Asus က ထွက်သမျှ Laptop တွေကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာလေ့မရှိပါဘူး။ ဒါပေမယ့် VivoBook S15 S510 ကိုတောင် တိုင်ပေမြို့မှာ Asus က မိတ်ဆက်ခဲ့ပါတယ်။

Asus ရဲ့ VivoBook S ရဲ့ မျက်နှာပြင်က 15.6 လက်မ ရှိပြီး အလေးချိန်က ၃.၃ ပေါင် နဲ့ အထူက 0.7 လက်မဘဲ ရှိတာကြောင့် ပါးလွှာတဲ့ Laptop တစ်ခုလို့ ပြောလို့ရပါတယ်။

Apple က ထုတ်လုပ်လိုက်တဲ့ New MacBook ကတော့ ၂.၀၃ ပေါင်လေးပြီး အထူက 0.35 cm ရှိပါတယ်။

အဲ့ဒီအပြင် Ultrabooks တွေမှာသုံးလေ့ရှိတဲ့ Intel ရဲ့ 7th Generation Core i7-7500U ကိုသုံးစွဲထားပါတယ်။ ပါးလွှာတဲ့ Laptop ပေမယ့် သူ့မှာ Nividia GeForce GTX940 ကို တပ်ဆင်ထားပါတယ်။ ဒါ့အပြင် Nividia GeForce GTX940 ကိုလည်းသုံးထားပါတယ်။

ပါးလွှာတဲ့ စွမ်းဆောင်ရည်မြင့် Asus new VivoBook S ကို ဒေါ်လာ ၅၀၀ ၀န်းကျင်နဲ့ ရောင်းချ

ပါးပါးလွှာလွှာလေးထုတ်လုပ်ထားပေမယ့် စခရင်ဆိုဒ်ကိုတော့ နေရာကျယ်ကျယ်ပေးထားပါတယ်။ ဒါ့ကြောင့် ကျောင်းသွား၊ ရုံးသွားတာဘဲဖြစ်ဖြစ် Laptop အလေးကြီးသယ်သွားလို့ ပခုံးနာနေတဲ့သူတွေအတွက်တော့ သင့်လျော်တဲ့ Laptop ပါဘဲ။

ပါးပါးလွှာ Laptop လေးကို Processor အမြင့်နဲ့ ထုတ်လုပ်ထားပေမယ့် တခြား Laptop တွေလိုမျိုးဈေးနှုန်းမကြီးမြင့်ဘဲ အမေရိကန်ဒေါ်လာ ၄၉၉ နဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။