[Zawgyi]

အေမရိကန္ စစ္တပ္က သယ္ယူပို႔ေဆာင္ေရး စက္ရုပ္ ယာဥ္မ်ားနဲ႔ ရန္သူ႔တည္ေနရာကို အလိုလို ပစ္မွတ္ခ်ိန္ေပးတဲ့ စက္ရုပ္နည္းပညာမ်ားကို စမ္းသပ္ေနပါတယ္။ အခုေတာ့ M113 တိုက္ခိုက္ေရး ယာဥ္မ်ားကို အေျချပဳ တည္ေဆာက္ထားတဲ့ Robotic Combat Vehicle (RCV) မ်ားကို လာမယ့္ႏွစ္မွာ စမ္းသပ္မယ္လို႔ ေျပာပါတယ္။

အေမရိကန္ စစ္သားမ်ားက “Mission Enabler Technologies-Demonstrators, or MET-Ds.” အမည္ရ Bradley Fighting Vehicle ကေန RCVs မ်ားကို ထိန္းခ်ဳပ္မွာ ျဖစ္တယ္လို႔ စစ္တပ္က ၾကာသာပေတးေန႔က ေျပာပါတယ္။ ပထမ အသုတ္ စမ္းသပ္မႈကို ေကာ္လိုရာဒိုရွိ Fort Carson မွာ လာမယ့္ မတ္လမွာ စတင္မွာ ျဖစ္ၿပီး MET-D ႏွစ္စီးနဲ႔ RCVs ေလးစီးတို႔ ပါ၀င္မွာ ျဖစ္ပါတယ္။ MET-D တစ္စီးစီမွာ ယာဥ္ေမာင္းတစ္ဦးနဲ႔ စက္ရုပ္ ယာဥ္မ်ားကို ထိန္းခ်ဳပ္မယ့္ စစ္သားေလးဦးပါလာမွာ ျဖစ္ပါတယ္။

RCVs မ်ားဟာ တကယ္တမ္းေတာ့ အလိုအေလွ်ာက္ ေမာင္းႏွင္တိုက္ခိုက္ႏိုင္တဲ့ ယာဥ္မ်ား မဟုတ္ၾကပါဘူး။ သူတို႔မွာ စစ္သားမ်ားနဲ႔ ယာဥ္ေမာင္းမ်ား မပါေပမယ့္  သူတို႔ကို အျခား ယာဥ္မ်ားမွ စစ္သားမ်ားက ထိန္းခ်ဳပ္ တိုက္ခိုက္ရမွာ ျဖစ္ပါတယ္။ သူတို႔ဟာ အနာဂတ္မွာ သံုးမယ့္ နမူနာေမာ္ဒယ္မ်ား အဆင့္သာ ရွိပါေသးတယ္။ စမ္းသပ္မႈမွာ ပါ၀င္တဲ့ စစ္သားမ်ားဟာ အားနည္းခ်က္မ်ားကို ရွာေဖြၿပီး အနာဂတ္မွာ ပိုေကာင္းေအာင္ ဖန္တီးၾကမွာပါ။

ေျခလ်င္ စစ္တပ္က ေနာက္ႏွစ္ ေမလမွာ ဥေရာပတြင္ RCVs မ်ားကို စမ္းသပ္ၾကမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ စမ္းသပ္မႈကို ၂၀၂၁ ခုႏွစ္မွာ ျပဳလုပ္မွာ ျဖစ္ၿပီး MET-Ds ေျခာက္စီး ၊ M113 RCVs ေလးစီး နဲ႔အတူ အရြယ္ေသး RCVs ေလးစီး ပါ၀င္မွာ ျဖစ္ပါတယ္။ တတိယအႀကိမ္ စမ္းသပ္မႈကို ၂၀၂၃ ခုႏွစ္မွာ ျပဳလုပ္မွာ ျဖစ္ၿပီး MET-Ds ေျခာက္စီး၊ M113 RCVs ေလးစီးနဲ႔ အရြယ္ႀကီး RCVs ေလးစီး ပါ၀င္မွာ ျဖစ္ပါတယ္။

