Apple ဟာ နောက်လမှာ နောက်မျိုးဆက် iPhone 14 Series စမတ်ဖုန်းနဲ့ Watch Series 8 စမတ်နာရီတွေကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ အောက်တိုဘာလမှာလည်း iPad မော်ဒယ် အသစ်တွေကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Apple iPad

အဲဒီ iPad တွေထဲမှာ Apple ဟာ 10th Generation စွမ်းရည်နိမ့် iPad ကိုလည်း ကြေညာမှာ ဖြစ်ပြီး ဒီဇိုင်းကို ပြောင်းလဲထားမယ်လို့ သတင်းထွက်နေပါတယ်။

Apple iPad (10th generation): Everything you need to know

အခုတော့ DigiTimes က 10th Generation iPad ကို အမြောက်အများ ထုတ်လုပ်နေပြီလို့ သတင်းပေးလာပါတယ်။ အဲဒီ တက်ဘလက်မှာ Apple A14 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ အဲဒီ iPad မော်ဒယ်ရဲ့ သတင်းအချက်အလက် အသေးစိတ်တွေကို မသိရသေးပေမယ့် ပေါက်ကြားသတင်းတွေအရ ၁၀.၅ လက်မ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်တွေက ထူမှာပါ။

အနောက်ဘက်မှာ ကင်မရာ Bump ပါလာမှာ ဖြစ်ပြီး Touch ID ပါတဲ့ Home Button တပ်ဆင်ထားမှာပါ။ ပေါက်ကြား ဓါတ်ပုံတွေအရ နားကြပ်ပေါက်ကို ဖယ်ရှားထားနိုင်ပါတယ်။

9th Generation iPad မှာ ၁၀.၂ လက်မ မျက်နှာပြင်နဲ့ A13 Bionic Chip ထည့်သွင်းထားပြီး အရှေ့ဘက်မှာ Center Stage လုပ်ဆောင်ချက်ပါတဲ့ 12MP အရှေ့ ကင်မရာ ပါလာပါတယ်။ ပထမမျိုးဆက် Apple Pencil ထောက်ပံ့မှု ပါလာပြီး Space Gray နဲ့ Silver အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina