Zawgyi

အေမရိကန္အစုိးရမွ စတင္ခဲ့တဲ့ ကုန္သြယ္စစ္ပြဲ ကယက္ဟာ ထင္ထားတာထက္ ပိုႀကီးလာၿပီး ဒီတစ္ခါ အလွည့္က်သူကေတာ့ မိုဘုိင္းဖုန္းေတြရဲ႕ ခ်စ္ပ္ဆက္ေတြကို ဒီဇုိင္းဆြဲထုတ္လုပ္ေပးတဲ့ ARM ကုမၸဏီ ပါဝင္ဖို႔ အလွည့္က်လာပါတယ္။

ဂ်ပန္အေျခစုိက္ SoftBank Group ကပုိင္ဆုိင္ၿပီး ယူႏုိက္တက္ကင္းဒန္းမွာ အေျခစုိက္တာျဖစ္တဲ့ ARM ကုမၸဏီဟာ အေမရိကန္တုိ႔ရဲ႕ ကုန္သြယ္တုိက္ပြဲမွာ ဝင္မပါေလာက္ဘူးလို႔ ထင္ခဲ့ၾကေပမယ့္ သူတုိ႔ရဲ႕ ဝန္ထမ္းေတြအားလုံးကို Huawei အမွတ္တံဆိပ္နဲ႔ လက္ရွိစာခ်ဳပ္မ်ား၊ အခြင့္အေရးမ်ားနဲ႔ ညွိႏႈိင္းလက္စ အားလုံးကို တစ္ခါတည္းရပ္တန္႔ဖို႔ စာထုတ္ျပန္လိုက္တာပဲျဖစ္ပါတယ္။ အေၾကာင္းျပခ်က္ကေတာ့ ARM ရဲ႕ ဒီဇုိင္းဟာ အေမရိကန္မွ ျမစ္ဖ်ားခံလာတဲ့ နည္းပညာျဖစ္တဲ့အတြက္လို႔ ဆုိပါတယ္။

ARM ရဲ႕ေျပာေရးဆုိခြင့္ရွိသူကေတာ့ “ARM ကုမၸဏီဟာ အေမရိကန္အစုိးရက ေနာက္ဆုံးခ်မွတ္လိုက္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာျခင္းသာ ျဖစ္တယ္”လို႔ ေျပာၾကားခဲ့ၿပီး တရုတ္အေျခစုိက္ကုမၸဏီ Huawei ကေတာ့ ARM ရဲ႕လုပ္ရပ္အေပၚမွာ ပူးတြဲလုပ္ေဆာင္ဖက္ ကုမၸဏီေတြနဲ႔ ဆက္ဆံေရးကို တန္ဖိုးထားေၾကာင္းနဲ႔ ႏုိင္ငံေရးရည္ရြယ္ခ်က္နဲ႔ခ်မွတ္ခံရတဲ့ ဆုံးျဖတ္ခ်က္တစ္ခ်ဳိ႕ေအာက္မွာ ဖိအားခံေနရတာကိုလည္း နားလည္ေၾကာင္း ျပန္လည္ထုတ္ျပန္ေပးခဲ့ပါတယ္။

ARM ရဲ႕နည္းပညာဟာ လက္ရွိကမာၻေပၚမွာ သုံးစြဲေနတဲ့ စမတ္ဖုန္းအားလုံးနီးပါးရဲ႕ မုိဘုိင္း Chipset ေတြရဲ႕ အေျခခံဒီဇုိင္းျဖစ္တာေၾကာင့္ သူ႕နည္းပညာမပါဘဲနဲ႔လည္း Huawei အေနနဲ႔ ကိုယ္ပုိင္ CPU ေတြကို ခ်က္ခ်င္းထုတ္လုပ္ႏုိင္မွာ မဟုတ္ပါဘူး။

အေမရိကန္ဟာ Google လို အေမရိကန္ကုမၸဏီေတြအားလုံးကို Huawei နဲ႔ကုန္သြယ္ဖို႔ တားျမစ္ပိတ္ပင္ထားၿပီး မၾကာေသးခင္ကေတာ့ ရက္ ၉၀ ယာယီေျဖေလ်ာ့ေပးခဲ့ျပန္ပါတယ္။ Huawei ဟာ ဒီလို ျဖစ္ရပ္အတြက္ ၾကိဳတင္ျပင္ဆင္ထားၿပီး စမတ္ဖုန္းထုတ္လုပ္ရန္လုိအပ္တဲ့ အေမရိကန္ကုမၸဏီထုတ္ အစိတ္အပုိင္းမ်ားကို ၃ လကေန တစ္ႏွစ္စာအထိ လုံေလာက္ေအာင္ အၾကီးအက်ယ္ သုိေလွာင္ထားတယ္လို႔ ဆုိပါတယ္။

