[Zawgyi]

ASUS ႏွင့္ Republic of Gamers ( ROG ) တို႔သည္ ၂၀၁၉ အတြက္ Series ေပါင္းစုံပါဝင္ေသာ Gaming Solution Family တစ္ခုကို ေၾကညာခဲ့သည္။ စြမ္းေဆာင္ရည္ျမင့္ၿပီး ထူးျခားဆန္းသစ္ထားေသာ ထုတ္ကုန္မ်ားျဖစ္သည့္ ROG Mothership, Zephyrus, Strix ႏွင့္ TUF Gaming Laptops တို႔က ေစ်းႏႈန္းသင့္တင့္ေသာ ဂိမ္းကစားမႈႏွင့္ စြမ္းေဆာင္ရည္ေကာင္းမြန္ေသာ ဂိမ္းကစားမႈ အေတြ႕အႀကဳံတို႔ကို သယ္ေဆာင္လာခဲ့သည္။

ဤ Lineup တြင္ စြမ္းေဆာင္ရည္ျမင့္ Desktop အစားထိုး Laptop ႏွင့္ ေပါ့ပါး ပါးလႊာသည့္ Laptop တို႔ၾကား ေ႐ြးခ်ယ္စရာမ်ား ရွိသျဖင့္ Hardcore ႏွင့္ eSport Gamer မ်ားအတြက္ ၿပီးျပည့္စုံေသာ ေ႐ြးခ်ယ္မႈတစ္ခု ျဖစ္လာႏိုင္သည္။ Lineup အသစ္သည္ စြမ္းအားျမင့္၍ ေသးသြယ္သည့္ Laptop ကို ရွာေဖြေနေသာ Professional Worker မ်ားကို ပစ္မွတ္ထားထားသည္။

ROG Zephyrus Laptops မ်ားသည္ Professional မ်ားအတြက္ Premium အေတြ႕အႀကဳံကို ေပးစြမ္းမည္ျဖစ္ၿပီး ROG Strix ႏွင့္ ASUS TUF Series မ်ားမွာမူ ေငြေၾကးသက္သာမႈႏွင့္ ဤ Brand ကို ပိုမိုအသုံးျပဳလာေစရန္ ရည္႐ြယ္သည္။ eSport-specific ေမာ္ဒယ္မ်ားမွာမူ သီးသန္႔လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးထားၿပီး Desktop အစားထိုး Laptops မ်ားမွာမူ စြမ္းေဆာင္ရည္ျပည့္ဝမႈကို ဦးစားေပးထားသည္။ Target Audience ႏွင့္ ကိုယ္ထည္ကို အပထားပါက ROG ႏွင့္ TUF Gaming Laptop မ်ားတြင္ Intelligent Cooling Philosophy ပါဝင္ထားၿပီး မွန္ကန္ေသာ Thermal Hardware ႏွင့္ Smart Software တို႔ကို ေပါင္းစည္းကာ အေကာင္းမြန္ဆုံးေသာ စြမ္းေဆာင္ရည္ကို ရရွိေစရန္ ရည္႐ြယ္ထားသည္။

Desktop အစားထိုး Laptop မ်ား၏ အနာဂါတ္တစ္ခု သို႔မဟုတ္ ROG Mothership GZ700GX

သမာ႐ိုးက် Laptop မ်ားသည္ အေအးခံမႈစနစ္ကို ကန္႔သတ္ထားၿပီး ပုံစံအေသျဖင့္ အျပားလိုက္ ရွိတတ္ပါသည္။ အဆိုပါပုံစံသည္ Laptop အေတာ္မ်ားမ်ားအတြက္ အဆင္ေျပႏိုင္မည္ျဖစ္ေသာ္လည္း Desktop အစားထိုး Laptop မ်ားအတြက္မူ လြန္စြာမွ ေလးလံႏိုင္သည္။ ထိုေၾကာင့္လည္း ROG မွ အေသအခ်ာ စဥ္းစားကာ တီထြင္ဖန္တီးမႈ ျပဳလုပ္ခဲ့သည္။ Laptop တြင္ အျပားလိုက္ ထားရွိရမည့္အစား ROG Mothership သည္ ေဒါင္လိုက္ရပ္ကာ ေနာက္ေက်ာဘက္တြင္ရွိေသာ အေအးေပးမႈစနစ္ကို အကန႔္အသတ္မဲ့ ေလဝင္ေလထြက္မႈကို ေပးခဲ့သည္။ အေျခအေနေပၚမူတည္ကာ အေကာင္းမြန္ဆုံးအသုံးျပဳႏိုင္ရန္အတြက္ Keyboard ကို ဝိုင္ယာ သို႔မဟုတ္ ဝိုင္ယာမဲ့ ခ်ိတ္ဆက္အသုံးျပဳႏိုင္မည္ ျဖစ္သည့္အျပင္ တပ္ႏိုင္ျဖဳတ္ႏိုင္လည္း ျပဳလုပ္ႏိုင္သည္။ Keyboard ကို ျဖဳတ္လိုက္ပါက အသုံးျပဳသူဘက္လွည့္ထားေသာ စပီကာေလးလုံးကို ျမင္ေတြ႕ရမည္ျဖစ္ၿပီး ပိုမိုေကာင္းမြန္ေသာ အသံထြက္မ်ားကို ရရွိရန္ ရည္႐ြယ္သည္။

ROG Mothership သည္ ၎ေပးစြမ္းေသာ စြမ္းေဆာင္ရည္ျဖင့္ ယွဥ္ပါက အံ့အားသင့္ဖြယ္ ပါးလႊာမည္ျဖစ္ၿပီး 29.9mm သာ ရွိပါမည္။ ကြက္တိက်စြာ ျဖစ္လာေစရန္ CNC-machined Body ေၾကာင့္လည္း အနည္းငယ္ဆိုင္ေပသည္။ ထို႔အျပင္ ထုတ္လုပ္မႈျဖစ္စဥ္အတြင္း ဤ Laptop ကို တပ္ဆင္ရာတြင္ အလူမီနီယမ္တုံးမ်ားကို လွပေသသပ္ေသာ အစိတ္အပိုင္းမ်ားအျဖစ္ ေျပာင္းလဲတပ္ဆင္ခဲ့ၿပီး နာရီ ၂၀နီးပါး ၾကာျမင့္ခဲ့သည္။

Content Creator မ်ားႏွင့္ Hardcore Gamer မ်ားအတြက္ ေ႐ြးခ်ယ္စရာ Display Options မ်ားလည္း ရွိသည္။ Ultrafast FHD Panel သည္ Refresh Rate 144Hz ႏွင့္အတူ 3ms Response time ကို ပိုင္ဆိုင္ထားျခင္းေၾကာင့္ လ်င္ျမန္ေသာ ဂိမ္းကစားမႈမ်ားကို လိုအပ္သည့္ Triple-digit FPS ကို ကစားခ်င္သူမ်ားအတြက္ လြန္စြာသင့္ေလ်ာ္သည္။

ကမာၻေပၚတြင္ အေသးသြယ္ အေပါ့ပါးဆုံး Gaming Laptop သို႔မဟုတ္ ROG Zephyrus

ROG Zephyrus Lineup အသစ္သည္ ေသးသြယ္ၿပီး စြမ္းအားေကာင္းမြန္သည့္ Laptop ကို လိုအပ္ေသာ Professionals မ်ားႏွင့္ Hardcore Gamers အတြက္ ျဖစ္ပါတယ္။ ေနာက္ဆုံးေပၚ Intel Core i7 9th Gen Processor ႏွင့္ Up to NVIDIA GeForce RTX GPU တို႔ကို တပ္ဆင္ထားသည့္ ROG Zephyrus အသစ္သည္ Game ကစား႐ုံသာမက သင္၏ လုပ္ငန္းခြင္ လုပ္ငန္းေဆာင္တာမ်ားအတြက္ပါ အဆင္ေျပေစမည္။

