[Zawgyi]

ၿပီးခဲ့တဲ့တစ္ပတ္တုန္းက ကေနဒါကိုအသြားမွာ အေမရိကန္ရဲ႕ ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံခဲ့ရတဲ့ Huawei CFO Meng Wanzhou (မုန႔္ဝမ့္က်ိဳး) ဟာ တရား႐ုံးရဲ႕ သုံးရက္ၾကာ စစ္ေဆးၾကားနာမႈကို ခံယူအၿပီးမွာ အေမရိကန္ ေဒၚလာ ၇.၅ သန္း အာမခံနဲ႔အတူ ထိန္းသိမ္းခံရျခင္းက လြတ္ေျမာက္လာၿပီလို႔ သိရပါတယ္။

ဒါေပမယ့္ အာမခံနဲ႔သာ လြတ္ေျမာက္လာရတာျဖစ္လို႔ ေနအိမ္အက်ယ္ခ်ဳပ္အေနနဲ႔ ေစာင့္ၾကည့္ခံေနရတုန္း ျဖစ္ပါတယ္။ ဒါေၾကာင့္ သူမဟာ ႏိုင္ငံကူးလက္မွတ္စာအုပ္ေတြကိုလည္း အပ္ႏွံထားရသလို Vancouver (ဗန္ကူးဗား) က သူမရဲ႕ ေနအိမ္အတြက္ ပုဂၢလိကလုံၿခဳံေရးအေစာင့္ေတြကိုလည္း ဖယ္ရွားေပးခဲ့ရပါတယ္။ အာမခံစည္းမ်ဥ္းထဲမွာ အေမရိကန္ေဒၚလာ ၂.၂ သန္းတန္ေၾကးရွိတဲ့ သူမပိုင္ဆိုင္တဲ့ အိမ္ကိုလည္း အာမခံအျဖစ္ ထားရွိခဲ့ရပါတယ္။

သူမဟာ GPS tracking လက္ေကာက္ကို ဝတ္ဆင္ဖို႔ သေဘာတူခဲ့ရၿပီး ည ၁၁ နာရီကေန မနက္ ၆ နာရီအတြင္း ေနအိမ္မွာပဲ ရွိေနဖို႔ (ညမထြက္ရအမိန႔္) ကိုလည္း သေဘာတူခဲ့ရတာ ျဖစ္ပါတယ္။ မုန႔္ရဲ႕ ေရွ႕ေနကေတာ့ သူ႔ရဲ႕အမႈသည္ဟာ ဗန္ကူးဗားက သူမပိုင္ေနအိမ္မွာ ၁၅ ႏွစ္ေလာက္ အက်ယ္ခ်ဳပ္အျဖစ္နဲ႔ ေနထိုင္ဖို႔ စိတ္ကူးမရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။ ဒီလိုလုပ္ျခင္းက သူမအပါအဝင္ သူမရဲ႕ မိသားစု၊ Huawei နဲ႔ တ႐ုတ္အစိုးရတို႔အတြက္ မ်က္ႏွာပ်က္စရာလည္း ျဖစ္တယ္လို႔ ဆိုသြားခဲ့ပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကေတာ့ သူ႔အေနနဲ႔ ဒီအမႈမွာ ၾကားဝင္ျဖန္ေျဖေပးႏိုင္ေျခရွိတယ္လို႔ အရိပ္အႁမြတ္ ေျပာခဲ့ပါတယ္။ ဒီလိုသာ ၾကားဝင္ျဖန္ေျဖႏိုင္ခဲ့ရင္ တ႐ုတ္နဲ႔ အေမရိကန္ၾကား ျဖစ္ပြားေနတဲ့ ကုန္သြယ္ေရးစစ္ပြဲအတြက္ ႀကီးမားတဲ့ သေဘာတူညီမႈ တစ္ခုကို ဖန္တီးသြားႏိုင္ဖြယ္လည္း ရွိေနတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ႕ ကုန္သြယ္ေရးစစ္ပြဲဟာ တင္းမာမႈေတြျဖစ္ေပၚေနဆဲ ျဖစ္ပါတယ္။ အေမရိကန္ကလည္း တ႐ုတ္နည္းပညာကုမၸဏီေတြျဖစ္တဲ့ Huawei နဲ႔ ZTE တို႔ကို အဓိကပစ္မွတ္ထားၿပီး ထိုးႏွက္ေနသလို တ႐ုတ္ကလည္း အခါအားေလ်ာ္စြာ တန္ျပန္ထိုးႏွက္ျခင္းအျဖစ္ အေမရိကန္နည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ Apple ရဲ႕ iPhone အခ်ိဳ႕ကို တ႐ုတ္ျပည္တြင္း တင္သြင္းေရာင္းခ်ခြင့္ ပိတ္ပင္ခဲ့ပါတယ္။

