[Zawgyi]

လူသိမ်ားေသာ ခရီးေဆာင္ကြန္ျပဴတာ အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ ASUS ဟာ ၂၀၁၉ ႏွစ္စမွာပဲ သူတုိ႔ရဲ႕ အသစ္စက္စက္ ZenBook စီးရီးမိသားစုဝင္ေတြကို မိတ္ဆက္လုိက္ၿပီး ZenBook 13 (UX333), ZenBook 14 (UX433) နဲ႔ ZenBook 15 (UX533) တုိ႔ ျဖစ္ပါတယ္။

အျမဲတေစ ပါးလႊာေပါ့ပါးၿပီး သယ္ယူရလြယ္သေလာက္ စြမ္းေဆာင္ရည္ျမင့္မားတဲ့ ကြန္ျပဴတာေတြကိုပဲ ထုတ္လုပ္ဖို႔ အားသန္တဲ့ ASUS ဟာ ဒီတစ္ခါမွာလည္း NanoEdge Display နည္းပညာနဲ႔အတူ သူ႕ရဲ႕ ထုတ္ကုန္သစ္ေတြကို ေစ်းကြက္ထဲက Screen အရြယ္အစားတူ ၿပိဳင္ဘက္ေတြထက္ အမ်ားႀကီး ပိုပါးလႊာၿပီး ကိုယ္ထည္အရြယ္အစားပါ ေသးငယ္ေနေအာင္ ထူးျခားစြာ ထုတ္လုပ္လာခဲ့တယ္။

ZenBook အသစ္သုံးမ်ဳိးလုံးဟာ သူတုိ႔ရဲ႕ Screen အရြယ္အစားနဲ႔ ႏႈိင္းယွဥ္ရင္ ကမာၻေပၚမွာ Compact အျဖစ္ဆုံး ဒီဇုိင္းအရြယ္အစားလို႔ ဆုိရမွာျဖစ္ၿပီး အေသးဆုံး ZenBook 13 ဟာ 13.3” လက္မအရြယ္ Display ပါဝင္ေပမယ့္ A4 စကၠဴတစ္ခ်ပ္ထက္ ပိုၿပီးေနရာယူသက္သာတဲ့ အရြယ္အစားပါ။ ေအဖိုးစကၠဴတစ္ရြက္ဟာ 297 x 210 မီလီမီတာ ရွိၿပီး ZenBook 13 ကေတာ့ 303 x 189 မီလီသာ ရွိပါတယ္။

ဒါေၾကာင့္ “ကမာၻ႕အေသးဆုံး ခရီးေဆာင္ကြန္ျပဴတာ” အမည္ျဖင့္ ထိုင္းႏုိင္ငံအတြင္းမွာ လူသိမ်ားတဲ့ ဖက္ရွင္အမွတ္တံဆိပ္ “Insomnia by Vara” နဲ႔ပါ တြဲဖက္ကာ ထိုင္းႏုိင္ငံမွာပါ ပထမဆုံးအႀကိမ္အျဖစ္ ZenBook နဲ႔ Insomnia by Vara တုိ႔ရဲ႕ ပူးတြဲဖက္ရွင္ရႈိးကို က်င္းပခဲ့ပါတယ္။ သူ႕ရဲ႕ အမွတ္အသားကေတာ့ ZenBook 13 ကို လက္ကုိင္အိတ္ထဲ ထည့္ျပထားတဲ့ ပုံနဲ႔ပါ။ ဒါေပမယ့္ Display မွာက်ေတာ့ ေဘာင္ေလးဘက္စလုံးမွာ “Frameless” လို႔ေၾကြးေၾကာ္လာတဲ့ NanoEdge Display ေၾကာင့္ Screen-to-Body အခ်ဳိး ထူးကဲစြာ 95% ေတာင္ ရွိေနတာ ျဖစ္တယ္။