Gamer မ်ားသည္ စြမ္းေဆာင္ရည္သီးသန္႔ကိုသာ လိုအပ္သည္မွာ မဟုတ္ေပ။ အျခားအရာမ်ားကိုပါ လိုအပ္ၾကသည္။ ROG Zephyrus ကို ေခ်ာေမြ႕၍ အေကာင္းမြန္ဆုံးေသာ ဂိမ္းကစားမႈ အေတြ႕အႀကဳံအတြက္ လိုအပ္ေသာ 3ms Response time ႏွင့္ Up to 240Hz Panel အထိ တပ္ဆင္ထားသည္။ Gamer တို႔သည္ မိမိတို႔၏ တုံ႔ျပန္မႈမ်ားကို ထိန္းသိမ္းထားႏိုင္ရန္အတြက္ ျမင့္မားေသာ Refresh Rate ႏွင့္ နည္းပါးေသာ Response time တို႔ကို လိုအပ္သည္။

ROG Zephyrus သည္ Gamer မ်ားအတြက္သာမက အျခားေသာ Professional မ်ားအတြက္ပါ ရည္႐ြယ္ပါသည္။ ဤစြမ္းအားျမင့္ Laptop ကို Pantone Validated Display တပ္ဆင္ေပးထားျခင္းေၾကာင့္ အေရာင္အေသြးမ်ား တိက်မည္ျဖစ္ၿပီး အံ့မခန္း႐ုပ္ထြက္ကို ရရွိမည္။ ထို႔အျပင္ Factory-calibrated Panel လည္း ပါဝင္လာျခင္းေၾကာင့္ ROG Zephyrus သည္ Creative Professional မ်ားႏွင့္ Content Creator မ်ားအတြက္ ၿပီးျပည့္စုံေသာ ေ႐ြးခ်ယ္မႈတစ္ခု ျဖစ္လာမည္မွာ မလြဲဧကန္ေပ။

eSport Gamer မ်ားအတြက္ အေကာင္းမြန္ဆုံး Laptop သို႔မဟုတ္ ROG Strix

eSport Gamer မ်ားသည္ အျခားေသာ Gamer မ်ားကဲ့သို႔ မဟုတ္ေပ။ လ်င္ျမန္ေသာ တုံ႔ျပန္မႈမ်ားကို ထိန္းသိမ္းထားႏိုင္ရန္ လ်င္ျမန္ေသာ Laptop တစ္လုံးကို လိုအပ္သည္။ ROG Strix Lineup အသစ္ကို eSport Gamer မ်ားကဲ့သို႔ စိတ္သြင္းၿပီး အေသအခ်ာ ထုတ္လုပ္ခဲ့သည္။ ဤကဲ့သို႔ လ်င္ျမန္လွေသာ Laptop မ်ားတြင္ Refresh rate 144Hz ႏွင့္ 3ms Time panel ပါဝင္ၿပီး ပ႐ို eSport ကစားသမားတစ္ေယာက္၏ တုံ႔ျပန္မႈကို ထိန္းသိမ္းထားႏိုင္ရန္ ျဖစ္သည္။

ROG Strix Lineup အသစ္သည္ ေကာင္းမြန္ေသာ စြမ္းေဆာင္ရည္ကို ရရွိႏိုင္ရန္ ရည္႐ြယ္ထားသည့္ ဒီဇိုင္းအသစ္ျဖင့္ ထြက္ေပၚလာသည္။ ဤဒီဇိုင္းအသစ္ကို ASUS ROG အဖြဲ႕ႏွင့္ BMW Designworks အဖြဲ႕တို႔ ပူးေပါင္း ဖန္တီးထားသည့္ ROG Face Off concept ကို အေျခခံကာ ဖန္တီးထားသည္။

