Apple ဟာ ဆောင်းရာသီမှာ နောက်မျိုးဆက် iPad Pro ကို ကြေညာတော့မယ်လို့ ထင်ရပြီး အခုထွက်လာတဲ့ သတင်းသာ မှန်မယ်ဆိုရင် အဲဒီ စွမ်းရည်မြင့် တက်ဘလက်မှာ Apple မကြေညာရသေးတဲ့ M2 Chipset ပါလာနိုင်ပါတယ်။ @Dylandkt က ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး သူက iPad Pro အသစ်အတွက် ၁၁ လက်မနဲ့ ၁၂.၉ လက်မ မော်ဒယ်တွေ ထုတ်လုပ်ထားမယ်လို့ ပြောပါတယ်။

iPad Pro 2022-front and back

iPad Pro အသစ်မှာ အရင်က သတင်းထွက်ခဲ့သလို MagSafe Charging လုပ်ဆောင်ချက် မပါလာနိုင်ဘူးလို့ အခုသတင်းက ပြောပါတယ်။ ဒါ့အပြင် ၁၁ လက်မ မော်ဒယ်မှာ ကုမ္ပဏီက ၁၂.၉ လက်မ မော်ဒယ်မှာ အသုံးပြုခဲ့ဖူးတဲ့ Mini-LED Backlit မျက်နှာပြင် ပါလာမယ်လို့ သိရပါတယ်။

Apple allegedly working on an iPad Pro prototype with MagSafe charging  glass logo - GSMArena.com news

လက်ရှိ မျိုးဆက် မော်ဒယ်မှာ Apple M1 Chipset ကို သုံးထားတဲ့အတွက် iPad Pro အသစ်မှာ M2 Chipset ထည့်ထားမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ သိပ်မသေချာသေးတာက Apple M2 Chipset ကို TSMC ရဲ့ 3nm Process နဲ့ ထုတ်လုပ်ထားမလား ဆိုတာပါ။

iPad Pro အသစ်မှာပဲ M2 Processor ပါလာမှာ မဟုတ်ဘဲ Apple ဟာ M2 Chipset ပါတဲ့ ၁၄ လက်မ MacBook Pro ကို ဒီနှစ် ဒုတိယ နှစ်ဝက်နဲ့ MacBook Air အသစ်ကို လာမယ့် လအနည်းငယ်အတွင်း ကြေညာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

Apple ဟာ ဆောင်းရာသီမှာ AirPods Pro 2 True Wireless နားကြပ်ကိုပါ ကြေညာမယ်လို့ သတင်းပေါက်ကြားနေပြီး အဲဒီ ထုတ်ကုန် အားလုံးရဲ့ သတင်းအချက်အလက်တွေ လာမယ့် ရက်သတ္တပတ် သို့မဟုတ် လအနည်းငယ်အတွင်း ပိုမိုသိလာရနိုင်ပါတယ်။

Ref : gizmochina