Ref : gizmodo

[Unicode]

အမေရိကန် စစ်တပ်က လက်နက်များ တပ်ဆင်ထားတဲ့ စက်ရုပ် ယာဉ်များကို စမ်းသပ်မည်

အမေရိကန် စစ်တပ်က သယ်ယူပို့ဆောင်ရေး စက်ရုပ် ယာဉ်များနဲ့ ရန်သူ့တည်နေရာကို အလိုလို ပစ်မှတ်ချိန်ပေးတဲ့ စက်ရုပ်နည်းပညာများကို စမ်းသပ်နေပါတယ်။ အခုတော့ M113 တိုက်ခိုက်ရေး ယာဉ်များကို အခြေပြု တည်ဆောက်ထားတဲ့ Robotic Combat Vehicle (RCV) များကို လာမယ့်နှစ်မှာ စမ်းသပ်မယ်လို့ ပြောပါတယ်။

အမေရိကန် စစ်သားများက “Mission Enabler Technologies-Demonstrators, or MET-Ds.” အမည်ရ Bradley Fighting Vehicle ကနေ RCVs များကို ထိန်းချုပ်မှာ ဖြစ်တယ်လို့ စစ်တပ်က ကြာသာပတေးနေ့က ပြောပါတယ်။ ပထမ အသုတ် စမ်းသပ်မှုကို ကော်လိုရာဒိုရှိ Fort Carson မှာ လာမယ့် မတ်လမှာ စတင်မှာ ဖြစ်ပြီး MET-D နှစ်စီးနဲ့ RCVs လေးစီးတို့ ပါဝင်မှာ ဖြစ်ပါတယ်။ MET-D တစ်စီးစီမှာ ယာဉ်မောင်းတစ်ဦးနဲ့ စက်ရုပ် ယာဉ်များကို ထိန်းချုပ်မယ့် စစ်သားလေးဦးပါလာမှာ ဖြစ်ပါတယ်။

RCVs များဟာ တကယ်တမ်းတော့ အလိုအလျှောက် မောင်းနှင်တိုက်ခိုက်နိုင်တဲ့ ယာဉ်များ မဟုတ်ကြပါဘူး။ သူတို့မှာ စစ်သားများနဲ့ ယာဉ်မောင်းများ မပါပေမယ့် သူတို့ကို အခြား ယာဉ်များမှ စစ်သားများက ထိန်းချုပ် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ သူတို့ဟာ အနာဂတ်မှာ သုံးမယ့် နမူနာမော်ဒယ်များ အဆင့်သာ ရှိပါသေးတယ်။ စမ်းသပ်မှုမှာ ပါဝင်တဲ့ စစ်သားများဟာ အားနည်းချက်များကို ရှာဖွေပြီး အနာဂတ်မှာ ပိုကောင်းအောင် ဖန်တီးကြမှာပါ။

ခြေလျင် စစ်တပ်က နောက်နှစ် မေလမှာ ဥရောပတွင် RCVs များကို စမ်းသပ်ကြမှာ ဖြစ်ပါတယ်။ နောက်ထပ် စမ်းသပ်မှုကို ၂၀၂၁ ခုနှစ်မှာ ပြုလုပ်မှာ ဖြစ်ပြီး MET-Ds ခြောက်စီး ၊ M113 RCVs လေးစီး နဲ့အတူ အရွယ်သေး RCVs လေးစီး ပါဝင်မှာ ဖြစ်ပါတယ်။ တတိယအကြိမ် စမ်းသပ်မှုကို ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မှာ ဖြစ်ပြီး MET-Ds ခြောက်စီး၊ M113 RCVs လေးစီးနဲ့ အရွယ်ကြီး RCVs လေးစီး ပါဝင်မှာ ဖြစ်ပါတယ်။

Ref : gizmodo