ROG Strix Lineup အသစ္တြင္ Keystone ဟု ေခၚတြင္သည့္ သီးသန္႔ Feature တစ္ခုပါဝင္သည္။ ဤ Keystone သည္ ၿပိဳင္ကားတစ္စင္း၏ ေသာ့တံတစ္ခုကဲ့သို႔ ျဖစ္သည္။ ဤအရာသည္ ‘Shadow Drive’ ကဲ့သို႔ေသာ အရာအပါအဝင္ အျခားေသာ Feature မ်ားကို ဖြင့္လွစ္ႏိုင္သည္။ ထို႔အျပင္ အျခားေသာ သင္၏ Game Profile မ်ားႏွင့္ AURA Settings မ်ားကို ထိန္းသိမ္းထားရန္အတြက္လည္း အသုံးျပဳႏိုင္သည္။

Intel Core i9 9th Gen ႏွင့္ NVIDIA GeForce RTX 2070 ကို တပ္ဆင္ထားေသာ ေနာက္ဆုံးေပၚ ROG Strix သည္ eSport Gamer မ်ားအတြက္ တည္ၿငိမ္ၿပီး ျမင့္မားေသာ Framerate ကို ေပးစြမ္းႏိုင္သျဖင့္ လြန္စြာသင့္ေတာ္သည္။ Intel Core i9 9th Gen ႏွင့္ NVIDIA GeForce RTX 2070 ကို တပ္ဆင္ထားျခင္းေၾကာင့္လည္း ဤစက္ျဖင့္ မကစားႏိုင္ေသာ eSport Game ဟူသည္ မရွိေပ။

ေနာက္ဆုံးေပၚ AMD Processor ႏွင့္ NVIDIA GeForce GPU မ်ားကို အသုံးျပဳထားေသာ TUF Gaming

TUF Gaming တြင္ စိတ္လႈပ္ရွားဖြယ္ ထုတ္ကုန္မ်ား ပါဝင္လာသည္သာမက ပရိတ္သတ္မ်ား ေမွ်ာ္လင့္ေစာင့္စားေနသာ Feature မ်ားလည္း ပါဝင္လာသည္။

TUG Gaming FX505 Laptop မ်ားကို ေနာက္ဆုံးေပၚ AMD Ryzen Processor ႏွင့္ NVIDIA GeForce GTX GPU မ်ားကို တပ္ဆင္ေပးထားၿပီး Up to 120Hz IPS-level NanoEdge Display လည္း ပါဝင္သည္။ ထို႔ေၾကာင့္ စြမ္းေဆာင္ရည္ျမင့္မားေသာ Gaming Laptop ကို သက္သာေသာ ေစ်းႏႈန္းျဖင့္ ဝယ္ယူရရွိႏိုင္မည္။ ထို႔အျပင္ Laptop မ်ားကို Military-grade MIL-STD-810G Standards အဆင့္မီရန္ စစ္ေဆးမႈေပါင္းမ်ားစြာကို ျပဳလုပ္ထားၿပီး ေန႔စဥ္အသုံးျပဳရာတြင္ သာမန္ထိခိုက္မႈမ်ားကို ခံႏိုင္ရည္ရွိေစရန္ ျပဳလုပ္ထားသည္။

ေငြေၾကးေခြၽတာရေသာ Gamer မ်ားႏွင့္ အေပ်ာ္တမ္းကစားသူမ်ားက AMD Processor မ်ားႏွင့္ GeForce GPU မ်ားကို ေပါင္းစပ္ထားေသာ PC မ်ားကို ႏွစ္ေပါင္းမ်ားစြာၾကာ အသုံးျပဳခဲ့ၾကသည္။ ယခုမူ TUF Gaming Laptop မ်ားက အဆိုပါေပါင္းစပ္ထားမႈကို Laptop မ်ားတြင္ ခံစားေစခဲ့သည္။ ေနာက္ဆုံးေပၚ Ryzen Mobile APU မ်ားႏွင့္ GeForce GTX 1660Ti GPU တို႔ကို ေပါင္းစပ္ထားေသာေၾကာင့္ ေစ်းႏႈန္းသက္သာေသာ Gaming Laptop မ်ားအတြက္ ပိုမိုေကာင္းမြန္ေသာ စြမ္းေဆာင္ရည္ကို ရရွိခဲ့သည္။