က်န္တဲ့ ZenBook 14 နဲ႔ 15 တုိ႔ကလည္း NanoEdge Display ရဲ႕ေဘးေဘာင္မရွိသေလာက္ ပါးလႊာတဲ့ ဒီဇုိင္းေၾကာင့္ Screen အရြယ္တူတဲ့အျခားလက္ေတာ့ေတြထက္ သိသာစြာပုိေသးငယ္တဲ့ ကိုယ္ထည္အရြယ္အစား ရွိပါတယ္။ ZenBook 14 (UX433) ဟာ အရြယ္အစား 319 x 198 မီလီမီတာသာ ရွိတာေၾကာင့္ ZenBook 13 (UX333) နဲ႔ေတာင္ သိပ္မကြာလွဘဲ 14” လက္မ မ်က္ႏွာျပင္နဲ႔ လက္ေတာ့ေတြထဲမွာ အေသးငယ္ဆုံးျဖစ္တယ္။ သူလည္းပဲ Screen-to-Body အခ်ဳိးက 92% ျဖစ္ၿပီး အနီးစပ္ဆုံး ၿပိဳင္ဘက္ Huawei ရဲ႕ Matebook X Pro နဲ႔ယွဥ္ရင္ အနည္းငယ္ အသာရေနတာကို ေတြ႕ရမွာပါ။

ZenBook 15 ကေတာ့ ပုံမွန္ 14” လက္မ လက္ေတာ့တစ္လုံးရဲ႕ ကိုယ္ထည္အခ်ဳိးအစားေလာက္ပဲ ရွိၿပီး Screen-to-Body အခ်ဳိး 92% ပဲျဖစ္တာေၾကာင့္ Display ပမာဏက 15.6” လက္မေတာင္ က်ယ္ျပန္႔ပါတယ္။ သယ္ယူရတာ ပုိလြယ္ကူသေလာက္ Display က 16” လက္မနီးပါး ရရွိႏုိင္မယ့္ သေဘာပါပဲ။ ZenBook အသစ္ေတြဟာ အရြယ္အစားေသးရုံတင္မကဘဲ အေလးခ်ိန္ကလည္း ZenBook 13 က 1.09 ကီလို၊ 14 က 1.19 ကီလုိနဲ႔ ZenBook 15 ကေတာ့ 1.67 ကီလိုဂရမ္သာ ေလးမွာပါ။

ခရီးေဆာင္ကြန္ျပဴတာေတြကေတာ့ သယ္ယူရလြယ္ေအာင္ ပါးလႊာေသးငယ္ၿပီး ေပါ့ပါးရုံနဲ႔တင္ မၿပီးပါဘူး။ ေနရာမေရြး အသုံးျပဳႏုိင္ေလာက္ေအာင္ အၾကမ္းခံမႈ၊ အတြင္းက အစိတ္အပုိင္းေတြရဲ႕ စြမ္းေဆာင္ရည္ေကာင္းမႈ၊ ဘကၳရီအား ၾကာၾကာခံဖုိ႔ စတာေတြလည္း လိုပါေသးတယ္။

ZenBook အသစ္သုံးမ်ဳိးမွာ ေနာက္ဆုံးေပၚ 8th Gen Intel Core i7 Whisky Lake ပရုိဆက္ဆာေတြကို အသုံးျပဳထားၿပီး ေစ်းပုိခ်ဳိသာမယ့္ Core i5 အေျခခံေမာ္ဒယ္ေတြလည္း ရရွိႏုိင္မွာပါ။ သီးသန္႔ဂရပ္ဖစ္ကတ္မ်ား အျဖစ္ ZenBook 13 နဲ႔ 14 တုိ႔မွာ NVIDIA GeForce MX150 2GB GDDR5 VRAM ကတ္ေတြကို ထည့္သြင္းထားကာ ZenBook 15 မွာေတာ့ NVIDIA GeForce GTX 1050 သုံးစြဲထားတယ္။ လက္ေတာ့ကို ဖြင့္ၿပီးအသုံးျပဳတဲ့အခ်ိန္မွာ ErgoLift Hinge ေၾကာင့္ ေအာက္ေျခကေန သုံးဒီဂရီေလာက္ ဟေနမွာျဖစ္ပါတယ္။ ေအာက္ေျခနဲ႔ လက္ေတာ့ကိုယ္ထည္ မထိေတြ႕ေနတဲ့အတြက္ စာရုိက္ရတာ ပိုလြယ္ကူျခင္း၊ အသံထြက္ ပိုေကာင္းမြန္ျခင္းနဲ႔ အပူခ်ိန္ကိုေလ်ာ့ေပးတဲ့စနစ္ကိုလည္း ပိုထိေရာက္ေစတဲ့အက်ဳိးေက်းဇူးေတြ ရႏုိင္မွာျဖစ္တယ္။

လက္ေတာ့သုံးစြဲသူရဲ႕ ၇၉ ရာခုိင္ႏႈန္းဟာ Webcam ကို အေပၚဘက္မွာ တပ္ထားတာကို ပိုႏွစ္သက္ၾကတယ္လို႔ စစ္တမ္းက ဆုိထားၿပီး ၇၆ ရာခုိင္ႏႈန္းကေတာ့ တစ္လမွာ အနည္းဆုံးတစ္ႀကိမ္ လက္ေတာ့က Webcam ကို အသုံးျပဳၾကပါတယ္။ ZenBook အသစ္ေတြမွာ ဒီစစ္တမ္းကို အက်ဳိးရွိစြာ အသုံးခ်ထားၿပီး Webcam ကိုေနရာခ်ထားတဲ့အျပင္ အခ်ိန္တုိအတြင္း မ်က္ႏွာနဲ႔ Unlock ျပဳလုပ္ႏုိင္မယ့္ Fast Face Login စနစ္ကိုပါ ထည့္ထားတယ္။

Storage ပမာဏကလည္း အျမင့္ဆုံး 1TB အထိရရွိႏုိင္မွာပါ။ ဘကၳရီသက္တမ္းမွာ တစ္ေနကုန္သုံးလုိ႔ရတဲ့ All-day Battery သက္တမ္းအျဖစ္ ေၾကျငာထားၿပီး ZenBook 13 / 14 တုိ႔က အားအျပည့္သြင္းၿပီးရင္ ၁၄ နာရီၾကာ အသုံးခံမွာျဖစ္ကာ ZenBook 15 (UX533) ကေတာ့ ၁၆ နာရီထိ ခံႏုိင္မွာပါ။

UX533 ကေတာ့ အရြယ္အစားႀကီးမားတာေၾကာင့္ မလိုအပ္ေပမယ့္ UX333 နဲ႔ UX433 ေမာ္ဒယ္ေတြမွာ ထူးျခားခ်က္အေနနဲ႔ Touchpad ကို ကိန္းဂဏန္းေတြ အလြယ္တကူ ရုိက္ႏုိင္မယ့္ NumPad အျဖစ္ပါ ႏွစ္မ်ဳိး သုံးစြဲလို႔ ရမယ့္ Feature ကိုထည့္လာပါတယ္။ ခလုတ္ငယ္ကို ႏွိပ္လိုက္ရုံနဲ႔ Touchpad ကေန ခ်က္ခ်င္း NumPad အသြင္ေျပာင္းသြားမွာျဖစ္ၿပီး ရွင္းလင္းတဲ့ LED Backlit နဲ႔ ဂဏန္းေတြကို ျမင္ရမွာပါ။

ဒီ Feature ကေတာ့ ASUS ကစသုံးလာတဲ့ ထူးထူးျခားျခား Feature ေနာက္တစ္ခုျဖစ္ၿပီး ေန႔စဥ္ဘဝမွာ ကိန္းဂဏန္းေတြကို ေပါင္းႏႈတ္ေျမာက္စားလုပ္ရတဲ့၊ ေဒတာအမ်ားအျပားရုိက္ထည့္ရတဲ့ လူေတြအတြက္ အေထာက္အကူျဖစ္ေစဖို႔ ထည့္ထားတာလို႔ဆုိပါတယ္။ တကယ္လည္း ကိန္းဂဏန္းေတြမ်ားလာရင္ လက္ေတာ့ေတြမွာ စာရုိက္ရတာ ပိုလက္ေပါက္ကပ္ပါတယ္။ ခဏခဏရုိက္ပါမ်ားလို႔ Touchpad စြမ္းအားက်လာမွာကိုလည္း မပူရေအာင္ အလႊာငါးလႊာနဲ႔အုပ္ထားၿပီး အေပၚဆုံးက Glass Layer ခံေပးထားတယ္။