Ref – GSM Arena

Unicode

အမေရိကန်အစိုးရမှ စတင်ခဲ့တဲ့ ကုန်သွယ်စစ်ပွဲ ကယက်ဟာ ထင်ထားတာထက် ပိုကြီးလာပြီး ဒီတစ်ခါ အလှည့်ကျသူကတော့ မိုဘိုင်းဖုန်းတွေရဲ့ ချစ်ပ်ဆက်တွေကို ဒီဇိုင်းဆွဲထုတ်လုပ်ပေးတဲ့ ARM ကုမ္ပဏီ ပါဝင်ဖို့ အလှည့်ကျလာပါတယ်။

ဂျပန်အခြေစိုက် SoftBank Group ကပိုင်ဆိုင်ပြီး ယူနိုက်တက်ကင်းဒန်းမှာ အခြေစိုက်တာဖြစ်တဲ့ ARM ကုမ္ပဏီဟာ အမေရိကန်တို့ရဲ့ ကုန်သွယ်တိုက်ပွဲမှာ ဝင်မပါလောက်ဘူးလို့ ထင်ခဲ့ကြပေမယ့် သူတို့ရဲ့ ဝန်ထမ်းတွေအားလုံးကို Huawei အမှတ်တံဆိပ်နဲ့ လက်ရှိစာချုပ်များ၊ အခွင့်အရေးများနဲ့ ညှိနှိုင်းလက်စ အားလုံးကို တစ်ခါတည်းရပ်တန့်ဖို့ စာထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ ARM ရဲ့ ဒီဇိုင်းဟာ အမေရိကန်မှ မြစ်ဖျားခံလာတဲ့ နည်းပညာဖြစ်တဲ့အတွက်လို့ ဆိုပါတယ်။

ARM ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ “ARM ကုမ္ပဏီဟာ အမေရိကန်အစိုးရက နောက်ဆုံးချမှတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းသာ ဖြစ်တယ်”လို့ ပြောကြားခဲ့ပြီး တရုတ်အခြေစိုက်ကုမ္ပဏီ Huawei ကတော့ ARM ရဲ့လုပ်ရပ်အပေါ်မှာ ပူးတွဲလုပ်ဆောင်ဖက် ကုမ္ပဏီတွေနဲ့ ဆက်ဆံရေးကို တန်ဖိုးထားကြောင်းနဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ချမှတ်ခံရတဲ့ ဆုံးဖြတ်ချက်တစ်ချို့အောက်မှာ ဖိအားခံနေရတာကိုလည်း နားလည်ကြောင်း ပြန်လည်ထုတ်ပြန်ပေးခဲ့ပါတယ်။

ARM ရဲ့နည်းပညာဟာ လက်ရှိကမ္ဘာပေါ်မှာ သုံးစွဲနေတဲ့ စမတ်ဖုန်းအားလုံးနီးပါးရဲ့ မိုဘိုင်း Chipset တွေရဲ့ အခြေခံဒီဇိုင်းဖြစ်တာကြောင့် သူ့နည်းပညာမပါဘဲနဲ့လည်း Huawei အနေနဲ့ ကိုယ်ပိုင် CPU တွေကို ချက်ချင်းထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး။

အမေရိကန်ဟာ Google လို အမေရိကန်ကုမ္ပဏီတွေအားလုံးကို Huawei နဲ့ကုန်သွယ်ဖို့ တားမြစ်ပိတ်ပင်ထားပြီး မကြာသေးခင်ကတော့ ရက် ၉၀ ယာယီဖြေလျော့ပေးခဲ့ပြန်ပါတယ်။ Huawei ဟာ ဒီလို ဖြစ်ရပ်အတွက် ကြိုတင်ပြင်ဆင်ထားပြီး စမတ်ဖုန်းထုတ်လုပ်ရန်လိုအပ်တဲ့ အမေရိကန်ကုမ္ပဏီထုတ် အစိတ်အပိုင်းများကို ၃ လကနေ တစ်နှစ်စာအထိ လုံလောက်အောင် အကြီးအကျယ် သိုလှောင်ထားတယ်လို့ ဆိုပါတယ်။

Ref – GSM Arena