ရရွိႏိုင္မည့္အခ်ိန္
ASUS ၏ 2019 Collection ႏွင့္ ROG Gaming Laptop မ်ားက Gamer ပုံစံမ်ိဴးစုံ၊ Creator မ်ားႏွင့္ Power Users ၏ လိုအပ္ခ်က္ေပါင္းစုံႏွင့္ ဘက္ဂ်က္ပုံစံမ်ိဴးစုံတို႔ေပၚ မူတည္၍ ထြက္ေပၚလာခဲ့သည္။ ေမာ္ဒယ္အမ်ားစုကို မွာယူႏိုင္ျခင္း သို႔မဟုတ္ Pre-order ျပဳလုပ္ႏိုင္ျခင္းတို႔ကို ျပဳလုပ္ႏိုင္မည္ျဖစ္ၿပီး က်န္ရွိေသာေမာ္ဒယ္မ်ားကို မၾကာခင္ ေရာက္ရွိလာေတာ့မည့္ ရက္သတၱပတ္မ်ားတြင္ မွာယူႏိုင္ေပမည္။

[Unicode]

မြန်မာနိုင်ငံကို မကြာမီဝင်ရောက်လာတော့မယ့် ASUS ROG Gaming Laptop များ

ASUS နှင့် Republic of Gamers ( ROG ) တို့သည် ၂၀၁၉ အတွက် Series ပေါင်းစုံပါဝင်သော Gaming Solution Family တစ်ခုကို ကြေညာခဲ့သည်။ စွမ်းဆောင်ရည်မြင့်ပြီး ထူးခြားဆန်းသစ်ထားသော ထုတ်ကုန်များဖြစ်သည့် ROG Mothership, Zephyrus, Strix နှင့် TUF Gaming Laptops တို့က စျေးနှုန်းသင့်တင့်သော ဂိမ်းကစားမှုနှင့် စွမ်းဆောင်ရည်ကောင်းမွန်သော ဂိမ်းကစားမှု အတွေ့အကြုံတို့ကို သယ်ဆောင်လာခဲ့သည်။

ဤ Lineup တွင် စွမ်းဆောင်ရည်မြင့် Desktop အစားထိုး Laptop နှင့် ပေါ့ပါး ပါးလွှာသည့် Laptop တို့ကြား ရွေးချယ်စရာများ ရှိသဖြင့် Hardcore နှင့် eSport Gamer များအတွက် ပြီးပြည့်စုံသော ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်သည်။ Lineup အသစ်သည် စွမ်းအားမြင့်၍ သေးသွယ်သည့် Laptop ကို ရှာဖွေနေသော Professional Worker များကို ပစ်မှတ်ထားထားသည်။

ROG Zephyrus Laptops များသည် Professional များအတွက် Premium အတွေ့အကြုံကို ပေးစွမ်းမည်ဖြစ်ပြီး ROG Strix နှင့် ASUS TUF Series များမှာမူ ငွေကြေးသက်သာမှုနှင့် ဤ Brand ကို ပိုမိုအသုံးပြုလာစေရန် ရည်ရွယ်သည်။ eSport-specific မော်ဒယ်များမှာမူ သီးသန့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးထားပြီး Desktop အစားထိုး Laptops များမှာမူ စွမ်းဆောင်ရည်ပြည့်ဝမှုကို ဦးစားပေးထားသည်။ Target Audience နှင့် ကိုယ်ထည်ကို အပထားပါက ROG နှင့် TUF Gaming Laptop များတွင် Intelligent Cooling Philosophy ပါဝင်ထားပြီး မှန်ကန်သော Thermal Hardware နှင့် Smart Software တို့ကို ပေါင်းစည်းကာ အကောင်းမွန်ဆုံးသော စွမ်းဆောင်ရည်ကို ရရှိစေရန် ရည်ရွယ်ထားသည်။

