[Zawgyi]

၂၀၁၈ မွာ ကမာၻ႔နည္းပညာကုမၸဏီတိုင္းက သူတို႔ရဲ႕ ကုမၸဏီအမွတ္တံဆိပ္နဲ႔ 5G စမတ္ဖုန္းေတြကို ၂၀၁၉ ခုႏွစ္အတြင္းမွာ ေဈးကြက္ထဲပို႔ေဆာင္ႏိုင္ဖို႔ အၿပိဳင္အဆိုင္ ႀကိဳးပမ္းခဲ့ၾကပါတယ္။ Samsung, Huawei, Xiaomi, LG, ZTE စတဲ့ ကုမၸဏီေတြကေတာ့ 5G စမတ္ဖုန္းေတြက ေဈးကြက္ထဲကို အေစာဆုံးေရာက္ရွိေအာင္ပို႔ေဆာင္ႏိုင္ၾကမွာျဖစ္ေပမယ့္ Apple ကေတာ့ ေနာက္က်ၿမဲေနာက္က်ဆဲလို႔ ဆိုရမွာပါ။

မူလတုန္းက သတင္းထြက္ထားတာက Apple ရဲ႕ 5G iPhone ေတြဟာ ၂၀၂၀ အထိ ေဈးကြက္ထဲကို မေရာက္ႏိုင္ေသးဘူး ဆိုတာပါ။ ဒါေပမယ့္ အခုေနာက္ဆုံး ထြက္ေပၚလာတဲ့ သတင္းအရ ၂၀၂၁ ႏွစ္ဦးပိုင္းအထိေတာင္ 5G iPhone ေတြကို ေဈးကြက္ထဲမွာ ေတြ႕ရဖြယ္မရွိဘူးဆိုတာပါပဲ။

Intel, MediaTek အပါအဝင္ အျခား ေ႐ြးခ်ယ္စရာေတြ ရွိေနေပမယ့္ MediaTek က အရည္အေသြးနိမ့္၊ Samsung က မေရာင္းႏိုင္တာေၾကာင့္ 5G iPhone ေတြအတြက္ Intel ရဲ႕ Modems ေတြပဲ အသုံးျပဳသြားဖြယ္ ရွိေနတာပါ။ အေမရိကန္ ကုမၸဏီႀကီးဟာ အခုထိ 5G modem supplier ကို အတိအက်ေ႐ြးခ်ယ္ျခင္း မရွိေသးသလို ကိုယ္တိုင္ Modem ထုတ္လုပ္ျခင္းကလည္း အခ်ိန္တိုအတြင္း အေကာင္အထည္ေပၚလာဦးမွာ မဟုတ္ပါဘူး။

Intel ရဲ႕ 5G Modem ေတြကလည္း လာမယ့္ ၂၀၂၀ ပထမႏွစ္ဝက္ေလာက္မွာပဲ ထြက္ေပၚလာဖြယ္ရွိေနတာေၾကာင့္ ဒီအခ်ိန္ကာလဟာ Apple ရဲ႕ Deadline ကို မီဖြယ္မရွိဘူးလို႔ သုံးသပ္ရပါတယ္။ ဒါေၾကာင့္ပဲ 5G iPhone ေတြေတြ႕ရဖို႔ ေနာက္တစ္ႏွစ္ ေနာက္ဆုတ္ရဦးမယ္လို႔ ဆိုၾကတာပါ။ တစ္ဘက္ကိုၾကည့္ရင္ Qualcomm ရွိေနေသးေပမယ့္ ကုမၸဏီႏွစ္ခုရဲ႕ လက္ရွိဆက္ဆံေရးေၾကာင့္ ဘယ္လိုမွ မျဖစ္ႏိုင္ဘူးလို႔ပဲ သတ္မွတ္ထားရမွာပါ။

Ref: Phone Arena

[Unicode]

Apple ရဲ့ 5G iPhone တွေဟာ ၂၀၂၁ အထိ ထွက်ပေါ်လာဖွယ်မရှိဘူးလို့ လေ့လာသုံးသပ်သူများက ခန့်မှန်း

၂၀၁၈ မှာ ကမ္ဘာ့နည်းပညာကုမ္ပဏီတိုင်းက သူတို့ရဲ့ ကုမ္ပဏီအမှတ်တံဆိပ်နဲ့ 5G စမတ်ဖုန်းတွေကို ၂၀၁၉ ခုနှစ်အတွင်းမှာ ဈေးကွက်ထဲပို့ဆောင်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပါတယ်။ Samsung, Huawei, Xiaomi, LG, ZTE စတဲ့ ကုမ္ပဏီတွေကတော့ 5G စမတ်ဖုန်းတွေက ဈေးကွက်ထဲကို အစောဆုံးရောက်ရှိအောင်ပို့ဆောင်နိုင်ကြမှာဖြစ်ပေမယ့် Apple ကတော့ နောက်ကျမြဲနောက်ကျဆဲလို့ ဆိုရမှာပါ။

မူလတုန်းက သတင်းထွက်ထားတာက Apple ရဲ့ 5G iPhone တွေဟာ ၂၀၂၀ အထိ ဈေးကွက်ထဲကို မရောက်နိုင်သေးဘူး ဆိုတာပါ။ ဒါပေမယ့် အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းအရ ၂၀၂၁ နှစ်ဦးပိုင်းအထိတောင် 5G iPhone တွေကို ဈေးကွက်ထဲမှာ တွေ့ရဖွယ်မရှိဘူးဆိုတာပါပဲ။

Intel, MediaTek အပါအဝင် အခြား ရွေးချယ်စရာတွေ ရှိနေပေမယ့် MediaTek က အရည်အသွေးနိမ့်၊ Samsung က မရောင်းနိုင်တာကြောင့် 5G iPhone တွေအတွက် Intel ရဲ့ Modems တွေပဲ အသုံးပြုသွားဖွယ် ရှိနေတာပါ။ အမေရိကန် ကုမ္ပဏီကြီးဟာ အခုထိ 5G modem supplier ကို အတိအကျရွေးချယ်ခြင်း မရှိသေးသလို ကိုယ်တိုင် Modem ထုတ်လုပ်ခြင်းကလည်း အချိန်တိုအတွင်း အကောင်အထည်ပေါ်လာဦးမှာ မဟုတ်ပါဘူး။

Intel ရဲ့ 5G Modem တွေကလည်း လာမယ့် ၂၀၂၀ ပထမနှစ်ဝက်လောက်မှာပဲ ထွက်ပေါ်လာဖွယ်ရှိနေတာကြောင့် ဒီအချိန်ကာလဟာ Apple ရဲ့ Deadline ကို မီဖွယ်မရှိဘူးလို့ သုံးသပ်ရပါတယ်။ ဒါကြောင့်ပဲ 5G iPhone တွေတွေ့ရဖို့ နောက်တစ်နှစ် နောက်ဆုတ်ရဦးမယ်လို့ ဆိုကြတာပါ။ တစ်ဘက်ကိုကြည့်ရင် Qualcomm ရှိနေသေးပေမယ့် ကုမ္ပဏီနှစ်ခုရဲ့ လက်ရှိဆက်ဆံရေးကြောင့် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ပဲ သတ်မှတ်ထားရမှာပါ။

Ref: Phone Arena