ASUS ရဲ႕အဓိကဦးတည္ခ်က္က အလြယ္တကူသယ္ေဆာင္သြားႏုိင္ရမယ္၊ စြမ္းေဆာင္ရည္ေကာင္းရမယ္၊ သုံးစြဲသူအတြက္ သက္ေတာင့္သက္သာရွိရမယ္ ဆုိတဲ့ ခရီးေဆာင္ကြန္ျပဴတာေတြရဲ႕ အေျခခံလုိအပ္ခ်က္ေတြကို ျဖည့္ဆည္းရင္း သပ္ရပ္လွပတဲ့ ဒီဇုိင္းကာလာေတြနဲ႔ တည္ေဆာက္ထားတာပါပဲ။ ZenBook ေမာ္ဒယ္အသစ္ သုံးမ်ဳိးလုံးဟာ ခံႏုိင္ရည္ရွိမႈကိုလည္း စမ္းသပ္ထားၿပီး တုန္ခါမႈ၊ စုိထိုင္းမႈ၊ အပူခ်ိန္ စတဲ့ စစ္ေဆးမႈေတြမွာ စစ္သုံးအဆင့္ (Military Grade) ျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒါေၾကာင့္ ASUS ZenBook မ်ဳိးဆက္မ်ားျဖစ္တဲ့ UX333 / UX433 / UX533 တုိ႔ဟာ ၂၀၁၉ ႏွစ္စမွာ ခရီးေဆာင္ကြန္ျပဴတာ မျဖစ္မေန အသုံးျပဳရသူေတြအတြက္ ဦးစားေပးေရြးခ်ယ္ခ်င္စရာ ျဖစ္လာဦးမွာပါ။ ျမန္မာႏုိင္ငံအတြင္းကိုလည္း ႏိုင္ငံတကာေစ်းကြက္ေတြနဲ႔ သိပ္မကြာဘဲ ဇန္နဝါရီလကုန္မွာ ဝင္ေရာက္လာမယ္လို႔ သိရတဲ့အတြက္ ပိုၿပီး စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။ ေစ်းႏႈန္းေတြကေတာ့ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာတဲ့အခါမွာ သက္ဆုိင္ရာေမာ္ဒယ္အလိုက္ ထပ္မံထုတ္ျပန္သြားပါလိမ့္မယ္။

[Unicode]

လူသိများသော ခရီးဆောင်ကွန်ပြူတာ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ASUS ဟာ ၂၀၁၉ နှစ်စမှာပဲ သူတို့ရဲ့ အသစ်စက်စက် ZenBook စီးရီးမိသားစုဝင်တွေကို မိတ်ဆက်လိုက်ပြီး ZenBook 13 (UX333), ZenBook 14 (UX433) နဲ့ ZenBook 15 (UX533) တို့ ဖြစ်ပါတယ်။

အမြဲတစေ ပါးလွှာပေါ့ပါးပြီး သယ်ယူရလွယ်သလောက် စွမ်းဆောင်ရည်မြင့်မားတဲ့ ကွန်ပြူတာတွေကိုပဲ ထုတ်လုပ်ဖို့ အားသန်တဲ့ ASUS ဟာ ဒီတစ်ခါမှာလည်း NanoEdge Display နည်းပညာနဲ့အတူ သူ့ရဲ့ ထုတ်ကုန်သစ်တွေကို ဈေးကွက်ထဲက Screen အရွယ်အစားတူ ပြိုင်ဘက်တွေထက် အများကြီး ပိုပါးလွှာပြီး ကိုယ်ထည်အရွယ်အစားပါ သေးငယ်နေအောင် ထူးခြားစွာ ထုတ်လုပ်လာခဲ့တယ်။