Desktop အစားထိုး Laptop များ၏ အနာဂါတ်တစ်ခု သို့မဟုတ် ROG Mothership GZ700GX

သမာရိုးကျ Laptop များသည် အအေးခံမှုစနစ်ကို ကန့်သတ်ထားပြီး ပုံစံအသေဖြင့် အပြားလိုက် ရှိတတ်ပါသည်။ အဆိုပါပုံစံသည် Laptop အတော်များများအတွက် အဆင်ပြေနိုင်မည်ဖြစ်သော်လည်း Desktop အစားထိုး Laptop များအတွက်မူ လွန်စွာမှ လေးလံနိုင်သည်။ ထိုကြောင့်လည်း ROG မှ အသေအချာ စဥ်းစားကာ တီထွင်ဖန်တီးမှု ပြုလုပ်ခဲ့သည်။ Laptop တွင် အပြားလိုက် ထားရှိရမည့်အစား ROG Mothership သည် ဒေါင်လိုက်ရပ်ကာ နောက်ကျောဘက်တွင်ရှိသော အအေးပေးမှုစနစ်ကို အကန့်အသတ်မဲ့ လေဝင်လေထွက်မှုကို ပေးခဲ့သည်။ အခြေအနေပေါ်မူတည်ကာ အကောင်းမွန်ဆုံးအသုံးပြုနိုင်ရန်အတွက် Keyboard ကို ဝိုင်ယာ သို့မဟုတ် ဝိုင်ယာမဲ့ ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် တပ်နိုင်ဖြုတ်နိုင်လည်း ပြုလုပ်နိုင်သည်။ Keyboard ကို ဖြုတ်လိုက်ပါက အသုံးပြုသူဘက်လှည့်ထားသော စပီကာလေးလုံးကို မြင်တွေ့ရမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သော အသံထွက်များကို ရရှိရန် ရည်ရွယ်သည်။

ROG Mothership သည် ၎င်းပေးစွမ်းသော စွမ်းဆောင်ရည်ဖြင့် ယှဥ်ပါက အံ့အားသင့်ဖွယ် ပါးလွှာမည်ဖြစ်ပြီး 29.9mm သာ ရှိပါမည်။ ကွက်တိကျစွာ ဖြစ်လာစေရန် CNC-machined Body ကြောင့်လည်း အနည်းငယ်ဆိုင်ပေသည်။ ထို့အပြင် ထုတ်လုပ်မှုဖြစ်စဥ်အတွင်း ဤ Laptop ကို တပ်ဆင်ရာတွင် အလူမီနီယမ်တုံးများကို လှပသေသပ်သော အစိတ်အပိုင်းများအဖြစ် ပြောင်းလဲတပ်ဆင်ခဲ့ပြီး နာရီ ၂၀နီးပါး ကြာမြင့်ခဲ့သည်။

Content Creator များနှင့် Hardcore Gamer များအတွက် ရွေးချယ်စရာ Display Options များလည်း ရှိသည်။ Ultrafast FHD Panel သည် Refresh Rate 144Hz နှင့်အတူ 3ms Response time ကို ပိုင်ဆိုင်ထားခြင်းကြောင့် လျင်မြန်သော ဂိမ်းကစားမှုများကို လိုအပ်သည့် Triple-digit FPS ကို ကစားချင်သူများအတွက် လွန်စွာသင့်လျော်သည်။

ကမ္ဘာပေါ်တွင် အသေးသွယ် အပေါ့ပါးဆုံး Gaming Laptop သို့မဟုတ် ROG Zephyrus

ROG Zephyrus Lineup အသစ်သည် သေးသွယ်ပြီး စွမ်းအားကောင်းမွန်သည့် Laptop ကို လိုအပ်သော Professionals များနှင့် Hardcore Gamers အတွက် ဖြစ်ပါတယ်။ နောက်ဆုံးပေါ် Intel Core i7 9th Gen Processor နှင့် Up to NVIDIA GeForce RTX GPU တို့ကို တပ်ဆင်ထားသည့် ROG Zephyrus အသစ်သည် Game ကစားရုံသာမက သင်၏ လုပ်ငန်းခွင် လုပ်ငန်းဆောင်တာများအတွက်ပါ အဆင်ပြေစေမည်။

