[Zawgyi]

iPhone 11 Series ေတြကိုေတာင္ Apple က မေၾကညာေသးပါဘူး။ ဒါေပမယ့္ 2020 iPhone ေတြရဲ႕ သတင္းေတြ စတင္ထြက္ေပၚလာပါၿပီ။ Apple အေၾကာင္းကို ႀကိဳတင္ေဟာကိန္းထုတ္ရာမွာ နာမည္ႀကီးတဲ့ ေလ့လာဆန္းစစ္သူ Ming-Chi Kuo က လာမယ့္ႏွစ္ထုတ္ iPhone ေတြမွာ လံုး၀ ကြဲျပားတဲ့ ဒီဇိုင္း အသစ္ကို အသံုးျပဳထားမယ္လို႔ ေျပာပါတယ္။ Apple ဟာ ၂၀၁၇ ခုႏွစ္ထုတ္ iPhone X မွာ ဒီဇိုင္း အသစ္ကို စတင္ သံုးခဲ့ၿပီး ၂၀၁၈ ခုႏွစ္ထုတ္ iPhone ေတြမွာလည္း အဲဒီ ဒီဇိုင္းပဲ ပါလာတာပါ။ လာမယ့္ႏွစ္မွာေတာ့ ဒီဇိုင္း ေျပာင္းလဲထားေတာ့မွာပါ။

Kuo က 2020 iPhone Series ေတြမွာ အဓိက ေျပာင္းလဲမႈ ၃ ခုရွိမယ္လို႔ ေျပာပါတယ္။ ဒီဇိုင္း အသစ္၊ 5G ဆက္သြယ္မႈနဲ႔ အဆင့္ျမွင့္ထားတဲ့ ကင္မရာ လုပ္ေဆာင္ခ်က္ေတြ ပါလာမွာ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။ Apple က လာမယ့္ႏွစ္ထုတ္ iPhone ေတြမွာ 5G ထည့္သြင္းထားမယ္ဆိုတဲ့ သတင္းကေတာ့ ထြက္ေနတာ ၾကာပါၿပီ။  iPhone အသစ္တိုင္းမွာလည္း ကင္မရာေတြကို အဆင့္ျမွင့္ထားေလ့ရွိပါတယ္။

Apple က ႏွစ္ ၁ ႏွစ္မွာ အဓိက ဒီဇိုင္းေျပာင္းလဲမႈကို ျပဳလုပ္ၿပီး ေနာက္ႏွစ္မွာ အဲဒီ ဒီဇိုင္းကို အနည္းငယ္သာ ဆန္းသစ္ထားတဲ့ S Model ေတြကို ေရာင္းခ်ေလ့ရွိပါတယ္။ iPhone 6 ရဲ႕ ဒီဇိုင္းကို ၄ ႏွစ္သံုးခဲ့ၿပီး 6, 6S , 7 နဲ႔ 8 ေတြမွာ ထည့္သြင္းထားပါတယ္။ iPhone X ရဲ႕ ဒီဇိုင္းကို iPhone 11 Series ေတြမွာ အမ်ားစု သံုးထားမယ္လို႔ ထင္ပါတယ္။

2020 iPhone ေတြရဲ႕ ဒီဇိုင္းအေၾကာင္းကို သိပ္မသိရေသးပါဘူး။ Kuo အရင္က ခန္႔မွန္းထားခ်က္ေတြအရ Apple ဟာ စြမ္းရည္ျမင့္ OLED ေမာ္ဒယ္ ၂ လံုးမွာ မ်က္ႏွာျပင္အရြယ္အစားကို ေျပာင္းလဲထားႏုိင္ပါတယ္။ အရြယ္ေသး ေမာ္ဒယ္မွာ ၅.၄ လက္မအထိ ေလွ်ာ့ခ်ထားႏုိင္ပါတယ္။ (iPhone XS မွာ ၅.၈ လက္မ မ်က္ႏွာျပင္ပါပါတယ္။) အရြယ္ႀကီး ေမာ္ဒယ္မွာ ၆.၇ လက္မအထိ တိုးျမွင့္ထားႏိုင္ပါတယ္။ ( iPhone XS Max မွာ ၆.၅ လက္မ မ်က္ႏွာျပင္ ထည့္ထားပါတယ္။ )

တစ္ဖက္မွာလည္း Apple အေနနဲ႔ 2020 iPhone ေတြမွာ In-display Fingerprint နည္းပညာကို Face ID နဲ႔အတူ ထည့္သြင္းတပ္ဆင္ထားမယ္ဆိုၿပီး သတင္းေတြ ထြက္ထားပါေသးတယ္။