ZenBook အသစ်သုံးမျိုးလုံးဟာ သူတို့ရဲ့ Screen အရွယ်အစားနဲ့ နှိုင်းယှဉ်ရင် ကမ္ဘာပေါ်မှာ Compact အဖြစ်ဆုံး ဒီဇိုင်းအရွယ်အစားလို့ ဆိုရမှာဖြစ်ပြီး အသေးဆုံး ZenBook 13 ဟာ 13.3” လက်မအရွယ် Display ပါဝင်ပေမယ့် A4 စက္ကူတစ်ချပ်ထက် ပိုပြီးနေရာယူသက်သာတဲ့ အရွယ်အစားပါ။ အေဖိုးစက္ကူတစ်ရွက်ဟာ 297 x 210 မီလီမီတာ ရှိပြီး ZenBook 13 ကတော့ 303 x 189 မီလီသာ ရှိပါတယ်။

ဒါကြောင့် “ကမ္ဘာ့အသေးဆုံး ခရီးဆောင်ကွန်ပြူတာ” အမည်ဖြင့် ထိုင်းနိုင်ငံအတွင်းမှာ လူသိများတဲ့ ဖက်ရှင်အမှတ်တံဆိပ် “Insomnia by Vara” နဲ့ပါ တွဲဖက်ကာ ထိုင်းနိုင်ငံမှာပါ ပထမဆုံးအကြိမ်အဖြစ် ZenBook နဲ့ Insomnia by Vara တို့ရဲ့ ပူးတွဲဖက်ရှင်ရှိုးကို ကျင်းပခဲ့ပါတယ်။ သူ့ရဲ့ အမှတ်အသားကတော့ ZenBook 13 ကို လက်ကိုင်အိတ်ထဲ ထည့်ပြထားတဲ့ ပုံနဲ့ပါ။ ဒါပေမယ့် Display မှာကျတော့ ဘောင်လေးဘက်စလုံးမှာ “Frameless” လို့ကြွေးကြော်လာတဲ့ NanoEdge Display ကြောင့် Screen-to-Body အချိုး ထူးကဲစွာ 95% တောင် ရှိနေတာ ဖြစ်တယ်။

ကျန်တဲ့ ZenBook 14 နဲ့ 15 တို့ကလည်း NanoEdge Display ရဲ့ဘေးဘောင်မရှိသလောက် ပါးလွှာတဲ့ ဒီဇိုင်းကြောင့် Screen အရွယ်တူတဲ့အခြားလက်တော့တွေထက် သိသာစွာပိုသေးငယ်တဲ့ ကိုယ်ထည်အရွယ်အစား ရှိပါတယ်။ ZenBook 14 (UX433) ဟာ အရွယ်အစား 319 x 198 မီလီမီတာသာ ရှိတာကြောင့် ZenBook 13 (UX333) နဲ့တောင် သိပ်မကွာလှဘဲ 14” လက်မ မျက်နှာပြင်နဲ့ လက်တော့တွေထဲမှာ အသေးငယ်ဆုံးဖြစ်တယ်။ သူလည်းပဲ Screen-to-Body အချိုးက 92% ဖြစ်ပြီး အနီးစပ်ဆုံး ပြိုင်ဘက် Huawei ရဲ့ Matebook X Pro နဲ့ယှဉ်ရင် အနည်းငယ် အသာရနေတာကို တွေ့ရမှာပါ။

ZenBook 15 ကတော့ ပုံမှန် 14” လက်မ လက်တော့တစ်လုံးရဲ့ ကိုယ်ထည်အချိုးအစားလောက်ပဲ ရှိပြီး Screen-to-Body အချိုး 92% ပဲဖြစ်တာကြောင့် Display ပမာဏက 15.6” လက်မတောင် ကျယ်ပြန့်ပါတယ်။ သယ်ယူရတာ ပိုလွယ်ကူသလောက် Display က 16” လက်မနီးပါး ရရှိနိုင်မယ့် သဘောပါပဲ။ ZenBook အသစ်တွေဟာ အရွယ်အစားသေးရုံတင်မကဘဲ အလေးချိန်ကလည်း ZenBook 13 က 1.09 ကီလို၊ 14 က 1.19 ကီလိုနဲ့ ZenBook 15 ကတော့ 1.67 ကီလိုဂရမ်သာ လေးမှာပါ။

