ဂိမ္းနဲ႔ဆက္စပ္ပစၥည္းေတြ ထုတ္လုပ္တဲ့ နာမည္ေက်ာ္ Razer ကုမၸဏီက Gaming စမတ္ဖုန္းနဲ႔ စမတ္ဖုန္း ေစ်းကြက္ထဲ ဝင္လာခဲ့သလိုပဲ ကြန္ျပဴတာနဲ႔ ဆက္စပ္ပစၥည္းေတြမွာ နာမည္ၾကီး Asus ကုမၸဏီကလည္း Asus ROG အမည္ရ အျမင့္စား Gaming ဖုန္းကို အခုႏွစ္ ဇြန္လမွာ မိတ္ဆက္ခဲ့တာပါ။

ဒါေပမယ့္ မိတ္ဆက္ျပီး ေလးလခန္႔ၾကာတဲ့အထိ မဝယ္ယူႏုိင္ေသးတဲ့ Asus ROG ဖုန္းအတြက္ အမွန္တကယ္ ထြက္ရွိမယ့္ရက္ကို GearBest ဆုိက္မွာ တင္လာခဲ့တာကို ေတြ႕ရပါတယ္။

အဆုိပါဆုိက္မွာေတာ့ Asus ROG ဖုန္းအသစ္ကို အေမရိကန္ေဒၚလာ ၁၃၂၀(ယူရုိ ၁၁၄၀) လို႔တင္ထားျပီး တင္ပို႔ေရာင္းခ်မယ့္ ရက္စြဲက ေအာက္တုိဘာလ ၂၂ ရက္ေန႔မွာ စတင္မွာ ျဖစ္ပါတယ္။ ဒီေစ်းႏႈန္းက အေျခခံ 8GB RAM နဲ႔ 128GB Storage ဗားရွင္းအတြက္ျဖစ္ျပီး 8GB RAM မန္မုိရီနဲ႔ 512GB Storage ေမာ္ဒယ္ဟန္းဆက္က ေဒၚလာ ၁၆၂၀ ေလာက္က်မွာ ျဖစ္ပါတယ္။

ေစ်းႏႈန္းေတြကေတာ့ ယူရုိတစ္ေထာင္အထက္မွာ ရွိေနေပမယ့္ Asus ROG ဖုန္းက 90Hz AMOLED Screen အသုံးျပဳထားျပီး Snapdragon 845 Chipset အျပင္ ဂိမ္းေဆာ့ဖို႔ သင့္ေတာ္တဲ့ ဒီဇုိင္း၊ အလွအပနဲ႔ ဂိမ္း Accessories အျဖစ္ပါ အသုံးျပဳႏုိင္မယ့္ Feature ေတြ အပါအဝင္ အလန္းစားၾကီး ထြက္လာမွာပါ။

Android 8.1 Oreo ေပၚမွာ ROG Gaming UI ထပ္ဆင့္ထားျပီး ဘကၳရီအားက 4000 mAh ျဖစ္ပါတယ္။ အေရာင္ကေတာ့ အနက္ေရာင္တစ္ခုပဲ ေတြ႕ရေသးတာပါ။ မိတ္ဆက္ျပီးတဲ့ေနာက္ ေတာ္ေတာ္နဲ႔ ထြက္မလာခဲ့တဲ့ Asus ROG ဟာ မုိဘုိင္းဂိမ္းကစားသူေတြအတြက္ ဆြဲေဆာင္မႈ ျပင္းထန္ေနဦးမလား ဆုိတာ မၾကာခင္ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

Ref – https://www.gsmarena.com/asus_rog_phone_pops_up_on_gearbest_with_a_lateoctober_shipping_date-news-33368.php

Unicode

ဂိမ်းနဲ့ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ နာမည်ကျော် Razer ကုမ္ပဏီက Gaming စမတ်ဖုန်းနဲ့ စမတ်ဖုန်း ဈေးကွက်ထဲ ဝင်လာခဲ့သလိုပဲ ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်းတွေမှာ နာမည်ကြီး Asus ကုမ္ပဏီကလည်း Asus ROG အမည်ရ အမြင့်စား Gaming ဖုန်းကို အခုနှစ် ဇွန်လမှာ မိတ်ဆက်ခဲ့တာပါ။

ဒါပေမယ့် မိတ်ဆက်ပြီး လေးလခန့်ကြာတဲ့အထိ မဝယ်ယူနိုင်သေးတဲ့ Asus ROG ဖုန်းအတွက် အမှန်တကယ် ထွက်ရှိမယ့်ရက်ကို GearBest ဆိုက်မှာ တင်လာခဲ့တာကို တွေ့ရပါတယ်။

အဆိုပါဆိုက်မှာတော့ Asus ROG ဖုန်းအသစ်ကို အမေရိကန်ဒေါ်လာ ၁၃၂၀(ယူရို ၁၁၄၀) လို့တင်ထားပြီး တင်ပို့ရောင်းချမယ့် ရက်စွဲက အောက်တိုဘာလ ၂၂ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ ဒီဈေးနှုန်းက အခြေခံ 8GB RAM နဲ့ 128GB Storage ဗားရှင်းအတွက်ဖြစ်ပြီး 8GB RAM မန်မိုရီနဲ့ 512GB Storage မော်ဒယ်ဟန်းဆက်က ဒေါ်လာ ၁၆၂၀ လောက်ကျမှာ ဖြစ်ပါတယ်။

ဈေးနှုန်းတွေကတော့ ယူရိုတစ်ထောင်အထက်မှာ ရှိနေပေမယ့် Asus ROG ဖုန်းက 90Hz AMOLED Screen အသုံးပြုထားပြီး Snapdragon 845 Chipset အပြင် ဂိမ်းဆော့ဖို့ သင့်တော်တဲ့ ဒီဇိုင်း၊ အလှအပနဲ့ ဂိမ်း Accessories အဖြစ်ပါ အသုံးပြုနိုင်မယ့် Feature တွေ အပါအဝင် အလန်းစားကြီး ထွက်လာမှာပါ။

Android 8.1 Oreo ပေါ်မှာ ROG Gaming UI ထပ်ဆင့်ထားပြီး ဘက္ထရီအားက 4000 mAh ဖြစ်ပါတယ်။ အရောင်ကတော့ အနက်ရောင်တစ်ခုပဲ တွေ့ရသေးတာပါ။ မိတ်ဆက်ပြီးတဲ့နောက် တော်တော်နဲ့ ထွက်မလာခဲ့တဲ့ Asus ROG ဟာ မိုဘိုင်းဂိမ်းကစားသူတွေအတွက် ဆွဲဆောင်မှု ပြင်းထန်နေဦးမလား ဆိုတာ မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Ref – https://www.gsmarena.com/asus_rog_phone_pops_up_on_gearbest_with_a_lateoctober_shipping_date-news-33368.php