[Zawgyi]

ASUS ဟာ သူ႔ရဲ႕ ထုတ္ကုန္သစ္မွာ Notch တို႔ Punch-hole တို႔ကို ေရွာင္လႊဲဖို႔အတြက္ Slider အသုံးျပဳဖို႔ ေ႐ြးခ်ယ္လိုက္တယ္လို႔ ယူဆရပါတယ္။ Slider ဖုန္းဟာ ဒီေန႔ေခတ္မွာ ထူးဆန္းေတာ့တာ မဟုတ္ေပမယ့္ ASUS စမ္းသပ္ေနတာကေတာ့ Dual-slider ဖုန္းလို႔ ယူဆရပါတယ္။

တ႐ုတ္အေျခစိုက္ စမတ္ဖုန္းကုမၸဏီတစ္ခုျဖစ္တဲ့ OPPO က ေဘးကေန ထြက္ေပၚလာတဲ့ Slider နဲ႔ Pop-up display လိုမ်ိဳး ဒီဇိုင္းသစ္ေတြ စမ္းသပ္ေနခ်ိန္မွာ ASUS အေနနဲ႔ Dual-slider ကို စမ္းသပ္ေနတယ္ဆိုတာလည္း မထူးဆန္းဘူးလို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။

ASUS ရဲ႕ Dual-slider စမတ္ဖုန္း Renders ပုံရိပ္ေတြကို ေဖာ္ျပလာတာကေတာ့ ေပါက္ၾကားသတင္းေတြရဲ႕ အဓိရင္းျမစ္တစ္ခုျဖစ္တဲ့ Evan Blass ပဲ ျဖစ္ပါတယ္။ Blass ရဲ႕ အဆိုအရ အမည္မသိရေသးတဲ့ ဟန္းဆက္တစ္ခုဟာ 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္ႏိုင္ၿပီး အျပစ္ကင္းတဲ့ မ်က္ႏွာျပင္ကို ပိုင္ဆိုင္ထားမွာ ျဖစ္ပါတယ္။ အျခား တစ္ပံုကေတာ့ မတူညီတဲ့ ဒီဇိုင္းနဲ႕ ျဖစ္ပါတယ္။

ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္လုံး တပ္ဆင္ထားၿပီး အေရွ႕ဘက္မ်က္ႏွာျပင္ရဲ႕ အေပၚပိုင္း Slider မွာလည္း Selfie ကင္မရာႏွစ္လုံးတပ္ဆင္ထားၿပီး တစ္လုံးကေတာ့ 102-degree wide-angle lens ပါဝင္ဖြယ္ ရွိတယ္လို႔ သိရပါတယ္။ ေအာက္ေျခ Slider ကေတာ့ Harman Kardon စပီကာတပ္ဆင္ေပးထားတာကို ေတြ႕ျမင္ရပါတယ္။

လက္ရွိေပါက္ၾကားလာတဲ့ ပုံရိပ္ေတြအရ ဟန္းဆက္ဟာ In-display fingerprint scanner နဲ႔ပဲျဖစ္မယ္လို႔ ယူဆရပါတယ္။ Blass ရဲ႕ ေျပာဆိုခ်က္အရ ဒီဟန္းဆက္ Render ကို ေရးဆြဲသူဟာ ASUS ZenFone 5 ကို ဖန္တီးတဲ့အဖြဲ႕ဝင္ တစ္ေယာက္ျဖစ္တယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

ASUS ရဲ့ Dual Slider ပါရှိတဲ့ ဖုန်းပုံများပေါက်ကြားလာ

ASUS ဟာ သူ့ရဲ့ ထုတ်ကုန်သစ်မှာ Notch တို့ Punch-hole တို့ကို ရှောင်လွှဲဖို့အတွက် Slider အသုံးပြုဖို့ ရွေးချယ်လိုက်တယ်လို့ ယူဆရပါတယ်။ Slider ဖုန်းဟာ ဒီနေ့ခေတ်မှာ ထူးဆန်းတော့တာ မဟုတ်ပေမယ့် ASUS စမ်းသပ်နေတာကတော့ Dual-slider ဖုန်းလို့ ယူဆရပါတယ်။

တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ OPPO က ဘေးကနေ ထွက်ပေါ်လာတဲ့ Slider နဲ့ Pop-up display လိုမျိုး ဒီဇိုင်းသစ်တွေ စမ်းသပ်နေချိန်မှာ ASUS အနေနဲ့ Dual-slider ကို စမ်းသပ်နေတယ်ဆိုတာလည်း မထူးဆန်းဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ASUS ရဲ့ Dual-slider စမတ်ဖုန်း Renders ပုံရိပ်တွေကို ဖော်ပြလာတာကတော့ ပေါက်ကြားသတင်းတွေရဲ့ အဓိရင်းမြစ်တစ်ခုဖြစ်တဲ့ Evan Blass ပဲ ဖြစ်ပါတယ်။ Blass ရဲ့ အဆိုအရ အမည်မသိရသေးတဲ့ ဟန်းဆက်တစ်ခုဟာ 5G ကွန်ရက်နဲ့ ချိတ်ဆက်နိုင်ပြီး အပြစ်ကင်းတဲ့ မျက်နှာပြင်ကို ပိုင်ဆိုင်ထားမှာ ဖြစ်ပါတယ်။

ကျောဘက်မှာတော့ ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး အရှေ့ဘက်မျက်နှာပြင်ရဲ့ အပေါ်ပိုင်း Slider မှာလည်း Selfie ကင်မရာနှစ်လုံးတပ်ဆင်ထားပြီး တစ်လုံးကတော့ 102-degree wide-angle lens ပါဝင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ အောက်ခြေ Slider ကတော့ Harman Kardon စပီကာတပ်ဆင်ပေးထားတာကို တွေ့မြင်ရပါတယ်။ အခြားတစ်ပုံကတော့ မတူညီတဲ့ ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။

လက်ရှိပေါက်ကြားလာတဲ့ ပုံရိပ်တွေအရ ဟန်းဆက်ဟာ In-display fingerprint scanner နဲ့ပဲဖြစ်မယ်လို့ ယူဆရပါတယ်။ Blass ရဲ့ ပြောဆိုချက်အရ ဒီဟန်းဆက် Render ကို ရေးဆွဲသူဟာ ASUS ZenFone 5 ကို ဖန်တီးတဲ့အဖွဲ့ဝင် တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

Ref: Phone Arena