Zawgyi

Apple ကေန ၂၀၁၉ မွာ တန္ဖိုးသင့္ iPad ေတြထုတ္မယ္လို႔ သတင္းေတြထြက္ေပၚေနခဲ့ၿပီး ေစ်းသက္သက္သာသာနဲ႕ iPad ေတြဝယ္လို႔ရေတာ့မွာမို႔ ေစာင့္ေမွ်ာ္ေနၾကတဲ့ သူေတြေတာ္ေတာ္မ်ားပါတယ္။ တန္ဖိုးသင့္လို႔ ေျပာထားတဲ့အတြက္ သာမန္ iPad Pro အသစ္ မွာ ပါဝင္တဲ့ လုပ္ေဆာင္ခ်က္ေတြအကုန္ ပါဝင္လာမွာ မဟုတ္ဘူးဆိုတာကိုေတာ့ သိထားသင့္ပါတယ္။ တန္ဖိုးသင့္ iPhone အသစ္ျဖစ္တဲ့ iPhone XR မွာေတာင္ 3D Touch နဲ႕ Stainless Steel Body ေတြကို ထည့္သြင္းမေပးထားတဲ့အတြက္ တန္ဖိုးသင့္ iPad ေတြကို Feature ေတြ ေလွ်ာ့ထားမယ္ဆိုတာကေတာ့ အေသအခ်ာပါပဲ။

ထင္ထားတဲ့အတိုင္းပဲ ေနာက္ဆုံးရ သတင္းေတြအရ တန္ဖိုးသင့္ iPad အသစ္ေတြမွာ Apple ရဲ႕ Face ID နည္းပညာ မပါဝင္လာေတာ့ပါဘူး။ Face ID ဟာ iPhone X ရဲ႕ Notch ႀကီး က်ယ္ေနရျခင္းရဲ႕ အဓိက အခ်က္ျဖစ္ၿပီး TOF လို Sensor ေတြသုံးထားတဲ့အတြက္ သာမန္ Face Unlock စနစ္ေတြထက္ စိတ္ခ်ရၿပီး Touch ID နဲ႕ တူညီတဲ့ လုံၿခဳံမႈမ်ိဳး ေပးစြမ္းနိုင္ပါတယ္။

တန္ဖိုးသင့္ iPad ေတြမွာ Face ID မပါနိုင္ဘူးဆိုတဲ့ သတင္းကေတာ့ iOS 12.2 Beta ေဆာ့ဖ္ဝဲလ္ကို ေလ့လာခဲ့တဲ့သူတစ္ေယာက္စီက ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ Face ID အစား Touch ID ကိုပဲ ဆက္လက္ သုံးစြဲသြားမွာမို႔ အရင္ iPad ေတြမွာလို သမားရိုးက် ဒီဇိုင္းကိုပဲ ေတြ႕ရဖို႔မ်ားပါတယ္။

Apple ဟာ iPod Touch အသစ္ေတြကို ထုတ္ဖို႔လည္း ႀကိဳးစားေနပါတယ္။ တန္ဖိုးသင့္ iPad ေတြနည္းတူပဲ iPod အသစ္ေတြမွာလဲ Face ID မပါဝင္ပါဘူး။ ဒါ့အျပင္ Touch ID ေတာင္ မပါဝင္ဘူးလို႔ သိရပါတယ္။

Ref: Engadget

Unicode

Apple ရဲ့ နောက်ထုတ်မယ့် တန်ဖိုးသင့် iPad တွေမှာ Face ID မပါနိုင်

Apple ကနေ ၂၀၁၉ မှာ တန်ဖိုးသင့် iPad တွေထုတ်မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပြီး စျေးသက်သက်သာသာနဲ့ iPad တွေဝယ်လို့ရတော့မှာမို့ စောင့်မျှော်နေကြတဲ့ သူတွေတော်တော်များပါတယ်။ တန်ဖိုးသင့်လို့ ပြောထားတဲ့အတွက် သာမန် iPad Pro အသစ် မှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေအကုန် ပါဝင်လာမှာ မဟုတ်ဘူးဆိုတာကိုတော့ သိထားသင့်ပါတယ်။ တန်ဖိုးသင့် iPhone အသစ်ဖြစ်တဲ့ iPhone XR မှာတောင် 3D Touch နဲ့ Stainless Steel Body တွေကို ထည့်သွင်းမပေးထားတဲ့အတွက် တန်ဖိုးသင့် iPad တွေကို Feature တွေ လျှော့ထားမယ်ဆိုတာကတော့ အသေအချာပါပဲ။

ထင်ထားတဲ့အတိုင်းပဲ နောက်ဆုံးရ သတင်းတွေအရ တန်ဖိုးသင့် iPad အသစ်တွေမှာ Apple ရဲ့ Face ID နည်းပညာ မပါဝင်လာတော့ပါဘူး။ Face ID ဟာ iPhone X ရဲ့ Notch ကြီး ကျယ်နေရခြင်းရဲ့ အဓိက အချက်ဖြစ်ပြီး TOF လို Sensor တွေသုံးထားတဲ့အတွက် သာမန် Face Unlock စနစ်တွေထက် စိတ်ချရပြီး Touch ID နဲ့ တူညီတဲ့ လုံခြုံမှုမျိုး ပေးစွမ်းနိုင်ပါတယ်။

တန်ဖိုးသင့် iPad တွေမှာ Face ID မပါနိုင်ဘူးဆိုတဲ့ သတင်းကတော့ iOS 12.2 Beta ဆော့ဖ်ဝဲလ်ကို လေ့လာခဲ့တဲ့သူတစ်ယောက်စီက ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Face ID အစား Touch ID ကိုပဲ ဆက်လက် သုံးစွဲသွားမှာမို့ အရင် iPad တွေမှာလို သမားရိုးကျ ဒီဇိုင်းကိုပဲ တွေ့ရဖို့များပါတယ်။

Apple ဟာ iPod Touch အသစ်တွေကို ထုတ်ဖို့လည်း ကြိုးစားနေပါတယ်။ တန်ဖိုးသင့် iPad တွေနည်းတူပဲ iPod အသစ်တွေမှာလဲ Face ID မပါဝင်ပါဘူး။ ဒါ့အပြင် Touch ID တောင် မပါဝင်ဘူးလို့ သိရပါတယ်။

Ref: Engadget