Apple ဟာ iPhone 12 Series စမတ်ဖုန်းအသစ်တွေနဲ့အတူ MagSafe Charging နည်းပညာအသစ်ကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ MagSafe နည်းပညာဟာ ပုံမှန် Wireless Charging ကိုမှ သံလိုက်တွေထည့်သွင်းပေးထားတာဖြစ်ပြီး ပိုမြန်ဆန်တဲ့ Wireless Charging အပြင် တခြားသော Accessories တွေကိုပါ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

Apple ကနေ iPhone 12 Series မိတ်ဆက်တဲ့ Event မှာပဲ အလွယ်တကူခေါက်သိမ်းလို့ရပြီး iPhone 12 နဲ့ Apple Watch ကို တပြိုင်တည်းအားသွင်းနိုင်တဲ့ MagSafe Duo Charger အသစ်ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ Apple က ယခင်တုန်းက အလားတူ AirPower Charging Mat ကိုလည်း မိတ်ဆက်ခဲ့ဖူးပေမယ့် လက်တွေ့မှာတော့ ရောင်းချနိုင်ခြင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီအသစ်မိတ်ဆက်ထားတဲ့ MagSafe Duo Charger လည်း လက်ရှိအချိန်အထိ ရောင်းချမယ့်အချိန်ကို တရားဝင်ပြောကြားထားခြင်းမရှိသေးပေမယ့် စျေးနှုန်းကိုတော့ Apple Website မှာ တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ MagSafe Duo Charger ဟာ စျေးနှုန်းအနေနဲ့ $129 (မြန်မာငွေ ၁ သိန်း ၇ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး ရောင်းချမယ့်အချိန်ကိုတော့ “Coming Soon” လို့ပဲ ဖော်ပြထားပါတယ်။

ဒီလိုမျိုး MagSafe Duo Charger ဟာ ပုံမှန် MagSafe Charger ထက် ဒေါ်လာ ၈၀ ခန့်စျေးပိုကြီးနေသလို အားသွင်းဖို့အတွက် Adapter လည်းပါဝင်မှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် $129 တန် MagSafe Duo Charger အပြင် နောက်ထပ်အနိမ့်ဆုံး Apple ရဲ့ $19 တန် 20W USB-C Charger ကိုပါ ထပ်မံဝယ်ယူရဦးမှာဖြစ်ပါတယ်။

MagSafe Duo Charger အသစ်အပြင် Apple ကနေ $129 တန် iPhone 12 စမတ်ဖုန်းတွေအတွက် Leather Sleeve Case အသစ်တွေကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။

Ref – The Verge