[Zawgyi]

တိုင္ေပၿမိဳ႕မွာ ျပဳလုပ္ေနတဲ့ Computex Event က တကမာၻလုံးမွာ အႀကီးမားဆုံးျဖစ္သလို အားလုံး သိရွိၿပီးျဖစ္တဲ့အတိုင္း ASUS ကေနလည္း ASUS Zenbook Pro Duo လိုမ်ိဳး အနာဂတ္ရဲ႕ Laptop တစ္ခုအပါအဝင္ Product အမ်ားအျပားကို မိတ္ဆက္လာခဲ့ပါတယ္။ အဲ့ဒီအတြက္ ဒီ Computex 2019 ပြဲမွာ ASUS နဲ႔ ROG Booth ေတြကို လည္ပတ္ၿပီး ဘယ္လို Product ေတြက ေနရာယူထားသလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

ASUS ရဲ႕ Event Booth မွာေတာ့ အဓိကအေနနဲ႔ 30th Year Anniversary အေနနဲ႔ ထြက္ရွိလာတဲ့ ASUS Product ေတြက ေနရာယူထားၿပီးေတာ့ Zenfone 6 30th Anniversary Edition ၊ ASUS Zenbook 13 30th Anniversary Edition နဲ႔ ASUS X299 Prime 30th Anniversary Edition ေတြကို ျပသထားခဲ့တာပဲျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ASUS ရဲ႕ ေနာက္ဆုံးမိတ္ဆက္ထားခဲ့တဲ့ ASUS Zenbook Pro Duo နဲ႔ Zenbook 13 ၊ 14 ၊ 15 Model ေတြ၊ ScreenPad 2.0 ပါဝင္လာတဲ့ ASUS VivoBook အသစ္ေတြကလည္း လူေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိေနတာကို ေတြ႕ရပါတယ္။

တဖက္က ROG Booth မွာေတာ့ Star of The Show ျဖစ္ေနတာက ASUS ရဲ႕ ပထမဆုံးအေနနဲ႔ Desktop Performance Portable Gaming Convertible Laptop တစ္ခုျဖစ္တဲ့ ROG Mothership ပဲျဖစ္ပါတယ္။ ASUS Mothership ကဆိုရင္ Desktop Processor နဲ႔ GPU ေတြျဖစ္တဲ့ 9th Generation i9 Processor အျပင္ Graphic Card ကလည္း Nvidia GTX2080 အထိ တပ္ဆင္ထားၿပီးေတာ့ စမ္းသပ္ေဆာ့ကစားၾကည့္ရသေလာက္ တကယ္ကို Game တိုင္းက Smooth ျဖစ္ေနတာပဲျဖစ္ပါတယ္။

ဒီ ASUS Mothership အျပင္ Product အသစ္ေတြျဖစ္တဲ့ Zephrus S နဲ႔ Zephrus M အပါအဝင္ Zephrus Series Gaming Laptop ေတြ၊ ROG Keystone နည္းပညာအသစ္ပါဝင္လာတဲ့ ROG Stirx III Gaming Laptop ေတြကလည္း လူအမ်ားစုအတြက္ စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။ ဒါ့အျပင္ ASUS ကေန Nvidia ရဲ႕ Big Format Display (BFG) Monitor ေတြနဲ႔ Nvidia ရဲ႕ Ray Tracing နည္းပညာကိုပါ စမ္းသပ္အသုံးျပဳခြင့္ေပးခဲ့ပါေသးတယ္။


ASUS ROG အျပင္ ေဈးပိုသက္သာတဲ့ TUF Gaming Motherboard ေတြ Gaming Monitor ေတြနဲ႔ Gaming Laptop ေတြကိုပါ ျပသထားပါေသးတယ္။ ဒီလိုမ်ိဳး Computex Event က တကမာၻလုံးမွာ အႀကီးမားဆုံးေသာ Electronic Show တစ္ခုျဖစ္သလိုပဲ ဒီ ASUS နဲ႔ ROG Booth ေတြကလည္း Computex Event မွာ ႀကီးႀကီးမားမားကို ေနရာယူထားတာျဖစ္ပါတယ္။