Gamer များသည် စွမ်းဆောင်ရည်သီးသန့်ကိုသာ လိုအပ်သည်မှာ မဟုတ်ပေ။ အခြားအရာများကိုပါ လိုအပ်ကြသည်။ ROG Zephyrus ကို ချောမွေ့၍ အကောင်းမွန်ဆုံးသော ဂိမ်းကစားမှု အတွေ့အကြုံအတွက် လိုအပ်သော 3ms Response time နှင့် Up to 240Hz Panel အထိ တပ်ဆင်ထားသည်။ Gamer တို့သည် မိမိတို့၏ တုံ့ပြန်မှုများကို ထိန်းသိမ်းထားနိုင်ရန်အတွက် မြင့်မားသော Refresh Rate နှင့် နည်းပါးသော Response time တို့ကို လိုအပ်သည်။

ROG Zephyrus သည် Gamer များအတွက်သာမက အခြားသော Professional များအတွက်ပါ ရည်ရွယ်ပါသည်။ ဤစွမ်းအားမြင့် Laptop ကို Pantone Validated Display တပ်ဆင်ပေးထားခြင်းကြောင့် အရောင်အသွေးများ တိကျမည်ဖြစ်ပြီး အံ့မခန်းရုပ်ထွက်ကို ရရှိမည်။ ထို့အပြင် Factory-calibrated Panel လည်း ပါဝင်လာခြင်းကြောင့် ROG Zephyrus သည် Creative Professional များနှင့် Content Creator များအတွက် ပြီးပြည့်စုံသော ရွေးချယ်မှုတစ်ခု ဖြစ်လာမည်မှာ မလွဲဧကန်ပေ။

eSport Gamer များအတွက် အကောင်းမွန်ဆုံး Laptop သို့မဟုတ် ROG Strix

eSport Gamer များသည် အခြားသော Gamer များကဲ့သို့ မဟုတ်ပေ။ လျင်မြန်သော တုံ့ပြန်မှုများကို ထိန်းသိမ်းထားနိုင်ရန် လျင်မြန်သော Laptop တစ်လုံးကို လိုအပ်သည်။ ROG Strix Lineup အသစ်ကို eSport Gamer များကဲ့သို့ စိတ်သွင်းပြီး အသေအချာ ထုတ်လုပ်ခဲ့သည်။ ဤကဲ့သို့ လျင်မြန်လှသော Laptop များတွင် Refresh rate 144Hz နှင့် 3ms Time panel ပါဝင်ပြီး ပရို eSport ကစားသမားတစ်ယောက်၏ တုံ့ပြန်မှုကို ထိန်းသိမ်းထားနိုင်ရန် ဖြစ်သည်။

ROG Strix Lineup အသစ်သည် ကောင်းမွန်သော စွမ်းဆောင်ရည်ကို ရရှိနိုင်ရန် ရည်ရွယ်ထားသည့် ဒီဇိုင်းအသစ်ဖြင့် ထွက်ပေါ်လာသည်။ ဤဒီဇိုင်းအသစ်ကို ASUS ROG အဖွဲ့နှင့် BMW Designworks အဖွဲ့တို့ ပူးပေါင်း ဖန်တီးထားသည့် ROG Face Off concept ကို အခြေခံကာ ဖန်တီးထားသည်။

ROG Strix Lineup အသစ်တွင် Keystone ဟု ခေါ်တွင်သည့် သီးသန့် Feature တစ်ခုပါဝင်သည်။ ဤ Keystone သည် ပြိုင်ကားတစ်စင်း၏ သော့တံတစ်ခုကဲ့သို့ ဖြစ်သည်။ ဤအရာသည် ‘Shadow Drive’ ကဲ့သို့သော အရာအပါအဝင် အခြားသော Feature များကို ဖွင့်လှစ်နိုင်သည်။ ထို့အပြင် အခြားသော သင်၏ Game Profile များနှင့် AURA Settings များကို ထိန်းသိမ်းထားရန်အတွက်လည်း အသုံးပြုနိုင်သည်။