ခရီးဆောင်ကွန်ပြူတာတွေကတော့ သယ်ယူရလွယ်အောင် ပါးလွှာသေးငယ်ပြီး ပေါ့ပါးရုံနဲ့တင် မပြီးပါဘူး။ နေရာမရွေး အသုံးပြုနိုင်လောက်အောင် အကြမ်းခံမှု၊ အတွင်းက အစိတ်အပိုင်းတွေရဲ့ စွမ်းဆောင်ရည်ကောင်းမှု၊ ဘက္ထရီအား ကြာကြာခံဖို့ စတာတွေလည်း လိုပါသေးတယ်။

ZenBook အသစ်သုံးမျိုးမှာ နောက်ဆုံးပေါ် 8th Gen Intel Core i7 Whisky Lake ပရိုဆက်ဆာတွေကို အသုံးပြုထားပြီး ဈေးပိုချိုသာမယ့် Core i5 အခြေခံမော်ဒယ်တွေလည်း ရရှိနိုင်မှာပါ။ သီးသန့်ဂရပ်ဖစ်ကတ်များ အဖြစ် ZenBook 13 နဲ့ 14 တို့မှာ NVIDIA GeForce MX150 2GB GDDR5 VRAM ကတ်တွေကို ထည့်သွင်းထားကာ ZenBook 15 မှာတော့ NVIDIA GeForce GTX 1050 သုံးစွဲထားတယ်။ လက်တော့ကို ဖွင့်ပြီးအသုံးပြုတဲ့အချိန်မှာ ErgoLift Hinge ကြောင့် အောက်ခြေကနေ သုံးဒီဂရီလောက် ဟနေမှာဖြစ်ပါတယ်။ အောက်ခြေနဲ့ လက်တော့ကိုယ်ထည် မထိတွေ့နေတဲ့အတွက် စာရိုက်ရတာ ပိုလွယ်ကူခြင်း၊ အသံထွက် ပိုကောင်းမွန်ခြင်းနဲ့ အပူချိန်ကိုလျော့ပေးတဲ့စနစ်ကိုလည်း ပိုထိရောက်စေတဲ့အကျိုးကျေးဇူးတွေ ရနိုင်မှာဖြစ်တယ်။

လက်တော့သုံးစွဲသူရဲ့ ၇၉ ရာခိုင်နှုန်းဟာ Webcam ကို အပေါ်ဘက်မှာ တပ်ထားတာကို ပိုနှစ်သက်ကြတယ်လို့ စစ်တမ်းက ဆိုထားပြီး ၇၆ ရာခိုင်နှုန်းကတော့ တစ်လမှာ အနည်းဆုံးတစ်ကြိမ် လက်တော့က Webcam ကို အသုံးပြုကြပါတယ်။ ZenBook အသစ်တွေမှာ ဒီစစ်တမ်းကို အကျိုးရှိစွာ အသုံးချထားပြီး Webcam ကိုနေရာချထားတဲ့အပြင် အချိန်တိုအတွင်း မျက်နှာနဲ့ Unlock ပြုလုပ်နိုင်မယ့် Fast Face Login စနစ်ကိုပါ ထည့်ထားတယ်။

Storage ပမာဏကလည်း အမြင့်ဆုံး 1TB အထိရရှိနိုင်မှာပါ။ ဘက္ထရီသက်တမ်းမှာ တစ်နေကုန်သုံးလို့ရတဲ့ All-day Battery သက်တမ်းအဖြစ် ကြေငြာထားပြီး ZenBook 13 / 14 တို့က အားအပြည့်သွင်းပြီးရင် ၁၄ နာရီကြာ အသုံးခံမှာဖြစ်ကာ ZenBook 15 (UX533) ကတော့ ၁၆ နာရီထိ ခံနိုင်မှာပါ။

