Zawgyi
Asus ဟာသူတို့ရဲ့ Gaming မွန်းစတားဟန်းဆက်အသစ် ROG Phone 2 ကိုယမန်နေ့ကမိတ်ဆက်ခဲ့ပြီး ဈေးနှုန်းကိုတော့ တစ်ခါတည်း မထုတ်ပြန်ပေးခဲ့ပါဘူး။ ယနေ့မှ သူ့ရဲ့ တရုတ်ပြည်တွင်းမှာရောင်းချမယ့် ဈေးနှုန်းနဲ့ ဈေးချိုဗားရှင်းတို့ကို သိခွင့်ရခဲ့တာပါ။ တရုတ်ပြည်တွင်းမှာ ပုံမှန် ROG Phone 2 အပြင် ဈေးပိုချိုသာပြီး Customized ပြုလုပ်ထားတယ်လို့ဆိုရလောက်တဲ့ Tencent ဗားရှင်းဟန်းဆက်ကိုပါ မြင်တွေ့ရပါတယ်။
တရုတ်ပြည်တွင်းမှာတော့ စတင်အမှာစာလက်ခံနေပြီး ဇူလိုင်လ ၃၁ ရက်နေ့မှာ ဈေးကွက်ထဲ တင်ပို့လာမယ်လို့ သိရပါတယ်။ Tencent အမည်ခံထားတဲ့အတွက် မူရင်းဗားရှင်းထက် ဘာတွေထူးခြားလာမလဲ ဆိုတာ စိတ်ဝင်စားစရာဖြစ်နေသလို ဈေးနှုန်းကွာခြားချက်အပေါ်မူတည်ပြီး အရောင်းမြှင့်တင်လာမယ်လို့လည်း ယူဆရတယ်။
ဒါ့အပြင် ဈေးပိုကြီးပြီး ပိုထူးခြားမှကြိုက်တယ်ဆိုတဲ့လူတွေအတွက်လည်း တရုတ်ယွမ်ငွေ ၈,၀၀၀ (မြန်မာငွေ ၁၇ သိန်းခွဲ) ဗားရှင်း သို့မဟုတ် Esports Armor ဗားရှင်း ကို တရုတ်ယွမ်ငွေ ၁၃,၀၀၀ (မြန်မာငွေ ၂၈ သိန်းခွဲ) ဗားရှင်းကိုပါ ရရှိနိုင်မှာပါ။ နိုင်ငံတကာဈေးကွက်ထဲ ဝင်ရောက်လာမယ့်ဈေးနှုန်းနဲ့ နေ့ရက်တွေကို စောင့်ကြည့်ရဦးမယ်ဆိုပေမယ့် သူ့ရဲ့တန်ဖိုးကိုတော့ အကြမ်းဖျင်းခန့်မှန်းလို့ရသွားလောက်ပါပြီ။
Ref – GSM Arena
Unicode
Asus ဟာသူတို့ရဲ့ Gaming မွန်းစတားဟန်းဆက်အသစ် ROG Phone 2 ကိုယမန်နေ့ကမိတ်ဆက်ခဲ့ပြီး စျေးနှုန်းကိုတော့ တစ်ခါတည်း မထုတ်ပြန်ပေးခဲ့ပါဘူး။ ယနေ့မှ သူ့ရဲ့ တရုတ်ပြည်တွင်းမှာရောင်းချမယ့် စျေးနှုန်းနဲ့ စျေးချိုဗားရှင်းတို့ကို သိခွင့်ရခဲ့တာပါ။ တရုတ်ပြည်တွင်းမှာ ပုံမှန် ROG Phone 2 အပြင် စျေးပိုချိုသာပြီး Customized ပြုလုပ်ထားတယ်လို့ဆိုရလောက်တဲ့ Tencent ဗားရှင်းဟန်းဆက်ကိုပါ မြင်တွေ့ရပါတယ်။
Tencent ဗားရှင်း ROG Phone 2 ကတော့ အနိမ့်ဆုံး တရုတ်ယွမ်ငွေ ၃,၅၀၀ (မြန်မာကျပ်ငွေ ၇ သိန်း ၆ သောင်းကျော်) ကျသင့်မှာဖြစ်ပါတယ်။ သူ့မှာတော့ Storage 128GB နဲ့ 8GB RAM မန်မိုရီသာ ပါဝင်မှာပါ။ ဒါပေမယ့် အမြင့်ဆုံးဗားရှင်းက 12GB RAM နဲ့ 512GB Storage တို့တပ်ဆင်ထားတဲ့မော်ဒယ်ဖြစ်ပြီး တရုတ်ယွမ်ငွေ ၆,၀၀၀ (မြန်မာငွေ ၁၃ သိန်းဝန်းကျင်) ကျသင့်မှာပါ။
တရုတ်ပြည်တွင်းမှာတော့ စတင်အမှာစာလက်ခံနေပြီး ဇူလိုင်လ ၃၁ ရက်နေ့မှာ စျေးကွက်ထဲ တင်ပို့လာမယ်လို့ သိရပါတယ်။ Tencent အမည်ခံထားတဲ့အတွက် မူရင်းဗားရှင်းထက် ဘာတွေထူးခြားလာမလဲ ဆိုတာ စိတ်ဝင်စားစရာဖြစ်နေသလို စျေးနှုန်းကွာခြားချက်အပေါ်မူတည်ပြီး အရောင်းမြှင့်တင်လာမယ်လို့လည်း ယူဆရတယ်။
တချိန်တည်းမှာ ပုံမှန် Asus ROG Phone 2 ဟန်းဆက်ဟာ အနိမ့်ဆုံးမှာတင် 12GB RAM / 128GB Storage မန်မိုရီအတွဲနဲ့စတင်ကာ စျေးနှုန်းက ယွမ်ငွေ ၆,၀၀၀ (မြန်မာငွေ ၁၃ သိန်းဝန်းကျင်) ကနေ စတင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောက်တော့ကျသင့်မယ်ဆိုတာ အားလုံးကလည်း မျှော်မှန်းထားပြီးသားပါ။
ဒါ့အပြင် စျေးပိုကြီးပြီး ပိုထူးခြားမှကြိုက်တယ်ဆိုတဲ့လူတွေအတွက်လည်း တရုတ်ယွမ်ငွေ ၈,၀၀၀ (မြန်မာငွေ ၁၇ သိန်းခွဲ) ဗားရှင်း သို့မဟုတ် Esports Armor ဗားရှင်း ကို တရုတ်ယွမ်ငွေ ၁၃,၀၀၀ (မြန်မာငွေ ၂၈ သိန်းခွဲ) ဗားရှင်းကိုပါ ရရှိနိုင်မှာပါ။ နိုင်ငံတကာစျေးကွက်ထဲ ဝင်ရောက်လာမယ့်စျေးနှုန်းနဲ့ နေ့ရက်တွေကို စောင့်ကြည့်ရဦးမယ်ဆိုပေမယ့် သူ့ရဲ့တန်ဖိုးကိုတော့ အကြမ်းဖျင်းခန့်မှန်းလို့ရသွားလောက်ပါပြီ။
Ref – GSM Arena