Apple ဟာ လာမယ့်စက်တင်ဘာလဆိုရင် iPhone 13 Series ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုဆိုရင် အဆိုပါ iPhone 13 Series နဲ့ ပတ်သက်ပြီးသတင်းအတော်များများထွက်ရှိထားပြီးဖြစ်သလို Design ပိုင်းကလည်း ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကို ခန့်မှန်းနိုင်နေပြီဖြစ်ပါတယ်။

အခုနောက်ဆုံးအနေနဲ့ Bloomberg ကနေ ပြောကြားချက်အရ Apple ကနေ iPhone 13 Series ဖုန်းတွေမှာ Video Feature အသစ်တွေကို ထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Apple ကတော့ ယခု Feature တွေကို “Cinematic Video” ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ထည့်သွင်သွားမှာဖြစ်ပြီး အဆိုပါ Feature တွေထဲကတစ်ခုကတော့ Video မှာ Portrait Mode အနေနဲ့ ရိုက်ကူးနိုင်မယ့် Feature ပါဝင်လာမှာဖြစ်ပါတယ်။

ဒီလိုမျိုး Video Portrait Mode ဟာ လက်ရှိအချိန်မှာ Android စမတ်ဖုန်းအချို့မှာပါဝင်တဲ့ Feature တစ်ခုဖြစ်ပြီး အဓိကအနေနဲ့ လူပုံ Subject ကလွဲပြီး နောက်ဘက်က Background ကို ဝါးပေးတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ လက်တွေ့အသုံးဝင်မှုမှာအနည်းငယ်အားနည်းနေသေးတဲ့ Feature တစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် Apple အနေနဲ့ iPhone 13 Series ဖုန်းတွေမှာ ဘယ်လောက်ထိကောင်းမွန်အောင် မိတ်ဆက်လာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

နောက်ထပ် Camera Feature အသစ်တွေအနေနဲ့ကတော့ ProRes Video Recording ၊ ဓါတ်ပုံတွေကို Edit ပြုလုပ်ဖို့အတွက် Option အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။ Apple Analyst တစ်ဦးဖြစ်တဲ့ Min-Chi Kuo ကတော့ ယခုနှစ်ထွက်ရှိလာမယ့် iPhone 13 Series ဖုန်းတွေဟာ Ultrawide Camera ပိုင်းကိုလည်း အဆင့်မြှင့်တင်ထားမှာဖြစ်ပြီး Overall အနေနဲ့ Camera ပိုင်း စွမ်းဆောင်ရည် သိသိသာသာပိုကောင်းလာမယ်လို့ ပြောကြားခဲ့ပါတယ်။

Apple iPhone 13 Series ဟာ Performance ပိုင်းမှာ အကောင်းဆုံးဖြစ်လာဦးမယ့် Apple A15 Chip ကို အသုံးပြုထားမှာဖြစ်ပြီး Pro Series မှာဆိုရင် 120Hz LTPO Display ကိုပါ ထည့်သွင်းထားမှာဖြစ်ပါတယ်။ FaceID အတွက် Display Notch ကလည်း ယခင်ထက်ပိုသေးငယ်သွားမှာဖြစ်ပြီး Design ပိုင်းအရလည်း အနည်းငယ်ပြောင်းလဲထားမယ်လို့ သိရပါတယ်။

Ref – The Verge