[Unicode]

Computex 2019 ရဲ့ ASUS | ROG Event Booth မှာ ဘယ် Product တွေထူးခြားနေသလဲ

တိုင်ပေမြို့မှာ ပြုလုပ်နေတဲ့ Computex Event က တကမ္ဘာလုံးမှာ အကြီးမားဆုံးဖြစ်သလို အားလုံး သိရှိပြီးဖြစ်တဲ့အတိုင်း ASUS ကနေလည်း ASUS Zenbook Pro Duo လိုမျိုး အနာဂတ်ရဲ့ Laptop တစ်ခုအပါအဝင် Product အများအပြားကို မိတ်ဆက်လာခဲ့ပါတယ်။ အဲ့ဒီအတွက် ဒီ Computex 2019 ပွဲမှာ ASUS နဲ့ ROG Booth တွေကို လည်ပတ်ပြီး ဘယ်လို Product တွေက နေရာယူထားသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ASUS ရဲ့ Event Booth မှာတော့ အဓိကအနေနဲ့ 30th Year Anniversary အနေနဲ့ ထွက်ရှိလာတဲ့ ASUS Product တွေက နေရာယူထားပြီးတော့ Zenfone 6 30th Anniversary Edition ၊ ASUS Zenbook 13 30th Anniversary Edition နဲ့ ASUS X299 Prime 30th Anniversary Edition တွေကို ပြသထားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ASUS ရဲ့ နောက်ဆုံးမိတ်ဆက်ထားခဲ့တဲ့ ASUS Zenbook Pro Duo နဲ့ Zenbook 13 ၊ 14 ၊ 15 Model တွေ၊ ScreenPad 2.0 ပါဝင်လာတဲ့ ASUS VivoBook အသစ်တွေကလည်း လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာကို တွေ့ရပါတယ်။

တဖက်က ROG Booth မှာတော့ Star of The Show ဖြစ်နေတာက ASUS ရဲ့ ပထမဆုံးအနေနဲ့ Desktop Performance Portable Gaming Convertible Laptop တစ်ခုဖြစ်တဲ့ ROG Mothership ပဲဖြစ်ပါတယ်။ ASUS Mothership ကဆိုရင် Desktop Processor နဲ့ GPU တွေဖြစ်တဲ့ 9th Generation i9 Processor အပြင် Graphic Card ကလည်း Nvidia GTX2080 အထိ တပ်ဆင်ထားပြီးတော့ စမ်းသပ်ဆော့ကစားကြည့်ရသလောက် တကယ်ကို Game တိုင်းက Smooth ဖြစ်နေတာပဲဖြစ်ပါတယ်။

ဒီ ASUS Mothership အပြင် Product အသစ်တွေဖြစ်တဲ့ Zephrus S နဲ့ Zephrus M အပါအဝင် Zephrus Series Gaming Laptop တွေ၊ ROG Keystone နည်းပညာအသစ်ပါဝင်လာတဲ့ ROG Stirx III Gaming Laptop တွေကလည်း လူအများစုအတွက် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါ့အပြင် ASUS ကနေ Nvidia ရဲ့ Big Format Display (BFG) Monitor တွေနဲ့ Nvidia ရဲ့ Ray Tracing နည်းပညာကိုပါ စမ်းသပ်အသုံးပြုခွင့်ပေးခဲ့ပါသေးတယ်။

ASUS ROG အပြင် ဈေးပိုသက်သာတဲ့ TUF Gaming Motherboard တွေ Gaming Monitor တွေနဲ့ Gaming Laptop တွေကိုပါ ပြသထားပါသေးတယ်။ ဒီလိုမျိုး Computex Event က တကမ္ဘာလုံးမှာ အကြီးမားဆုံးသော Electronic Show တစ်ခုဖြစ်သလိုပဲ ဒီ ASUS နဲ့ ROG Booth တွေကလည်း Computex Event မှာ ကြီးကြီးမားမားကို နေရာယူထားတာဖြစ်ပါတယ်။