[Zawgyi]

Apple က ေမာင္းသူမဲ့ ကား နည္းပညာကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား ယခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုလည္း Bloomberg ရဲ႕ သတင္းအရ Apple ဟာ Drive ai ကုမၸဏီကို ၀ယ္ယူမယ္လို႔ သိရပါတယ္။ ကုမၸဏီဟာ ေမာင္းသူမဲ့ ကားမ်ားအတြက္ ဥာဏ္ရည္တု နည္းပညာကို ဖန္တီးေနတာ ျဖစ္ပါတယ္။

The Information ရဲ႕ သတင္းအရ Apple ဟာ Drive ai ကုမၸဏီတစ္ခုလံုးကို ၀ယ္ယူမွာ မဟုတ္ဘဲ ကုမၸဏီမွ ပညာရွင္မ်ားကိုသာ ငွားရမ္းမွာ ျဖစ္ပါတယ္။ Apple ဟာ ေမာင္းသူမဲ့ ကားမ်ားကို စမ္းသပ္ေနတဲ့ သတင္းမ်ားလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္က Apple ဟာ ေမာင္းသူမဲ့ ကားမ်ားကို စမ္းသပ္ဖို႔ Volkswagen နဲ႔ ပူးေပါင္းခဲ့တယ္လို႔လည္း သတင္းထြက္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ စက္တင္ဘာလမွာ Apple ရဲ႕ ေမာင္းသူမဲ့ ကားဟာ မေတာ္တဆမႈ တစ္ခု ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ မေတာ္တဆမႈမွာ လူတစ္ဦးတစ္ေယာက္မွ ထိခိုက္ဒဏ္ရာရခဲ့ျခင္း မရွိဘူးလို႔ သိရပါတယ္။

ယခုႏွစ္ ဇန္န၀ါရီလမွာ Apple က သူ႔ရဲ႕ ေမာင္းသူမဲ့ ကားစီမံကိန္းကေန ၀န္ထမ္း ၂၀၀ ကို ထုတ္ပယ္ခဲ့တယ္လို႔ သိရပါတယ္။ ဘာေၾကာင့္လဲ ဆိုတာကိုေတာ့ မသိခဲ့ပါဘူး။ ၿပီးခဲ့တဲ့ ႏွစ္ ႏို၀င္ဘာလမွာ Apple ရဲ႕ စီအီးအို Tim Cook က ေမာင္းသူမဲ့ ကားမ်ားအတြက္ ေဆာ့ဖ္၀ဲကို ဖန္တီးေနတယ္လို႔ CNN ကို ေျပာခဲ့ပါတယ္။ Drive ai ကို ၀ယ္ယူျခင္းဟာ Apple ရဲ႕ ေမာင္းသူမဲ့ ကားနည္းပညာအတြက္ Machine Learning အပိုင္းမွာ တိုးတက္ေစမွာ ျဖစ္ပါတယ္။

Ref : tnw

[Unicode]

Apple က မောင်းသူမဲ့ ကား ဖန်တီးနေတဲ့ ကုမ္ပဏီ တစ်ခုကို ဝယ်ယူဟု ဆို

Apple က မောင်းသူမဲ့ ကား နည်းပညာကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ ယခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း Bloomberg ရဲ့ သတင်းအရ Apple ဟာ Drive ai ကုမ္ပဏီကို ဝယ်ယူမယ်လို့ သိရပါတယ်။ ကုမ္ပဏီဟာ မောင်းသူမဲ့ ကားများအတွက် ဉာဏ်ရည်တု နည်းပညာကို ဖန်တီးနေတာ ဖြစ်ပါတယ်။

The Information ရဲ့ သတင်းအရ Apple ဟာ Drive ai ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူမှာ မဟုတ်ဘဲ ကုမ္ပဏီမှ ပညာရှင်များကိုသာ ငှားရမ်းမှာ ဖြစ်ပါတယ်။ Apple ဟာ မောင်းသူမဲ့ ကားများကို စမ်းသပ်နေတဲ့ သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ နှစ်က Apple ဟာ မောင်းသူမဲ့ ကားများကို စမ်းသပ်ဖို့ Volkswagen နဲ့ ပူးပေါင်းခဲ့တယ်လို့လည်း သတင်းထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလမှာ Apple ရဲ့ မောင်းသူမဲ့ ကားဟာ မတော်တဆမှု တစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မတော်တဆမှုမှာ လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ယခုနှစ် ဇန်နဝါရီလမှာ Apple က သူ့ရဲ့ မောင်းသူမဲ့ ကားစီမံကိန်းကနေ ဝန်ထမ်း ၂၀၀ ကို ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲ ဆိုတာကိုတော့ မသိခဲ့ပါဘူး။ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလမှာ Apple ရဲ့ စီအီးအို Tim Cook က မောင်းသူမဲ့ ကားများအတွက် ဆော့ဖ်ဝဲကို ဖန်တီးနေတယ်လို့ CNN ကို ပြောခဲ့ပါတယ်။ Drive ai ကို ဝယ်ယူခြင်းဟာ Apple ရဲ့ မောင်းသူမဲ့ ကားနည်းပညာအတွက် Machine Learning အပိုင်းမှာ တိုးတက်စေမှာ ဖြစ်ပါတယ်။

Ref : tnw