Apple က Airpower Charging Mat ကို ၂၀၁၇ က ကြေညာခဲ့ပြီး ၂၀၁၈ မှာ ရောင်းပေးဖို့ ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၉ အထိ မရောင်းပေးနိုင်ခဲ့ဘဲ့ နည်းပညာ ပြဿနာတွေကြောင့် အဲဒီ ထုတ်ကုန်ကို မရောင်းပေးတော့ဘူးလို့ ပြောခဲ့ပါတယ်။ Apple Watch ကို အားသွင်းရင် အပူလွန်ကဲတဲ့ ပြဿနာ ရှိခဲ့တာပါ။

၂၀၂၀ မတ်လမှာတော့ Apple ဟာ Airpower ဖန်တီးတာ တိုးတက်လာပြီလို့ သတင်းထွက်လာပါတယ်။ အခုတော့ Leakster Jon Prosser က Apple ဟာ Airpower ကို အဆင့်မြှင့် ပြင်ဆင်နေပြီး နောက်ဆုံး နမူနာမော်ဒယ်ဟာ Apple Watch ကို အောင်မြင်စွာ အားသွင်းပေးနိုင်ပြီလို့ သတင်းပေးလိုက်ပါတယ်။

Prosser ရဲ့ ဧပြီလ ၁၀ ရက်နေ့ Tweet ၁ ခုမှာ Apple ဟာ Airpower မှာ A11 Chipset ကို သုံးပြီး အပူချိန်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ရေးသားထားပြီး အဲဒီ Chipset ကို iPhone 8 , 8 Plus နဲ့ iPhone X မှာ သုံးထားတာပါ။ Apple ဟာ Airpower စီမံကိန်း ဖျက်သိမ်းလိုက်ပြီလို့ ကြေညာပြီးနောက်မှာ အဲဒီ ထုတ်ကုန်ရဲ့ အကြောင်းကို ဘာမှ မပြောခဲ့ပါဘူး။ အဲဒီအတွက် Apple Airpower ကို နောက်မျိုးဆက် iPhone ကြေညာပွဲမှာ တွေ့မြင်ရနိုင်ပါတယ်။ Apple Device တွေကို အားသွင်းဖို့ Airpower ထွက်လာရင်တော့ Apple Fans တွေအတွက် ဝမ်းသာစရာပါ။

Ref : gsmarena