Intel Core i9 9th Gen နှင့် NVIDIA GeForce RTX 2070 ကို တပ်ဆင်ထားသော နောက်ဆုံးပေါ် ROG Strix သည် eSport Gamer များအတွက် တည်ငြိမ်ပြီး မြင့်မားသော Framerate ကို ပေးစွမ်းနိုင်သဖြင့် လွန်စွာသင့်တော်သည်။ Intel Core i9 9th Gen နှင့် NVIDIA GeForce RTX 2070 ကို တပ်ဆင်ထားခြင်းကြောင့်လည်း ဤစက်ဖြင့် မကစားနိုင်သော eSport Game ဟူသည် မရှိပေ။

နောက်ဆုံးပေါ် AMD Processor နှင့် NVIDIA GeForce GPU များကို အသုံးပြုထားသော TUF Gaming

TUF Gaming တွင် စိတ်လှုပ်ရှားဖွယ် ထုတ်ကုန်များ ပါဝင်လာသည်သာမက ပရိတ်သတ်များ မျှော်လင့်စောင့်စားနေသာ Feature များလည်း ပါဝင်လာသည်။

TUG Gaming FX505 Laptop များကို နောက်ဆုံးပေါ် AMD Ryzen Processor နှင့် NVIDIA GeForce GTX GPU များကို တပ်ဆင်ပေးထားပြီး Up to 120Hz IPS-level NanoEdge Display လည်း ပါဝင်သည်။ ထို့ကြောင့် စွမ်းဆောင်ရည်မြင့်မားသော Gaming Laptop ကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်မည်။ ထို့အပြင် Laptop များကို Military-grade MIL-STD-810G Standards အဆင့်မီရန် စစ်ဆေးမှုပေါင်းများစွာကို ပြုလုပ်ထားပြီး နေ့စဥ်အသုံးပြုရာတွင် သာမန်ထိခိုက်မှုများကို ခံနိုင်ရည်ရှိစေရန် ပြုလုပ်ထားသည်။

ငွေကြေးချွေတာရသော Gamer များနှင့် အပျော်တမ်းကစားသူများက AMD Processor များနှင့် GeForce GPU များကို ပေါင်းစပ်ထားသော PC များကို နှစ်ပေါင်းများစွာကြာ အသုံးပြုခဲ့ကြသည်။ ယခုမူ TUF Gaming Laptop များက အဆိုပါပေါင်းစပ်ထားမှုကို Laptop များတွင် ခံစားစေခဲ့သည်။ နောက်ဆုံးပေါ် Ryzen Mobile APU များနှင့် GeForce GTX 1660Ti GPU တို့ကို ပေါင်းစပ်ထားသောကြောင့် စျေးနှုန်းသက်သာသော Gaming Laptop များအတွက် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ကို ရရှိခဲ့သည်။

ရရှိနိုင်မည့်အချိန်
ASUS ၏ 2019 Collection နှင့် ROG Gaming Laptop များက Gamer ပုံစံမျိူးစုံ၊ Creator များနှင့် Power Users ၏ လိုအပ်ချက်ပေါင်းစုံနှင့် ဘက်ဂျက်ပုံစံမျိူးစုံတို့ပေါ် မူတည်၍ ထွက်ပေါ်လာခဲ့သည်။ မော်ဒယ်အများစုကို မှာယူနိုင်ခြင်း သို့မဟုတ် Pre-order ပြုလုပ်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ကျန်ရှိသောမော်ဒယ်များကို မကြာခင် ရောက်ရှိလာတော့မည့် ရက်သတ္တပတ်များတွင် မှာယူနိုင်ပေမည်။