ဒီရက်ထဲမှာ Apple ရဲ့ AirPods Pro Lite အကြောင်းက ရေပန်းစားနေပါတယ်။ အမေရိကန် နည်းပညာကုမ္ပဏီကြီးဟာ ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိပေမယ့် ခိုင်မာတဲ့ ကောလာဟလလို့တော့ ဆိုနိုင်ပါတယ်။

Ming-Chi Kou ကလည်း Apple အနေနဲ့ ဒီနှစ်လယ်မှာ ကြိုးမဲ့ဘလူးတုသ် နားကြပ်အသစ်တစ်ခု မိတ်ဆက်မယ်လို့ ဆိုထားပေမယ့် သူရည်ညွှန်းတာက အဆင့်မြင့်မော်ဒယ်လို့ သိရပါတယ်။ ဒါ့အပြင် Apple AirPods (X Generation) ကို အမေရိကန်ဒေါ်လာ ၃၉၉ ဒေါ်လာ ရောင်းချမယ်ဆိုတဲ့အတွင်းသတင်းကလည်း ထွက်ပေါ်လာခဲ့ပြန်ပါသေးတယ်။

Apple AirPods (X Generation) ဆိုပေမယ့် အကြီးစား နားကြပ်အမျိုးအစားဖြစ်တဲ့ “StudioPods” headphone လည်းဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။ အခြား ထုတ်ကုန်တွေအဖြစ် Apple TV Gen X ဖြစ်ပြီး (၁၇၉.၉၉ ဒေါ်လာ) ၊ Apple Watch Series X Band (ဈေးနှုန်းဖော်ပြမထား) နဲ့ Apple iPod Touch X Generation (၃၉၉.၉၉ ဒေါ်လာ) တွေကလည်း လာမယ့် မတ်လ Event မှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Apple အနေနဲ့ iPhone 9 နဲ့ iPad Pro မော်ဒယ်သစ်အပါအဝင် AirTags Tracking ဆက်စပ်ပစ္စည်းတွေကို ဒီ Event မှာ ပြသသွားမယ်လို့ ယူဆရပါတယ်။ အခုထွက်ပေါ်လာတဲ့ စာရင်းဟာ Apple က တရားဝင်ထုတ်ပြန်ထားတာမဟုတ်တဲ့အတွက် ပိုမိုခိုင်မာတဲ့ သတင်းရင်းမြစ်တွေကနေ ယိုစိမ့်ပေါက်ကြားလာတာကိုလည်း စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: Phone Arena