Apple ဟာ အခုနောက်ပိုင်းမှာ Display ကို လက်ရှိသုံးစွဲနေတဲ့ LCD နဲ့ OLED Display တွေအစား Mini-OLED Display တွေကိုပြောင်းလဲသွားဖို့ကြိုးစားနေတာဖြစ်ပါတယ်။ အဆိုပါ Mini-LED Display ကို အသုံးပြုလာမယ့် Device တွေထဲမှာ Apple Watch ၊ MacBook Pro တွေအပြင် iPad Pro လည်းပါဝင်နေပါတယ်။

ဒါပေမယ့် အခု တရုတ်နိုင်ငံရဲ့ Economic Daily News ရဲ့ ဖော်ပြချက်မှာတော့ Apple ရဲ့ Mini-OLED Display ကို အသုံးပြုလာမယ့် 5G iPad Pro ဟာ ယခုနှစ်ကုန်ပိုင်းမိတ်ဆက်မယ့်အစား ၂၀၂၁ ကျမှ မိတ်ဆက်နိုင်တော့မှာဖြစ်ပါတယ်။ အခုလိုမျိုးနောက်ကျရတာကလည်း Apple ရဲ့ Component Supplier တွေပိုင်းမှာ Delay ဖြစ်တာတွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

Apple ဟာ ယခုနှစ်ကုန်ပိုင်းမှာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ Antenna Design နဲ့ 5G iPhone အသစ်တွေအပြင် Mini-OLED Display နဲ့ 5G iPad Pro ကိုပါ အတူမိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ iPhone 12 Series ဖုန်းတွေမိတ်ဆက်မယ့်အချိန်ကလည်း ပုံမှန်စက်တင်ဘာလအစား အောက်တိုဘာနောက်ပိုင်း နိုဝင်ဘာလကို ရွေ့ဆိုင်းထားတယ်လို့လည်း သိရပါတယ်။

Apple ရဲ့ Mini-LED Display နဲ့ iPad Pro တွေအတွက် Display ကို LG ကနေ ထောက်ပံ့ပေးနေတာဖြစ်ပြီး လာမယ့် MacBook Pro တွေအတွက်လည်း LG ကပဲ Mini-OLED Display တွေကို ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

ဒီလိုမျိုး Mini-LED Display ကိုပြောင်းလဲအသုံးပြုလိုက်တာက ပုံမှန် OLED Display ရဲ့ Color Accuracy နဲ့ စွမ်းဆောင်ရည်ကို ရရှိစေမယ့်အပြင် Display က ပိုပြီးပါးလွှာပေါ့ပါးမှာဖြစ်သလို OLED Display မှာလိုမျိုး Burn-in ပြဿနာကိုလည်း ကြုံတွေ့ရမှာမဟုတ်ပါဘူး။

Ref – GSM Arena