Apple ဟာ လာမယ့် နှစ်အနည်းငယ်အတွင်း ထုတ်မယ့် iPad တွေမှာ OLED မျက်နှာပြင်တွေ တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ ET News က အခုထွက်လာတဲ့ သတင်းအသစ်မှာ Apple ရဲ့ နောက်မျိုးဆက် တက်ဘလက်တွေရဲ့ မျက်နှာပြင် ထုတ်လုပ်တဲ့ နည်းပညာအကြောင်းကို ပြောလာပါတယ်။ Samsung နဲ့ LG တို့ဟာ အဓိက မျက်နှာပြင် ထောက်ပံ့သူတွေ ဖြစ်လာမှာ ဖြစ်ပြီး ကုမ္ပဏီ ၂ ခုစလုံးဟာ Apple ရဲ့ ၂၀၂၄ ခုနှစ်ထုတ် iPad တွေအတွက် အထူး OLED မျက်နှာပြင် အသစ်တွေကို ဖန်တီးနေကြတယ်လို့ သိရပါတယ်။

The best iPads to buy in 2022: Which model is right for you?

ဂတ်စ် ဓါတုဗေဒ ပစ္စည်းကို အသုံးပြုကာ TFT Circuit Pattern Surface က မလိုအပ်တဲ့ ဒြပ်ထု အလွှာတွေကို ဖယ်ရှားနိုင်တဲ့ Dry Etching လို့ ခေါ်တဲ့ နည်းပညာကို အသုံးပြုကာ အဲဒီ မျက်နှာပြင်တွေကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် OLED မျက်နှာပြင်တွေဟာ ပိုမို ပါးလွှာ ပေါ့ပါးလာကာ တက်ဘလက်ရဲ့ ကိုယ်ထည် တစ်ခုလုံးကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

The Apple iPad through time: Over a decade of iPad revisited

Apple ဟာ မျက်နှာပြင်ကို ပိုမို မာကျောစေမယ့် အထူး Coating ၁ ခုကိုလည်း ဖန်တီးနေပြီး OLED iPad ရဲ့  ပထမဆုံး နမူနာ မော်ဒယ်ကို စမ်းသပ်ပြီးပြီလို့ သတင်းထွက်နေပါတယ်။

အရင်သတင်းတွေအရ Brightness ထုတ်လုပ်မှုကို တိုးတက်စေတဲ့ အလင်းထုတ်လွှင့်တဲ့ Diodes ၂ လွှာပါတဲ့ OLED မျက်နှာပြင် ၂ ထပ် ဒီဇိုင်းကို Apple က iPad တွေမှာ အသုံးပြုမယ်လို့ သိရပါတယ်။

Ref : gsmarena