Ref : theverge

[Unicode]

2020 iPhone တွေမှာ ဒီဇိုင်း အသစ်ကို အသုံးပြုထားနိုင်

iPhone 11 Series တွေကိုတောင် Apple က မကြေညာသေးပါဘူး။ ဒါပေမယ့် 2020 iPhone တွေရဲ့ သတင်းတွေ စတင်ထွက်ပေါ်လာပါပြီ။ Apple အကြောင်းကို ကြိုတင်ဟောကိန်းထုတ်ရာမှာ နာမည်ကြီးတဲ့ လေ့လာဆန်းစစ်သူ Ming-Chi Kuo က လာမယ့်နှစ်ထုတ် iPhone တွေမှာ လုံး၀ ကွဲပြားတဲ့ ဒီဇိုင်း အသစ်ကို အသုံးပြုထားမယ်လို့ ပြောပါတယ်။ Apple ဟာ ၂၀၁၇ ခုနှစ်ထုတ် iPhone X မှာ ဒီဇိုင်း အသစ်ကို စတင် သုံးခဲ့ပြီး ၂၀၁၈ ခုနှစ်ထုတ် iPhone တွေမှာလည်း အဲဒီ ဒီဇိုင်းပဲ ပါလာတာပါ။ လာမယ့်နှစ်မှာတော့ ဒီဇိုင်း ပြောင်းလဲထားတော့မှာပါ။

Kuo က 2020 iPhone Series တွေမှာ အဓိက ပြောင်းလဲမှု ၃ ခုရှိမယ်လို့ ပြောပါတယ်။ ဒီဇိုင်း အသစ်၊ 5G ဆက်သွယ်မှုနဲ့ အဆင့်မြှင့်ထားတဲ့ ကင်မရာ လုပ်ဆောင်ချက်တွေ ပါလာမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ Apple က လာမယ့်နှစ်ထုတ် iPhone တွေမှာ 5G ထည့်သွင်းထားမယ်ဆိုတဲ့ သတင်းကတော့ ထွက်နေတာ ကြာပါပြီ။ iPhone အသစ်တိုင်းမှာလည်း ကင်မရာတွေကို အဆင့်မြှင့်ထားလေ့ရှိပါတယ်။

Apple က နှစ် ၁ နှစ်မှာ အဓိက ဒီဇိုင်းပြောင်းလဲမှုကို ပြုလုပ်ပြီး နောက်နှစ်မှာ အဲဒီ ဒီဇိုင်းကို အနည်းငယ်သာ ဆန်းသစ်ထားတဲ့ S Model တွေကို ရောင်းချလေ့ရှိပါတယ်။ iPhone 6 ရဲ့ ဒီဇိုင်းကို ၄ နှစ်သုံးခဲ့ပြီး 6, 6S , 7 နဲ့ 8 တွေမှာ ထည့်သွင်းထားပါတယ်။ iPhone X ရဲ့ ဒီဇိုင်းကို iPhone 11 Series တွေမှာ အများစု သုံးထားမယ်လို့ ထင်ပါတယ်။

2020 iPhone တွေရဲ့ ဒီဇိုင်းအကြောင်းကို သိပ်မသိရသေးပါဘူး။ Kuo အရင်က ခန့်မှန်းထားချက်တွေအရ Apple ဟာ စွမ်းရည်မြင့် OLED မော်ဒယ် ၂ လုံးမှာ မျက်နှာပြင်အရွယ်အစားကို ပြောင်းလဲထားနိုင်ပါတယ်။ အရွယ်သေး မော်ဒယ်မှာ ၅.၄ လက်မအထိ လျှော့ချထားနိုင်ပါတယ်။ (iPhone XS မှာ ၅.၈ လက်မ မျက်နှာပြင်ပါပါတယ်။) အရွယ်ကြီး မော်ဒယ်မှာ ၆.၇ လက်မအထိ တိုးမြှင့်ထားနိုင်ပါတယ်။ ( iPhone XS Max မှာ ၆.၅ လက်မ မျက်နှာပြင် ထည့်ထားပါတယ်။ )

တစ်ဖက်မှာလည်း Apple အနေနဲ့ 2020 iPhone တွေမှာ In-display Fingerprint နည်းပညာကို Face ID နဲ့အတူ ထည့်သွင်းတပ်ဆင်ထားမယ်ဆိုပြီး သတင်းတွေ ထွက်ထားပါသေးတယ်။

Ref : theverge