Apple က 10th Gen iPad ကို ကြေညာလိုက်ပြီး အရင်နှစ် မော်ဒယ်ထက် ပိုမိုပါးလွှာလာကာ ဘေးဘက်တွေက ပြားချပ်ပါတယ်။ ပိုကြီးတဲ့ ၁၀.၉ လက်မ 2360x1640p IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး Brightness က 500 nits ဖြစ်ပါတယ်။

Apple's iPad 10th gen gets USB-C, A14, new design, higher price

10th Gen iPad မှာ A14 Bionic Chip မောင်းနှင်ထားပြီး 6-core CPU , 4-core GPU နဲ့ 16-core Neural Engine ပါပါတယ်။ Silver, Blue , Pink နဲ့ Yellow အရောင်တွေ ရွေးချယ်နိုင်ပြီး 64GB နဲ့ 256GB Storage တွေ ထုတ်လုပ်ထားပါတယ်။ WiFi Only နဲ့ WiFi + 5G မော်ဒယ်တွေ ရွေးချယ်နိုင်ပြီး ပိုမြန်တဲ့ WiFi 6 ထောက်ပံ့ထားတာပါ။

Apple's iPad 10th gen gets USB-C, A14, new design, higher price

USB-C ကို ပြောင်းလဲ သုံးထားပြီး ပထမမျိုးဆက် Apple Pencil နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ Pencil ဟာ Lightning ကို သုံးတဲ့အတွက် ဘူးထဲမှာ ပါတဲ့ USB-C to Lightning Adapter လိုအပ်ပါတယ်။ Adapter ကို ၉ ဒေါ်လာနဲ့ ရောင်းချပေးထားပါတယ်။

Apple's iPad 10th gen gets USB-C, A14, new design, higher price

iPad 10th Gen မှာ 12MP f/2.4 122 Degree Ultrawide အရှေ့ ကင်မရာ တပ်ဆင်ထားပြီး Smart HDR 3 ကို ထောက်ပံ့ကာ 1080p 60fps ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ အနောက်ဘက်မှာ 12MP f1.8 AF Main ကင်မရာ ပါလာပြီး 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။

Apple က တက်ဘလက်အတွက် Magic Keyboard Folio ကို ထုတ်လုပ်ထားပြီး Smart Connector ကနေ ဆက်သွယ်ကာ သံလိုက်နဲ့ ချိတ်ဆက်နိုင်ပါတယ်။ Kickstand နဲ့ Trackpad လည်း ပါပြီး Keyboard ကို ၂၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

iPad 10th Gen ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၆ ရက်ကနေ ၁ ပတ် ၊ ၂ ပတ်အတွင်း ပို့ဆောင်မှာပါ။ တန်ဖိုးအနည်းဆုံး 64GB WiFi Only မော်ဒယ်ကို ၄၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

ref : gsmarena