 ကျော်အထိ အသုံးပြုပြီး မျက်နှာကို ဖတ်ရှုကြောင်း မိတ်ဆက်ခဲ့ဖူးပါသေးတယ်။ ဒီကတည်းက အဲဒီစနစ်ဟာ အမှောင်ထဲမှာလည်း ကောင်းကောင်း အလုပ်လုပ်နိုင်တယ် ဆိုတာကို သတိပြုခဲ့မိပါသေးတယ်။ ရောထွေးနေတဲ့ အရောင်တွေ၊ ဒါမှမဟုတ် တောက်ပလွန်းတဲ့ အခြေအနေတွေမှာလည်း အတော်လေးကို လိုက်လျောညီထွေဖြစ်နေစေပါတယ်။

Ref: Theverge