UX533 ကတော့ အရွယ်အစားကြီးမားတာကြောင့် မလိုအပ်ပေမယ့် UX333 နဲ့ UX433 မော်ဒယ်တွေမှာ ထူးခြားချက်အနေနဲ့ Touchpad ကို ကိန်းဂဏန်းတွေ အလွယ်တကူ ရိုက်နိုင်မယ့် NumPad အဖြစ်ပါ နှစ်မျိုး သုံးစွဲလို့ ရမယ့် Feature ကိုထည့်လာပါတယ်။ ခလုတ်ငယ်ကို နှိပ်လိုက်ရုံနဲ့ Touchpad ကနေ ချက်ချင်း NumPad အသွင်ပြောင်းသွားမှာဖြစ်ပြီး ရှင်းလင်းတဲ့ LED Backlit နဲ့ ဂဏန်းတွေကို မြင်ရမှာပါ။

ဒီ Feature ကတော့ ASUS ကစသုံးလာတဲ့ ထူးထူးခြားခြား Feature နောက်တစ်ခုဖြစ်ပြီး နေ့စဉ်ဘဝမှာ ကိန်းဂဏန်းတွေကို ပေါင်းနှုတ်မြောက်စားလုပ်ရတဲ့၊ ဒေတာအများအပြားရိုက်ထည့်ရတဲ့ လူတွေအတွက် အထောက်အကူဖြစ်စေဖို့ ထည့်ထားတာလို့ဆိုပါတယ်။ တကယ်လည်း ကိန်းဂဏန်းတွေများလာရင် လက်တော့တွေမှာ စာရိုက်ရတာ ပိုလက်ပေါက်ကပ်ပါတယ်။ ခဏခဏရိုက်ပါများလို့ Touchpad စွမ်းအားကျလာမှာကိုလည်း မပူရအောင် အလွှာငါးလွှာနဲ့အုပ်ထားပြီး အပေါ်ဆုံးက Glass Layer ခံပေးထားတယ်။

ASUS ရဲ့အဓိကဦးတည်ချက်က အလွယ်တကူသယ်ဆောင်သွားနိုင်ရမယ်၊ စွမ်းဆောင်ရည်ကောင်းရမယ်၊ သုံးစွဲသူအတွက် သက်တောင့်သက်သာရှိရမယ် ဆိုတဲ့ ခရီးဆောင်ကွန်ပြူတာတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း သပ်ရပ်လှပတဲ့ ဒီဇိုင်းကာလာတွေနဲ့ တည်ဆောက်ထားတာပါပဲ။ ZenBook မော်ဒယ်အသစ် သုံးမျိုးလုံးဟာ ခံနိုင်ရည်ရှိမှုကိုလည်း စမ်းသပ်ထားပြီး တုန်ခါမှု၊ စိုထိုင်းမှု၊ အပူချိန် စတဲ့ စစ်ဆေးမှုတွေမှာ စစ်သုံးအဆင့် (Military Grade) ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ASUS ZenBook မျိုးဆက်များဖြစ်တဲ့ UX333 / UX433 / UX533 တို့ဟာ ၂၀၁၉ နှစ်စမှာ ခရီးဆောင်ကွန်ပြူတာ မဖြစ်မနေ အသုံးပြုရသူတွေအတွက် ဦးစားပေးရွေးချယ်ချင်စရာ ဖြစ်လာဦးမှာပါ။ မြန်မာနိုင်ငံအတွင်းကိုလည်း နိုင်ငံတကာဈေးကွက်တွေနဲ့ သိပ်မကွာဘဲ ဇန်နဝါရီလကုန်မှာ ဝင်ရောက်လာမယ်လို့ သိရတဲ့အတွက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဈေးနှုန်းတွေကတော့ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာတဲ့အခါမှာ သက်ဆိုင်ရာမော်ဒယ်အလိုက် ထပ်မံထုတ်ပြန်သွားပါလိမ့်မယ်။