 

Ref: GSMarena

 

[Unicode]

ပြီးခဲ့တဲ့တစ်ပတ်တုန်းက ကနေဒါကိုအသွားမှာ အမေရိကန်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတဲ့ Huawei CFO Meng Wanzhou (မုန့်ဝမ့်ကျိုး) ဟာ တရားရုံးရဲ့ သုံးရက်ကြာ စစ်ဆေးကြားနာမှုကို ခံယူအပြီးမှာ အမေရိကန် ဒေါ်လာ ၇.၅ သန်း အာမခံနဲ့အတူ ထိန်းသိမ်းခံရခြင်းက လွတ်မြောက်လာပြီလို့ သိရပါတယ်။

ဒါပေမယ့် အာမခံနဲ့သာ လွတ်မြောက်လာရတာဖြစ်လို့ နေအိမ်အကျယ်ချုပ်အနေနဲ့ စောင့်ကြည့်ခံနေရတုန်း ဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ နိုင်ငံကူးလက်မှတ်စာအုပ်တွေကိုလည်း အပ်နှံထားရသလို Vancouver (ဗန်ကူးဗား) က သူမရဲ့ နေအိမ်အတွက် ပုဂ္ဂလိကလုံခြုံရေးအစောင့်တွေကိုလည်း ဖယ်ရှားပေးခဲ့ရပါတယ်။ အာမခံစည်းမျဉ်းထဲမှာ အမေရိကန်ဒေါ်လာ ၂.၂ သန်းတန်ကြေးရှိတဲ့ သူမပိုင်ဆိုင်တဲ့ အိမ်ကိုလည်း အာမခံအဖြစ် ထားရှိခဲ့ရပါတယ်။

သူမဟာ GPS tracking လက်ကောက်ကို ဝတ်ဆင်ဖို့ သဘောတူခဲ့ရပြီး ည ၁၁ နာရီကနေ မနက် ၆ နာရီအတွင်း နေအိမ်မှာပဲ ရှိနေဖို့ (ညမထွက်ရအမိန့်) ကိုလည်း သဘောတူခဲ့ရတာ ဖြစ်ပါတယ်။ မုန့်ရဲ့ ရှေ့နေကတော့ သူ့ရဲ့အမှုသည်ဟာ ဗန်ကူးဗားက သူမပိုင်နေအိမ်မှာ ၁၅ နှစ်လောက် အကျယ်ချုပ်အဖြစ်နဲ့ နေထိုင်ဖို့ စိတ်ကူးမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းက သူမအပါအဝင် သူမရဲ့ မိသားစု၊ Huawei နဲ့ တရုတ်အစိုးရတို့အတွက် မျက်နှာပျက်စရာလည်း ဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူ့အနေနဲ့ ဒီအမှုမှာ ကြားဝင်ဖြန်ဖြေပေးနိုင်ခြေရှိတယ်လို့ အရိပ်အမြွတ် ပြောခဲ့ပါတယ်။ ဒီလိုသာ ကြားဝင်ဖြန်ဖြေနိုင်ခဲ့ရင် တရုတ်နဲ့ အမေရိကန်ကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲအတွက် ကြီးမားတဲ့ သဘောတူညီမှု တစ်ခုကို ဖန်တီးသွားနိုင်ဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ တင်းမာမှုတွေဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်ကလည်း တရုတ်နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Huawei နဲ့ ZTE တို့ကို အဓိကပစ်မှတ်ထားပြီး ထိုးနှက်နေသလို တရုတ်ကလည်း အခါအားလျော်စွာ တန်ပြန်ထိုးနှက်ခြင်းအဖြစ် အမေရိကန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ရဲ့ iPhone အချို့ကို တရုတ်ပြည်တွင်း တင်သွင်းရောင်းချခွင့် ပိတ်ပင်ခဲ့ပါတယ်။

 

Ref: GSMarena